-->
×

Warning

JUser: :_load: Unable to load user with ID: 29


ေဖ့ဘြတ္ခ္သံုးၿပီးျပဳလုပ္ႏုိင္မယ့္ ေၾကာ္ျငာအမ်ိဳးအစား(၁၁)ခု

ေဖ့ဘြတ္ခ္သံုးၿပီးျပဳလုပ္ႏုိင္မယ့္ ေၾကာ္ျငာအမ်ိဳးအစား(၁၁)ခု Google

အားလံုးသိထားၾကတဲ့အတိုင္းပါပဲ။ Facebook မွာ Ads type မ်ိဳးစံုရွိပါတယ္။

အဲ့ဒီထဲကမွ လူသံုးအမ်ားဆံုးနဲ႔ အေကာင္းဆံုးလို႔ဆိုရေလာက္တဲ့ Ads Type(၁၁)မ်ိဳးအေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။

၁။ Lead Ads

Lead Ads ဟာ ကိုယ့္ Customer ေတြရဲ႕ Information ေတြ၊ Email Address ေတြနဲ႔ ဖုန္းနံပါတ္ေတြကို ရယူတဲ့အခါမွာ အရမ္းကိုအေထာက္အကူျပဳတဲ့ Ads Type တစ္မ်ိဳးျဖစ္ပါတယ္။ အရင္ကေတာ့ ကြ်န္ေတာ္တို႔က Survey Monkey တို႔လို႔၊ Google Form တို႔လို Survey ဝန္ေဆာင္မႈေလးေတြ အသံုးျပဳျပီး Customer ေတြရဲ႕ Information ေတြကိုရယူရေပမဲ့ အခုဆုိရင္ Facebook ရဲ႕ Lead Ads ကေနရယူႏိုင္ပါျပီ။

၂။ ဗီဒီယို Ads

Facebook က ဗီဒီယို Ads ကို ေစ်းႏႈန္းသက္သက္သာသာနဲ႔ အသံုးျပဳခြင့္ေပးေနတာကိုေတြ႔ရပါတယ္။ ဗီဒီယို view တစ္ခုကို ၀.၀၁ ေဒၚလာေလာက္ပဲ ေပးရတာဆိုေတာ့ ကုိယ့္ဗီဒီယိုတစ္ခုကို တစ္ေဒၚလာေလာက္သံုးရင္ကို ၁၀၀ View ေလာက္ရွိေနပါျပီ။ ဒီ Ads အမ်ိဳးအစားနဲ႔ Brand Awareness ျမွင့္တင္ေအာင္ လုပ္ေဆာင္ျခင္းေတြျပဳလုပ္ႏိုင္ပါတယ္။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ ျမန္မာႏိုင္ငံမွာ အြန္လို္င္းေပၚကေန ေစ်းဝယ္ျခင္းက စိတ္ဝင္စားမႈအရမ္းနည္းေနေသးေတာ့ Video Ads နဲ႔ ကိုယ့္ရဲ႕ product ေတြေရာင္းရဖို႔ကို ဘယ္လိုမွာခ်ိတ္ဆက္လို႔ မရေသးဘူးျဖစ္ေနတာေပါ့။

၃။ Engagement Ads

လူေတြက လူေျပာမ်ားတဲ့အရာတစ္ခုကို စိတ္ဝင္စားမႈအရမ္းျပင္းထန္တတ္ၾကတယ္။ တစ္ခါတစ္ေလမွာ ကြ်န္ေတာ္တို႔ကကြ်န္ေတာ္တို႔ရဲ႕ Product အေၾကာင္းကို လူေျပာမ်ားလာေအာင္လုပ္ရတယ္။ ကြ်န္ေတာ္တို႔က Online Marketer ေတြျဖစ္တဲ့အတြက္ေၾကာင့္ အြန္လိုင္းေပၚကေန ကိုယ့္ရဲ႕ Product အေၾကာင္းကို လူေျပာမ်ားလာေအာင္ ဘယ္လိုလုပ္ရမလဲ? အဲ့ဒီအတြက္ေတာ့ အဓိကက်တဲ့အခ်က္က Content ျဖစ္ျပီး အဲ့ဒီ content ကိုလူသိမ်ားလာေစဖို႔အတြက္ေတာ့ Engagement Ads ဆိုတဲ့ ေၾကာ္ျငာ Feature ေလးတစ္ခုက အဆင္သင့္ရွိေနပါတယ္။ ဒီ feature ေလးက Facebook ေပၚမွာ ကိုယ့္ရဲ႕ Content တစ္ပုဒ္ကို Engagement မ်ားေအာင္ Target ထားျပီး ေၾကာ္ျငာေပးပါလိမ့္မယ္ဗ်။ Engagement ဆိုလိုက္ကတည္းက Reaction, Share, နဲ႔ Comment ေတြကို ေပါင္းစည္းထားတာျဖစ္ေတာ့ Engagement မ်ားေလ ကိုယ့္ Product ရဲ႕ brand awareness ကပို္ျပီးျမွင့္တက္ေလျဖစ္တာေပါ့။

