-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ဖုန်းထဲမှာဒီအပ်ပလီကေးရှင်းတွေရှိနေပြီလား ဒါဆိုရင်တော့သင်အောင်မြင်ဖို့နီးစပ်နေပါပြီ

သင့်ဖုန်းထဲမှာဒီအပ်ပလီကေးရှင်းတွေရှိနေပြီလား ဒါဆိုရင်တော့သင်အောင်မြင်ဖို့နီးစပ်နေပါပြီ Google

မြန်မာနိုင်ငံမှာ (၅၆)မီလီယံလောက်ဟာ မိုဘိုင်းဖုန်းကိုအသုံးပြုနေကြတာဖြစ်ပါတယ်။

နောက်ဆုံးပေါ်ဖုန်းတွေကို အလွယ်တကူဝယ်ယူရရှိနေပါပြီ။ ဒါပေမယ့် လူတော်တော်များများကတော့ မိုဘိုင်းဖုန်းကိုဖုန်းပြောတာအပြင် ဖေ့ဘွတ်သုံးခြင်း၊ ဂိမ်းကစားခြင်း၊ ဓါတ်ပုံရိုက်ခြင်း တွေမှာသာ အဓိကအသုံးပြုကြတာများပါတယ်။ ဒါပေမယ့် အောင်မြင်သူအများစုကတော့ သူတို့ရဲ့မိုဘိုင်းဖုန်းတွေကို အကျိုးရှိရှိအသုံးပြုတက်ကြပါတယ်။ အောင်မြင်သူတွေရဲ့ မိုဘိုင်းဖုန်းတွေထဲမှာ တွေ့ရတက်တဲ့အပ်ပလီကေးရှင်း (၁၀)ခုကိုဖော်ပြပေးလိုက်ပါတယ်။

(၁) Flipboard

ဒီအပ်ပလီကေးရှင်းကတော့ သတင်းတွေတော်တော်များများကို တစ်ပေါင်းတစ်စည်းတည်းစုစည်းထားတဲ့ အပ်ပလီကေးရှင်းပါ။ ကိုယ်စိတ်ဝင်စားတဲ့ News Categories တွေကိုလည်းရွေးပြီး ဖော်ပြခိုင်းလို့ရပါတယ်။ ဥပမာ အိုင်တီနဲ့ ပက်သက်တဲ့သတင်းတွေသိချင်တယ်ဆိုရင် ရွေးပြီးဖော်ပြခိုင်းလို့ရတဲ့ အပ်ပလီကေးရှင်းဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း ဥုံဆိုတဲ့အပ်ပလီကေးရှင်းတစ်ခု ပေါ်နေတာတွေ့ပါတယ်။ သတင်းတော်တော်များများကို တစ်နေရာတည်းက ဖတ်ရူနိုင်တာ တွေ့ရပါတယ်။

(၂) DropBox

ဒါကိုတော့ တော်တော်များများ သိကြမှာပါ။ Google Drive လိုပါပဲ File Sharing လုပ်တဲ့ အပ်ပလီကေးရှင်းတစ်ခုလို့ပြောလို့ရပါတယ်။ Email နဲ့ပို့ရခက်တဲ့ဖိုင်တွေကို DropBox ကနေတဆင့် ပို့လို့ရပါတယ်။ မြန်မာပြည်မှာလည်း ခေတ်စားနေပါပြီ။

(၃) Dragon Dictation

Speak to text အပ်ပလီကေးရှင်းလေးပါ။ IOS မှာတော့ Siri က အစားထိုးဝင်ရောက်လာပါလိမ့်မယ်။ ဒါပေမယ့် တော်တော်များများကတော့ Dragon Dictation ကို ဆက်ပြီးသုံးစွဲနေတုန်းပါပဲ။ သင်ပြောလိုက်တဲ့ စကားတွေကို စာသားအနေနဲ့ ပြောင်းပေးပါတယ်။ ဒီအပ်ပလီကေးရှင်းနဲ့ email တွေ၊ text message တွေ၊ ဖေ့ဘွတ်မှာ post လုပ်တာတွေ လုပ်လို့ရပါတယ်။ ဒါပေမယ့် အဲ့ဒီလိုလုပ်ဖို့ အင်တာနက်ကွန်နက်ရှင်တော့ လိုပါတယ်။ နောက်တစ်ခုကတော့ သင့်ရဲ့အသံနေအသံထားကို အပ်ပလီကေးရှင်းက နားလည်ဖို့လိုပါတယ်။

(၄) Mint

Mint ကတော့ သင့်ရဲ့ငွေရေးကြေးရေး အချက်အလက်တွေ၊ လုပ်ဆောင်မှုတွေကို ကူညီပေးပါလိမ့်မယ်။ Mint က သင့်ရဲ့ငွေကြေးဆိုင်ရာ အချက်အလက်တွေအားလုံးကို မျက်ခြေမပျက်စောင့်ကြည့်နေပါလိမ့်မယ်။ သင့်ဘဏ်မှာ ရရှိနေတဲ့ ဘဏ်တိုးတွေ၊ သင့်ရဲ့အသုံးစရိတ်တွေ၊ အကြွေးတွေကို အားလုံးစုဆောင်းနေပါလိမ့်မယ်။ သင့် Budget မှာ ငွေကြေးမလုံလောက်မှုရှိနေပြီဆိုရင် Mint က သင့်ကိုဘယ်လိုမျိုးစီမံခန့်ခွဲရမယ်ဆိုတာကို အကြံပေးပါလိမ့်မယ်။ (မှတ်ချက်-သင့်ရဲ့ငွေကြေးဆိုင်ရာ အချက်အလက်တွေကိုတွေ Mint ကို ပေးဖို့လိုပါလိမ့်မယ်။)

