-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင်မသိသေးတဲ့ တစ်ဒေါ်လာတန်ငွေစက္ကူပေါ်က ထူးခြားတဲ့သင်္ကေတများ

သင်မသိသေးတဲ့ တစ်ဒေါ်လာတန်ငွေစက္ကူပေါ်က ထူးခြားတဲ့သင်္ကေတများ Google

ပိုက်ဆံတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီဘဲအရွက်ပေါ်က သင်္ကေတတွေ၊ ရုပ်ပုံနဲ့အရောင်စတာတွေ မတူညီဘဲပြောင်းလဲလေ့ရှိတတ်ပါတယ်။

ဒီလိုပဲ ကမ္ဘာကတွင်တွင်ကျယ်ကျယ်အသုံးပြုနေတဲ့ အမေရိကန်ဒေါ်လာတွေမှာဆိုရင်လည်း နက်နဲတဲ့အဓိပ္ပါယ်တွေနဲ့ သမိုင်းကြောင်းတွေကို ပိုက်ဆံစက္ကူတစ်ရွက်ပေါ်မှာ ပုံနှိပ်ထိန်းသိမ်းထားပါတယ်။ ငွေကြေးတန်ဖိုးအသစ်တွေနဲ့ ပိုက်ဆံတွေဘယ်လောက်ထွက်ထွက် ငွေတန်ဖိုးဘယ်လောက်ပဲ ပြောင်းသွားပြောင်းသွား၊ အမေရိကန်တွေအတွက်ကတော့ ဒေါ်လာ ၁၀၀ တန်ထက် ၁ ဒေါ်လာတန်က အဓိပ္ပယ်ပိုရှိပြီး အမြတ်တနိုးထားလေ့ရှိတဲ့ ဓလေ့တစ်ခုရှိနေပါတယ်။ ဒီလိုအမြတ်တနိုးထားထားတဲ့ (၁) ဒေါ်လာတန်ငွေစက္ကူပေါ်က သတိမထားမိတဲ့ သင်္ကေတလေးတွေနဲ့ ဖြစ်တည်လာပုံသမိုင်းကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ၂၀၁၂ ခုနှစ်တုန်းက ရီပတ်ပလစ်ကန် အထက်လွှတ်တော်အမတ် John McCain နဲ့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်ဟောင်း Tm Harkin တို့က (၁) ဒေါ်လာတန်ပိုက်ဆံစက္ကူကို အကြွေစေ့တွေအဖြစ်ပြောင်းပစ်ဖို့ အဆိုတင်သွင်းခဲ့ပါသေးတယ်။ ဒီလိုသာ အစားထိုးလိုက်မယ်ဆိုရင် အစိုးရအနေနဲ့ ဒေါ်လာ (၁၃.၈) သန်းလောက်လာမယ့်နှစ်(၃၀)အတွင်း သက်သာလာမယ်လို့ တွက်ချက်ထားခဲ့ပေမယ့် လူတော်တော်များများကတော့ တစ်ဒေါ်လာတန်ပိုက်ဆံစက္ကူလေးကိုသာ အားသာခဲ့ကြပါတယ်။

shutterstock 1350557303 e1559216279651

(၂) ဒေါ်လာတန်တွေထဲ သက်တမ်းအကြာဆုံးဖြစ်တာကြောင့် ခဏခဏအတုအပလုပ်ခြင်းခံခဲ့ရပြီး လဲလှယ်ဖို့အတွက်ကိုတော့ ၁၉၆၃ ခုနှစ်ကတည်းက ပြုလုပ်ခဲ့ရမှာပါ။

(၃) တစ်ဒေါ်လာတန်ငွေစက္ကူပေါ်မှာ ဖော်ပြခြင်းခံရတာဟာ George Washington မျိုးရိုးမှာဆိုရင် သူတစ်ယာက်တည်းမဟုတ်ပါဘူး။ သူ့ရဲ့အမျိုးသမီးဖြစ်တဲ့ Martha ဟာဆိုရင်လည်း ၁၈၈၆ ခုနှစ်ထုတ် ငွေစက္ကူမှာ ဖော်ပြခြင်းခံခဲ့ရပါသေးတယ်။ ဒီအချက်ကိုတော့ တော်တော်များများမသိကြတော့ပါဘူး။

Screenshot 2 412

(၄) ၁ ဒေါ်လာတန် ငွေစက္ကူပေါ်မှာ ပထမဆုံးဖော်ပြခြင်းခံရသူကတော့ Salmon P. Chase ဖြစ်ပြီး ၁၈၆၃ ခုနှစ်တုန်းကပါ။ အဲဒီအချိန်တုန်းက Salmon P. Chase ဟာ သက်ရှိထင်ရှားရှိနေတုန်းဖြစ်ပြီး ဘဏ္ဍာရေးအတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူထားတာကြောင့် သူ့ပုံသူထည့်ခဲ့တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ၁၈၆၉ ခုနှစ်မှာတော့ George Washington အဖြစ် ပြောင်းလဲခဲ့ပါတယ်။

1012px US 1 LT 1862 Fr 16c e1559216273868

(၅) ဒီမှာတွေ့ရတဲ့ Annuit Coeptis နဲ့ Novus ordo seclorum တို့ဟာ လတ္တင်ဘာသာစကားဖြစ်ပြီး “He favors our undertaking” နဲ့ “New order of the ages” လို့ အသီးသီးအဓိပ္ပာယ်ရကြပါတယ်။

(၆) ၁ ဒေါ်လာတန်ထဲမှာ ပါဝင်နေတဲ့ ပရမစ်ဟာ အထစ်ပေါင်း (၁၃)ထစ်တိတိရှိပြီး ထိပ်ပိုင်းမှာတည်ဆောာက်ဆဲအနေအထားနဲ့ ထည့်သွင်းထားပါတယ်။ ဒါဟာ အမေရိန်နိုင်ငံကြီးက အမြဲတစေတိုးတက်နေဦးမယ်ဆိုတာကို ဖော်ပြနေတာဖြစ်တဲ့အပြင် ပရမစ်အပေါ်မှာ ထည့်ထားတဲ့ “Eye of Providence” သင်္ကေတအတွက် နေရာမလုံလောက်လို့လည်း ဖြစ်ခဲ့ပါတယ်။

shutterstock 33223528 e1559216344625

Credit; ShweMon
Myanmar Advertising Directroy

Read More>>> လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး စတိဂျော့အကြံပြုထားတဲ့ အချက်(၉)ချက်

Read times
Rate this item
(1 Vote)