၄။ Remarketing

Remarketing ဆိုတာကေတာ့ ကိုယ့္ရဲ႕ Product အေၾကာင္းကိုတစ္ၾကိမ္တစ္ခါ စိတ္ဝင္စားလို႔ကိုယ့္ရဲ႕ Page ကို Like လုပ္ထားဘူးတဲ့လူျဖစ္ေစ၊ ကိုယ့္ရဲ႕ Product ေတြအေၾကာင္းကို တစ္ၾကိမ္တစ္ခါဝယ္သံုးဖူးထားလို႔ သူတို႔ရဲ႕အဆက္သြယ္ တစ္ခ်ိဳ႕ကိုကိုယ့္ဆီမွာ ခ်န္ထားတဲ့လူျဖစ္ေစ (Email, Phone Number) စတဲ့အခ်က္ေတြကို ျပဳလုပ္ဖူးထားတဲ့ စားသံုးသူေတြကို Target ထားျပီး ျပန္လည္ ေၾကာ္ျငာတဲ့ Feature တစ္ခုကလည္း Facebook ရဲ႕ လူစိတ္ဝင္စားမႈ မ်ားတဲ့ Ads feature တစ္မ်ိဳးျဖစ္ပါတယ္။

၅။ Interest Targeting

Interest Targeting ကေတာ့ Social Media Marketer ေတာ္ေတာ္မ်ားမ်ားအသံုးျပဳဖူးမယ့္ feature တစ္မ်ိဳးျဖစ္ပါလိမ့္မယ္။ ဒီ feature ကလည္း လူသံုးမ်ားတဲ့ Feature တစ္ခုျဖစ္ျပီးကို္ယ့္ရဲ႕ ေၾကာ္ျငာကို ထိေရာက္ေစမဲ့ Ads feature တစ္မ်ိဳးျဖစ္ပါတယ္။ သူ႔ရဲ႕ အသံုးဝင္ပံုကေတာ့ ကိုယ့္ Products နဲ႔ ပတ္သက္ဆက္ႏြယ္တဲ့ စိတ္ဝင္စားမႈေတြကို စားသံုးသူတို႔ရဲ႕ စိတ္ဝင္စားမႈနဲ႔ ခန္႔မွန္းခ်ိန္ျငိျပီး ေၾကာ္ျငာတဲ့အတြက္ေၾကာင့္ လူတိုင္းကိုကိုယ့္ေၾကာ္ျငာလိုက္ျပေနတာထက္စာရင္ ပိုျပီးတိက်တဲ့စားသံုးသူကိုရရွိေတာ့ ပုိအဆင္ေျပတာေပါ့။ ဥပမာ။ ။ ကိုယ့္ရဲ႕ Product က အစားအေသာက္ Product တစ္ခုဆိုရင္ ကိုယ့္ရဲ႕ အစားတစ္လိုင္းကိုပဲ စိတ္ဝင္စားသူေတြကို Target ထားေတာ့ပိုျပီးအဆင္ေျပတာေပါ့။

Read More>>> သင့္လုပ္ငန္းဝက္ဘ္ဆုိက္ကို Update မလုပ္ရင္ရရွိလာႏုိင္တဲ့ဆိုးက်ိဳးမ်ား

