-->
×

Warning

JUser: :_load: Unable to load user with ID: 29


၂၀၂၅ ခုနှစ်မှာ ပျောက်ကွယ်သွားနိုင်တဲ့ နည်းပညာထုတ်ကုန် (၁၁) ခု

၂၀၂၅ ခုနှစ်မှာ ပျောက်ကွယ်သွားနိုင်တဲ့ နည်းပညာထုတ်ကုန် (၁၁) ခု Google

နည်းပညာကမ္ဘာမှာ အတည်မြဲဆုံးအရာကတော့ ပြောင်းလဲမှုပါ။

လူသားတွေရဲ့ လက်ရှိနေထိုင်မှုစံနှုန်းကို ထိန်းသိမ်းဖို့အရေးပါတဲ့ နည်းပညာထုတ်ကုန်တွေလည်း အပြောင်းအလဲဒဏ်ကို ခံစားရပါတယ်။ ၂၀၂၅ ခုနှစ် အရောက်မှာတော့ အရေးပါတဲ့အခန်းကဏ္ဍကနေ ပျောက်ကွယ်သွားနိုင်ဖွယ်ရှိတဲ့ နည်းပညာထုတ်ကုန်တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁) LCD တီဗီများ

လွန်ခဲ့တဲ့ဆယ်နှစ်ခန့်က liquid crystal display (LCD) ဟာ ပါးလွှာပြီး စွမ်းအင်သက်သာတာကြောင့် ကမ္ဘာတစ်ဝန်းတွင် ရေပန်းစားလာပြီးအသုံးများလာခဲ့သည်။ ဈေးလည်း သက်သာတယ်။ ယခုတွင် LG လိုမျိုး ကုမ္ပဏီက Organic light emitting diode (OLED) တီဗီတွေ အရှိန်မြှင့်ထုတ်လုပ်လာပါတယ်။ OLED တီဗီတွေက ကိုယ်ပိုင်အလင်းထုတ်လွှင့်ပြီး နောက်ခံအလင်း မလိုအပ်ပါဘူး။ စွမ်းအင်အလွန်အမင်းသက်သာပြီး LCD တီဗီထက် ရုပ်ထွက်အရည်အသွေး ကောင်းမွန်ပါတယ်။ စက္ကူလိုမျိုး ပျော့ပြောင်းပါးလွှာပြီး တစ်ဖက်နဲ့ တစ်ဖက်ကို ဖောက်ထွင်းမြင်နိုင်ပါတယ်။ W-series တီဗီများမှာ တစ်လက်မရဲ့ ဆယ်ပုံတစ်ပုံသာထူတယ်လို့ LG အတည်ပြုခဲ့ပါတယ်။
အဲဒီတီဗီတွေကို နံရံမှာ သံလိုက် bracket တွေနဲ့ ချိတ်ထားနိုင်ပါတယ်။ ယခုနှစ်နှောင်းပိုင်းမှာ ရောင်းချမယ်လို့သိရပါတယ်။

(၂) LED မီးသီးများ

OLED ဟာ အလင်းကို လှပစွာထုတ်လွှတ်ပေးသလို စွမ်းအင်လည်းသက်သာစေပါတယ်။ Philips နဲ့ ဂျာမနီကုမ္ပဏီ OSRAM တို့ဟာ ယနေ့ခေတ် LED မီးသီးတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ OLED မီးသီးရဲ့ ဈေးနှုန်းနဲ့စွမ်းအင် အသုံးပြုမှုတို့ကို တိုးတက်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ OLED မီးတွေဟာ အစောပိုင်းအဆင့်မှာပဲရှိပါသေးတယ်။ အခုအရှိန်အတိုင်း ဆက်လက်တိုးတက်လုပ်ကိုင်သွားရင် လာမယ့်နှစ်တွေမှာ ဈေးကွက်ပေါ်ရောက်နိုင်ပါတယ်။