(၅) Evernote

ဒီအပ်ပလီကေးရှင်းကလည်း တကယ်ကိုအသုံးဝင်ပါတယ်။ Evernote က သင့်ရဲ့ notes တွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ဖိုင်တွေ၊ ဓါတ်ပုံတွေ၊ အသံသွင်းထားတာတွေ၊ web pages တွေ ကို သိမ်းစည်းနိုင်ဖို့ နေရာပေးပါလိမ့်မယ်။ ဒါ့အပြင် Evernote ရဲ့ powerful search features က လိုအပ်တဲ့အချက်အလက်တွေကို အလွယ်တကူရှာဖွေနိုင်အောင် အထောက်အကူပြုပါတယ်။ ဥပမာ သင့်အနေနဲ့  Myanmar ဆိုတာကို note မှာရေးလိုက်ရင် Myanmar အကြောင်းကို အလွယ်တကူရှာဖွေနိုင်အောင် ကူညီနိုင်ပါတယ်။

(၆) LinkedIn

မြန်မာနိုင်ငံမှာတော်တော်များများ LinkedIn ကို အသုံးပြုနေကြပါပြီ။ ဒါကတော့ မိုဘိုင်းအပ်ပလီကေးရှင်းဗားရှင်းပါ။ Update တွေ၊ အလုပ်ခေါ်စာတွေ၊ News တွေ၊ မိမိနဲ့ဆက်သွယ်ထားတဲ့သူတွေရဲ့ update တွေကို အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

(၇) Pocket

Flipboard လိုပါပဲ။ ဒါပေမယ့် Pocket ကတော့ စီးပွားရေးသတင်းတွေကို ဦးစားပေးတင်ပြပေးပါတယ်။ Bloomberg Business က articles တွေ ဖတ်ရှုနိုင်ပါတယ်။

(၈) Casual Project Management

Project တစ်ခုကို လွယ်လွယ်ကူကူနားလည်အောင် Visual Affect တွေနဲ့ပြသပြီး အခြား Project Team Members တွေနဲ့ အလွယ်တကူအဆက်အသွယ်ပြုနိုင်အောင် အထောက်အကူပြုပါတယ်။ ဒါပေမယ့် သင့်ဘက်ကတော့ အချက်အလက်ပြည့်ပြည့်စုံစုံကို ထည့်သွင်းပေးရပါမယ်။ (Project Management ကို သင်ပေးတဲ့အပ်ပလီကေးရှင်းမဟုတ်ပါဘူး။)

Read More>>> အောင်မြင်တဲ့အသေးစားလုပ်ငန်းတစ်ခုထူထောင်နိုင်ဖို့အတွက် အသုံးဝင်တဲ့အိုင်ဒီယာသစ်များ

(၉) Slack

အဖွဲ့အတွင်းမှာ လွယ်လွယ်ကူကူ အဆက်အသွယ်ပြု (chat)နိုင်အောင် ဖန်တီးထားတယ်လို့ဆိုပါတယ်။ Business Chat ကို ဦးစားပေးပြီး Chat ထားတာတွေ အလွယ်တကူပြန်ရှာနိုင်အောင် အဖွဲဝင်အားလုံးနဲ့ အလွယ်တကူ Group Chat လုပ်နိုင်အောင်လုပ်ထားတယ်လို့ဆိုပါတယ်။

(၁၀) The Swizzle

သင့်ရဲ့ Mail box မှာ Junk Mails (ကြေငြာ mail လိုမျိုး) တွေနဲ့ပြည့်နေပြီး အဲ့ဒီ page တွေကို ပြန်သွားပြီး ကြေငြာ Mail တွေမပို့အာင် Page တစ်ခုချင်းဆီကို Unsubscribe လုပ်ဖို့ အချိန်မရဘူးဆိုရင် The Siwzzle ကို သုံးနိုင်ပါတယ်။ The Swizzle က သင့်ဆီရောက်လာတဲ့ Junk Mails တွေ အားလုံးကို Message တစ်စောင်အနေနဲ့ စုစည်းပေးပြီး သိမ်းထားပေးပါလိမ့်မယ်။ သင့်အချိန်ရတဲ့အခါကျမှ အဲ့ဒီ Message ကို ပြန်သွားပြီး ဖတ်နိုင်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ မိုဘိုင်းအပ်ပလီကေးရှင်း(၁၀)ခုကတော့ အောင်မြင်သူတွေရဲ့ဖုန်းတွေတည်းမှာတွေ့ရတဲ့ မိုဘိုင်းဖုန်းအပ်ပလီကေးရှင်းတွေပဲဖြစ်ပါတယ်။

Source; လူငယ်မီဒီယာ

Read times
Rate this item
(1 Vote)