၆။ Demographic Targeting

Facebook မွာေၾကာ္ျငာမယ္ဆိုရင္ Facebook က လူေတြရဲ႕အေၾကာင္းကို အေသးစိတ္စစ္တမ္းေကာက္ယူထားတဲ့အတြက္ေၾကာင့္ ပိုျပီး Specific က်က် target ထားလို႔ရပါတယ္။ လူေတြေနထိုင္တဲ့ အရပ္၊ လူေတြရဲ႕ အသက္၊ က်ား/မ အလိုက္၊ အလုပ္အကိုင္၊ Life Event စတဲ့ အခ်က္ေတြကို အေျခခံျပီး ေၾကာ္ျငာလို႔ရပါတယ္။ ေနာက္ဆံုးလူေတြရရွိတဲ့ လစာဝင္ေငြအလိုက္ Target ထားျပီး ေၾကာ္ျငာလို႔႔ရပါတယ္။ ဒါေၾကာင့္ ဒီ Ads Feature ကလည္း Facebook မွာလူသံုးမ်ားတဲ့ေၾကာ္ျငာတစ္ခုျဖစ္ပါတယ္။

၇။ Behavioral Targeting

လူေတြက မၾကာခဏခရီးသြားတတ္လား? ဒါမွမဟုတ္ ကုန္ပစၥည္းတစ္ခုကို မၾကာခဏဝယ္တတ္လား? စတဲ့ Behaviours ေတြကို အေျခခံျပီးေၾကာ္ျငာျခင္းကလည္း Specific က်က် ေၾကာ္ျငာျခင္တစ္မ်ိဳးပါပဲ။ ဒါဟာလည္း Facebook ရဲ႕ Ads Feature ေတြထဲက တစ္ခုျဖစ္ပါတယ္။ Facebook ဟာ ကိုယ္အသံုးျပဳတဲ့ Application ေတာ္ေတာ္မ်ားမ်ားကို ေျခရာခံေနတဲ့အတြက္ေၾကာင့္ ေၾကာ္ျငာရွင္ေတြအတြက္ေကာင္းလာပါတယ္။

၈။ Facebook Pixel

Facebook Pixel ကေတာ့ Online Shopping Website ေတြအတြက္အေတာ္ကို အသံုးဝင္တဲ့ Feature တစ္ခုျဖစ္ပါတယ္။ ကိုယ့္ရဲ႕ Website ကိုလာေရာက္လည္ပတ္တဲ့ လူအေရအတြက္၊ ကိုယ့္ရဲ႕ Website မွာ လာေရာက္ ေစ်းဝယ္တဲ့ လူေတြရဲ႕ အေရအတြက္၊ ေနာက္ဆံုး ကိုယ့္ရဲ႕ Website ကို ဘယ္ေနရာကေနလာတာလဲဆိုတဲ့ အေရအတြက္စတဲ့အခ်က္ေတြကို ေျခရာခံေပးျခင္းျဖစ္ပါတယ္။ အဲ့ဒီအခ်က္အလက္ေတြကို အသံုးျပဳေၾကာ္ျငာျခင္းကလည္း ထိေရာက္တဲ့ေၾကာ္ျငာမႈတစ္မ်ိဳးျဖစ္ပါတယ္။

Modelling & Talent Agencies (ေမာ္ဒယ္ဌားရမ္းျခင္းဆိုင္ရာေအဂ်င္စီမ်ား(၆)ခုကိုရွာရန္ႏွိပ္)

၉။ Website Conversion Campaigns

ဒီ Ads Feature ကေတာ့ Website ပိုင္ရွင္ေတြ၊ Mobile Application ပိုင္ရွင္ေတြအတြက္ ပိုျပီးအဆင္ေျပပါတယ္။ ကိုယ့္ Website ကို လူဝင္ပိုမ်ားေအာင္၊ ကိုယ့္ရဲ႕ Application ကို လူသံုးပိုမ်ားေအာင္ Target ထားျပီးေၾကာ္ျငာတဲ့အခါ အရမ္းကိုအသံုးဝင္ပါတယ္။