(၃) အချက်အလက်များ သိမ်းဆည်းပေးနိုင်တဲ့ ထုတ်ကုန်များ

စီဒီနဲ့ ဒီဗီဒီလိုမျိုး optical storage media တွေဟာ အလျင်အမြန်ပဲ ပျောက်ကွယ်နေပါပြီ။ ဒီနေ့ခေတ်မှာ လူအများက USB flash drive နဲ့ external hard drive တွေလို အရာတွေနဲ့ ဖိုင်အကြီးစားတွေ လွှဲပြောင်းရတာကို ပြိုကိုက်ကြပါတယ်။ သို့သော်၎င်းထုတ်ကုန်တွေဟာ တစ်ချိန်ချိန်မှာ ပျောက်ကွယ်နိုင်ပြီး cloud storage ဝန်ဆောင်မှုတွေကို ပိုမိုသုံးစွဲလာနိုင်ပါတယ်။ Box,Amazon နဲ့ Google တို့လို ကုမ္ပဏီတွေက ဈေးသက်သာတဲ့ cloud အခြေခံဝန်ဆောင်မှုတွေ ရောင်းချပေးနေပါတယ်။

(၄) ဂိမ်းစက်များ

Xbox One ဒါမှမဟုတ် PlayStation 4 ဂိမ်းစက်တွေ ပျောက်ကွယ်သွားနိုင်ပါတယ်။ NVIDIA က လာမယ့်နှစ်အနည်းငယ်အတွင်း ဂိမ်းစက်မလိုတဲ့ cloud အခြေခံဂိမ်းတွေကို ဖန်တီးနေပါတယ်။

(၅) ကားတွင်အသုံးပြုသော မှန်အမျိုးမျိုး

ကားမှာအသုံးပြုတဲ့ မှန်တွေကို နည်းပညာထုတ်ကုန်အဖြစ် လူတွေမသတ်မှတ်ကြပါဘူး။ ဒါပေမဲ့ Gentex လို ကုမ္ပဏီမျိုးက ထုတ်တဲ့နောက်ကြည့်မှန်ဟာ တခြားကားက ထိုးလာတဲ့မီးရောင်ကို တစ်ဖက်ကားမောင်းသူ မျက်စိမစူးစေအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Gentex ဟာ full-display အပြည့်ပါတဲ့ ကားနောက်ကြည့်မှန် ထုတ်ကုန်ကိုထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။

Read More>>>TV မှာ ကြော်ငြာခြင်းရဲ့ အားသာချက်၊ အားနည်းချက်များ

(၆) ဖုန်းအားသွင်း charger များ

Samsung ကုမ္ပဏီထုတ် နောက်ဆုံးပေါ်စမတ်ဖုန်းတွေမှာ ကြိုးမဲ့အားသွင်းစနစ် ထည့်သွင်းထားပါတယ်။ ဖုန်းတွေကို pad ပေါ်တင်ပြီး အားသွင်းနိုင်တဲ့ နည်းပညာတစ်မျိုးပါ။ ပလပ်တွေ ဒါမှမဟုတ် adapter တွေမလိုပါဘူး။ ယခုနှစ်နှောင်းပိုင်းမှာ ထွက်ရှိမယ့် Apple ရဲ့အထင်ကရဖုန်းမှာလည်း ကြိုးမဲ့အားသွင်းစနစ် ပါဝင်ဖွယ်ရှိပါတယ်။ လာမယ့်နှစ် အနည်းငယ်အတွင်း ထိုစနစ်ကိုအခြားစမတ်ဖုန်း ထုတ်လုပ်သူတွေလည်း ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာဖို့ ရှိပါတယ်။

(၇) အဝေးထိန်းခလုတ်များ

ယနေ့ခေတ်မှာ အဝေးထိန်းခလုတ်တွေနေရာမှာ အသံနဲ့စေခိုင်းနိုင်တဲ့ထုတ်ကုန်တွေ အစားထိုးဝင်ရောက်လာပါပြီ။ ဥပမာအနေနဲ့ Xbox One မှာ Kinect sensor နဲ့ချိတ်ဆက်ပြီး တီဗီ အသံအတိုးအကျယ်၊ လိုင်းအပြောင်းအလဲ၊ ဂိမ်းဖွင့်ခြင်း ဒါမှမဟုတ် ပါဝါအဖွင့်အပိတ်လုပ်ဖို့ စေခိုင်းနိုင်ပါတယ။် ကိုင်တွယ်ထိန်းချုပ် စရာမလိုဘဲ အသံနဲ့စေခိုင်းနိုင်တဲ့ ထုတ်ကုန်တွေကို အသုံးပြုပြီး ပီဇာမှာတာက အစ Amazon က ပစ္စည်းဝယ်တာအထိ အသုံးပြုနိုင်ပါတယ်။

