-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူသိနည်းသေးတဲ့ Emoji လေးတွေအကြောင်း

လူသိနည်းသေးတဲ့ Emoji လေးတွေအကြောင်း Google

Emoji လေးတွေဟာ ဆိုရှယ်မီဒီယာကိုနေ့စဉ်ထိတွေ့နေကြတဲ့ ကျွန်တော်တို့လူသားတွေရဲ့ဘဝမှာ မဖြစ်မနေအသုံးပြုလေ့ရှိတဲ့ အရာတွေပါ။

စာလုံးတွေအများကြီး ရိုက်ပြီးပြောနေမယ့်အစား တစ်ခါတစ်လေမှာ Emoji ပုံ လေးတစ်ပုံက ကိုယ်ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကိုအများကြီး ထိထိမိမိပိုပြီးဖော်ပြနိုင်ပါတယ်။ ဒါကြောင့် ဒီ Emoji လေးတွေနဲ့ ပတ်သတ်ပြီး လူသိနည်းသေးသလို စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) – Emoji ကို (၁၉၉၉)ခုနှစ်မှာ ဂျပန်လူမျိုး Shigetaka Kurita က တီထွင်ခဲ့ပါတယ်။ Kurita ဟာ မိုးလေဝသခန့်ကြေငြာတဲ့ အစီအစဉ်တွေ၊ တရုတ်စကားလုံးတွေ၊ လမ်းညွှန်ဆိုင်းဘုတ်တွေနဲ့ ဂျပန် Manga ကာ တွန်းစာအုပ်တွေမှာ စာလုံးတွေမသုံးပဲ ပုံလေးတွေနဲ့ ဖော်ပြတာကိုကြည့်ပြီး Emoji တွေကို တီထွင်ဖို့ စဉ်းစားမိခဲ့တာပါ။

(၂) – (၂၀၁၇)ခုနှစ်အတွင်းက ကောက်ခံခဲ့တဲ့ စစ်တမ်းတွေအရတော့ Facebook ပေါ်မှာ နေ့စဉ် Emoji ဘီလျံ(၆၀) လောက် အသုံးပြုနေတယ်လို့ သိရပါတယ်။ ဒါတောင် Twitter , Instagram စတဲ့ အခြားဆိုရှယ်မီဒီယာတွေ၊ မက်ဆေ့ခ်ျတွေမှာ အသုံးပြုတဲ့ Emoji တွေ မပါသေးပါဘူး။ အဲဒါတွေပါ ထည့်ပေါင်းရင်တော့ ခန့်မှန်းခြေ ဘီလျံ (၈၀)၀န်းကျင်လောက် ရှိမယ်လို့ သိရပါတယ်။

(၃) – (၂၀၁၃)ခုနှစ် သြဂုတ်လမှာတော့ ကမ္ဘာ့ထိပ်တန်းအင်္ဂလိပ်အဘိဓ္ဓာန်ဖြစ်တဲ့ Oxford Dictionary ဟာ Emoji ဆိုတဲ့ စကားလုံးကို အဘိဓ္ဓာန်ထဲမှာအဓိပ္ပာယ်ဖွင့်ဆိုပြီး ထည့်သွင်းဖော်ပြခဲ့ပါတယ်။ Emoji ရဲ့ အဓိပ္ပာယ်ကိုတော့ “ အိုင်ဒီယာနဲ့ခံစားချက်တွေကိုဖော်ပြတဲ့ ဒစ်ဂျစ်တယ်ရုပ်ပုံလေး” လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

Read More>>>ဆိုရှယ်မီဒီယာမတ်ကက်တင်းမှာ Marker တွေ လွဲမှားနေတဲ့အချက်များ

(၄) – (၂၀၁၇)ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးနဲ့ လူသုံးအများဆုံး Emoji ကတော့ မျက်ရည်ထွက်အောင် ရယ်နေတဲ့ Emoji ပုံပဲ ဖြစ်ပါတယ်။ Facebook ပေါ်မှာ လူသုံးအများဆုံး Emoji တွေကလည်း မျက်ရည်ထွက်အောင် ရယ်နေတဲ့ Emoji၊ အသဲပုံမျက်လုံးနဲ့ ကြည့်နေတဲ့ Emoji နဲ့ နမ်းနေတဲ့ Emoji တွေဖြစ်ကြောင်းလည်း သိရပါတယ်။

(၅) – အမေရိကန်နဲ့ ဥရောပမှာရှိတဲ့ (၂၀၁၀)နောက်ပိုင်းမွေးတဲ့ ကလေးတွေဟာ အချင်းချင်းဆက်သွယ်ရာမှာ စာရိုက် တာထက် Emoji အသုံးပြုတာ ပိုမိုထိရောက်မြန်ဆန်လို့ Emoji တွေကို တရားဝင်ဘာသာစကားအဖြစ် ထင်မှတ်နေကြောင်းသိရပါတယ်။ အနောက်နိုင်ငံက မိဘတွေက Emoji အသုံးပြုမှုတွေကို ဆန့်ကျင့်တဲ့လှုပ်ရှားမှုတွေ စတင်ပြုလုပ်နေပါပြီ။

(၆) – (၂၀၁၅)ခုနှစ်မှာတော့ Oxford Dictionary ဟာ မျက်ရည်ထွက်အောင်ရယ်နေတဲ့ Emoji ပုံကို တစ်နှစ်အတွင်း လူသုံးအများဆုံး စကားလုံးအဖြစ် ဖော်ပြခဲ့ပါတယ်။ ဒါဟာ Oxford Dictionary ရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ်စကားလုံးတစ်လုံးမဟုတ်ပဲ ပုံတစ်ပုံကို လူသုံးအများဆုံးအဖြစ်ဖော်ပြခဲ့တာပါ။

(၇) – Emoji တွေကို စတင်တီထွင်ခဲ့တာ (၁၉၉၉)ခုနှစ်တည်းက ဆိုပေမယ့် တကယ်တမ်းကမ္ဘာတစ်ဝန်းက အသုံးပြုသူတွေကြားမှာ ရေပန်းစားခဲ့တာတော့ (၂၀၁၂)ခုနှစ်မှာ ဖြစ်ပါတယ်။ (၂၀၁၂)ခုနှစ်မှာ Apple ကုမ္ပဏီဟာ သူတို့ရဲ့ကုန်ပစ္စည်းတွေအတွက် iOS Version-6 ကို ထုတ်လုပ်ခဲ့ပြီး Emoji တွေကို ထည့်သွင်းအသုံးပြုခွင့်ပေးခဲ့ပါတယ်။ Emoji အသုံးပြုမှုဟာ အရမ်းရေပန်စားလာတဲ့အတွက် ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Instagram ၊ Facebook နဲ့ Twitter တို့ဟာ အဲဒီနှစ်တည်းမှာပဲ သူတို့ရဲ့ သုံးစွဲသူတွေကို Emoji အသုံးပြုလို့ရအောင် ဖန်တီးပေးခဲ့ပါတယ်။

(၈) – သင့်အနေနဲ့ အခြားလူတွေရဲ့ Emoji အသုံးပြုမှုကို စိတ်ဝင်စားတယ်ဆိုရင်တော့ www.emojitracker.com မှာ အချိန်နဲ့ တစ်ပြေးညီ Twitter ပေါ်မှာ Emoji အသုံးပြုတဲ့နှုန်းကို ကြည့်ရှုနိုင်ပါတယ်။

Credit; Shwe Mon

 

Read times
Rate this item
(1 Vote)