၁၀။ Carousel Ads

ဒီ Ads Feature ကေတာ့ Facebook ရဲ႕ Recommendation ေပးမႈအမ်ားဆံုးရရွိထားတဲ့ Ads အမ်ိဳးအစားျဖစ္ပါတယ္။ Ads set တစ္ခုတည္းနဲ႔ ဓါတ္ပံုနဲ႔ဗီဒီယိုေတြကို ဆယ္ခုမက ျပသေၾကာ္ျငာႏိုင္ျပီး ကိုယ့္ရဲ႕ Website မွာ ေစ်းေရာင္းႏိုင္ေလာက္တဲ့အထိ အဆင္ေျပပါတယ္။ အဓိကအားသာခ်က္ကေတာ့ ကိုယ့္ Product ရဲ႕ Feature ေတြကို ပံုတစ္ပံုခ်င္းစီနဲ႔ ျပသႏိုင္ျခင္း၊ Product Highlight ေတြ ဒါ့အျပင္ Promotion ေတြကို အေသးစိတ္ ျပသႏိုင္ျခင္းျဖစ္ပါတယ္။ ေနာက္ထပ္ Carousel Ads ရဲ႕ ရည္ရြယ္ခ်က္ကေတာ့ Website ရဲ႕ Conversation Rate, Click- Through Rate စတဲ့အခ်က္ေတြကို သိသိသာသာတိုးတက္လာေစတာျဖစ္ပါတယ္။

၁၁။ ေနာက္ဆံုးတစ္ခ်က္ကေတာ့ လူေျပာမ်ားေနၾကတဲ့ Messenger Bots ျဖစ္ပါတယ္။

Messenger Bot ကေတာ့ အခုေနာက္ပိုင္း ႏိုင္ငံျခားက Website ေတာ္ေတာ္မ်ားမ်ားမွာ အရမ္းအသံုးမ်ားလာတဲ့ Feature တစ္ခုျဖစ္ပါတယ္။ Customer နဲ႔ 24/7 ထိေတြ႔ႏိုင္တယ္။ ကိုယ့္ရဲ႕ Promotion ေတြ၊ အေရာင္းျမွင့္တင္ျခင္း လုပ္ငန္းေတြအတြက္ Facebook ရဲ႕ Messenger ကေနတစ္ဆင့္ Notification ေပးပို႔ႏိုင္တယ္။ ဒါ့အျပင္ ကိုယ့္လိုခ်င္တဲ့ Customer Information ေတြကိုေတာင္ကိုယ္နဲ႔ စကားေျပာဖူးထားတယ္ဆိုရင္ တိုက္ရိုက္ေတာင္းဆိုႏိုင္တယ္။ စတဲ့အားသာခ်က္ေတြကိုပိုင္ဆိုင္ထားပါတယ္။

ဒီအခ်က္ေတြကေတာ့ Facebook ရဲ႕ Ads Feature ေတြထဲက လူသံုးအမ်ားဆံုးနဲ႔သူတို႔ရဲ႕ရည္ရြယ္ခ်က္၊ အသံုးျပဳပံုေတြျဖစ္ပါတယ္။

Aung Ko Htet

 

<<< Unicode >>>

အားလုံးသိထားကြတဲ့အတိုင်းပါပဲ။ Facebook မှာ Ads type မျိုးစုံရှိပါတယ်။

အဲ့ဒီထဲကမှ လူသုံးအများဆုံးနဲ့ အကောင်းဆုံးလို့ဆိုရလောက်တဲ့ Ads Type(၁၁)မျိုးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

၁။ Lead Ads

Lead Ads ဟာ ကိုယ့် Customer တွေရဲ့ Information တွေ၊ Email Address တွေနဲ့ ဖုန်းနံပါတ်တွေကို ရယူတဲ့အခါမှာ အရမ်းကိုအထောက်အကူပြုတဲ့ Ads Type တစ်မျိုးဖြစ်ပါတယ်။ အရင်ကတော့ ကျွန်တော်တို့က Survey Monkey တို့လို့၊ Google Form တို့လို Survey ဝန်ဆောင်မှုလေးတွေ အသုံးပြုပြီး Customer တွေရဲ့ Information တွေကိုရယူရပေမဲ့ အခုဆိုရင် Facebook ရဲ့ Lead Ads ကနေရယူနိုင်ပါပြီ။