(၈) အကြွေးဝယ်ကတ်များ

အမေရိကန်က စားသုံးသူ ၈၀ ရာခိုင်နှုန်းကျော်က ငွေကြေးကို ကိုင်တွယ်မသုံးစွဲတော့ဘူးလို့ Bloomberg က ဖော်ပြခဲ့ဖူးပါတယ်။ PayPal နဲ့ Apple Pay တို့လိုဝန်ဆောင်မှုတွေကြောင့် ငွေကြေးကိုင်တွယ်သုံးစရာမလိုဘဲ ငွေပေးချေမှုတွေ လုပ်နိုင်တာပါ။ စမတ်ဖုန်းထုတ်လုပ်မှု မြင့်မားလာတာနဲ့ ဒီဂျစ်တယ်ငွေပေးချေမှုဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မြင့်တက်လာနေပါတယ်။

(၉) Password မျာ

ယနေ့ခေတ်စမတ်ဖုန်းနဲ့ laptop တွေမှာ ဂဏန်းအက္ခရာရိုက်ထည့်ရတဲ့ password တွေမှာ biometric sensor တွေနဲ့ အစားထိုးလာပါတယ်။ iPhone မှာ လက်ဗွေစနစ်ကိုအသုံးပြုပြီး အကြွေးဝယ်ကတ် ကုမ္ပဏီရဲ့ app မှာ sign in ပြုလုပ်တာကနေ ဖုန်းဖွင့်ပြီး app store ကနေငွေကြေးထိန်းချုပ်ပြီး ဝယ်ယူမှုတွေ ပြုလုပ်နိုင်ပါတယ်။ အနာဂတ်မှာ facial recognition နည်းပညာကို ပိုအသုံးပြုဖို့ ရှိလာပါတယ်။

(၁၀) Media streaming ထုတ်ကုန်များ

Chromecast, Roku, Fire TV နဲ့ Apple TV လိုမျိုး media streaming ထုတ်ကုန်တွေဟာ ရေပန်းစားလာတာနဲ့အမျှ အသုံးတည့်မှုဟာ တဖြည်းဖြည်းပျောက်ကွယ်လာပါတယ်။ အဲဒီထုတ်ကုန်တွေရဲ့ အလားတူလုပ်ဆောင်ချက်တွေဟာ တီဗီ set သစ်တွေမှာ ပါဝင်မှုမြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့နှစ်က တစ်ကမ္ဘာလုံးမှာ တင်ပို့ရောင်းချခဲ့တဲ့ တီဗီထက်ဝက်ကျော်က စမတ်တီဗီတွေ ဖြစ်တယ်လို့ IHS မှဖော်ပြထားပါတယ်။

(၁၁) လက်ကိုင်ဖုန်စုပ်စက်များ

သမားရိုးကျ ဖုန်စုပ်စက်တွေဟာ အရွယ်သေးငယ်တဲ့ စက်ရုပ်တွေကြောင့် အနာဂတ်မှာပျောက်ကွယ်နိုင်ပါတယ်။ ကမ္ဘာတစ်ဝန်း ဖုန်စုပ်စက်ရောင်းချမှုရဲ့ ၁၅ ရာခိုင်နှုန်းခန့်က စက်ရုပ်ဖုန်စုပ်စက်တွေ ရောင်းချထားရတယ်လို့ ၂၀၁၄ ခုနှစ်မှာ iRobot အမှုဆောင်အရာရှိ ကောလင်းအန်ဂယ်က အသိပေးခဲ့ပါတယ်။ စက်ရုပ်ဖုန်စုပ်စက်တွေဟာ လက်ကိုင်ဖုန်စုပ်စက်တွေနေရာ အစားထိုးဖို့ အကောင်းဆုံးထုတ်ကုန်လို့ လူတွေက ပိုမိုသိမြင်လာနေကြပါပြီ။

Credit Soe Htet
Source; Internet Journal

 

Read times
Rate this item
(1 Vote)