၂။ ဗီဒီယို Ads

Facebook က ဗီဒီယို Ads ကို ဈေးနှုန်းသက်သက်သာသာနဲ့ အသုံးပြုခွင့်ပေးနေတာကိုတွေ့ရပါတယ်။ ဗီဒီယို view တစ်ခုကို ဝ.၀၁ ဒေါ်လာလောက်ပဲ ပေးရတာဆိုတော့ ကိုယ့်ဗီဒီယိုတစ်ခုကို တစ်ဒေါ်လာလောက်သုံးရင်ကို ၁၀၀ View လောက်ရှိနေပါပြီ။ ဒီ Ads အမျိုးအစားနဲ့ Brand Awareness မြှင့်တင်အောင် လုပ်ဆောင်ခြင်းတွေပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာ အွန်လိုင်းပေါ်ကနေ ဈေးဝယ်ခြင်းက စိတ်ဝင်စားမှုအရမ်းနည်းနေသေးတော့ Video Ads နဲ့ ကိုယ့်ရဲ့ product တွေရောင်းရဖို့ကို ဘယ်လိုမှာချိတ်ဆက်လို့ မရသေးဘူးဖြစ်နေတာပေါ့။

၃။ Engagement Ads

လူတွေက လူပြောများတဲ့အရာတစ်ခုကို စိတ်ဝင်စားမှုအရမ်းပြင်းထန်တတ်ကြတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ Product အကြောင်းကို လူပြောများလာအောင်လုပ်ရတယ်။ ကျွန်တော်တို့က Online Marketer တွေဖြစ်တဲ့အတွက်ကြောင့် အွန်လိုင်းပေါ်ကနေ ကိုယ့်ရဲ့ Product အကြောင်းကို လူပြောများလာအောင် ဘယ်လိုလုပ်ရမလဲ? အဲ့ဒီအတွက်တော့ အဓိကကျတဲ့အချက်က Content ဖြစ်ပြီး အဲ့ဒီ content ကိုလူသိများလာစေဖို့အတွက်တော့ Engagement Ads ဆိုတဲ့ ကြော်ငြာ Feature လေးတစ်ခုက အဆင်သင့်ရှိနေပါတယ်။ ဒီ feature လေးက Facebook ပေါ်မှာ ကိုယ့်ရဲ့ Content တစ်ပုဒ်ကို Engagement များအောင် Target ထားပြီး ကြော်ငြာပေးပါလိမ့်မယ်ဗျ။ Engagement ဆိုလိုက်ကတည်းက Reaction, Share, နဲ့ Comment တွေကို ပေါင်းစည်းထားတာဖြစ်တော့ Engagement များလေ ကိုယ့် Product ရဲ့ brand awareness ကပိုပြီးမြှင့်တက်လေဖြစ်တာပေါ့။

၄။ Remarketing

Remarketing ဆိုတာကတော့ ကိုယ့်ရဲ့ Product အကြောင်းကိုတစ်ကြိမ်တစ်ခါ စိတ်ဝင်စားလို့ကိုယ့်ရဲ့ Page ကို Like လုပ်ထားဘူးတဲ့လူဖြစ်စေ၊ ကိုယ့်ရဲ့ Product တွေအကြောင်းကို တစ်ကြိမ်တစ်ခါဝယ်သုံးဖူးထားလို့ သူတို့ရဲ့အဆက်သွယ် တစ်ချို့ကိုကိုယ့်ဆီမှာ ချန်ထားတဲ့လူဖြစ်စေ (Email, Phone Number) စတဲ့အချက်တွေကို ပြုလုပ်ဖူးထားတဲ့ စားသုံးသူတွေကို Target ထားပြီး ပြန်လည် ကြော်ငြာတဲ့ Feature တစ်ခုကလည်း Facebook ရဲ့ လူစိတ်ဝင်စားမှု များတဲ့ Ads feature တစ်မျိုးဖြစ်ပါတယ်။

၅။ Interest Targeting

Interest Targeting ကတော့ Social Media Marketer တော်တော်များများအသုံးပြုဖူးမယ့် feature တစ်မျိုးဖြစ်ပါလိမ့်မယ်။ ဒီ feature ကလည်း လူသုံးများတဲ့ Feature တစ်ခုဖြစ်ပြီးကိုယ့်ရဲ့ ကြော်ငြာကို ထိရောက်စေမဲ့ Ads feature တစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ အသုံးဝင်ပုံကတော့ ကိုယ့် Products နဲ့ ပတ်သက်ဆက်နွယ်တဲ့ စိတ်ဝင်စားမှုတွေကို စားသုံးသူတို့ရဲ့ စိတ်ဝင်စားမှုနဲ့ ခန့်မှန်းချိန်ငြိပြီး ကြော်ငြာတဲ့အတွက်ကြောင့် လူတိုင်းကိုကိုယ့်ကြော်ငြာလိုက်ပြနေတာထက်စာရင် ပိုပြီးတိကျတဲ့စားသုံးသူကိုရရှိတော့ ပိုအဆင်ပြေတာပေါ့။ ဥပမာ။ ။ ကိုယ့်ရဲ့ Product က အစားအသောက် Product တစ်ခုဆိုရင် ကိုယ့်ရဲ့ အစားတစ်လိုင်းကိုပဲ စိတ်ဝင်စားသူတွေကို Target ထားတော့ပိုပြီးအဆင်ပြေတာပေါ့။

Read More>>> သင့်လုပ်ငန်းဝက်ဘ်ဆိုက်ကို Update မလုပ်ရင်ရရှိလာနိုင်တဲ့ဆိုးကျိုးများ

၆။ Demographic Targeting

Facebook မှာကြော်ငြာမယ်ဆိုရင် Facebook က လူတွေရဲ့အကြောင်းကို အသေးစိတ်စစ်တမ်းကောက်ယူထားတဲ့အတွက်ကြောင့် ပိုပြီး Specific ကျကျ target ထားလို့ရပါတယ်။ လူတွေနေထိုင်တဲ့ အရပ်၊ လူတွေရဲ့ အသက်၊ ကျား/မ အလိုက်၊ အလုပ်အကိုင်၊ Life Event စတဲ့ အချက်တွေကို အခြေခံပြီး ကြော်ငြာလို့ရပါတယ်။ နောက်ဆုံးလူတွေရရှိတဲ့ လစာဝင်ငွေအလိုက် Target ထားပြီး ကြော်ငြာလို့ရပါတယ်။ ဒါကြောင့် ဒီ Ads Feature ကလည်း Facebook မှာလူသုံးများတဲ့ကြော်ငြာတစ်ခုဖြစ်ပါတယ်။

၇။ Behavioral Targeting

လူတွေက မကြာခဏခရီးသွားတတ်လား? ဒါမှမဟုတ် ကုန်ပစ္စည်းတစ်ခုကို မကြာခဏဝယ်တတ်လား? စတဲ့ Behaviours တွေကို အခြေခံပြီးကြော်ငြာခြင်းကလည်း Specific ကျကျ ကြော်ငြာခြင်တစ်မျိုးပါပဲ။ ဒါဟာလည်း Facebook ရဲ့ Ads Feature တွေထဲက တစ်ခုဖြစ်ပါတယ်။ Facebook ဟာ ကိုယ်အသုံးပြုတဲ့ Application တော်တော်များများကို ခြေရာခံနေတဲ့အတွက်ကြောင့် ကြော်ငြာရှင်တွေအတွက်ကောင်းလာပါတယ်။

၈။ Facebook Pixel

Facebook Pixel ကတော့ Online Shopping Website တွေအတွက်အတော်ကို အသုံးဝင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ Website ကိုလာရောက်လည်ပတ်တဲ့ လူအရေအတွက်၊ ကိုယ့်ရဲ့ Website မှာ လာရောက် ဈေးဝယ်တဲ့ လူတွေရဲ့ အရေအတွက်၊ နောက်ဆုံး ကိုယ့်ရဲ့ Website ကို ဘယ်နေရာကနေလာတာလဲဆိုတဲ့ အရေအတွက်စတဲ့အချက်တွေကို ခြေရာခံပေးခြင်းဖြစ်ပါတယ်။ အဲ့ဒီအချက်အလက်တွေကို အသုံးပြုကြော်ငြာခြင်းကလည်း ထိရောက်တဲ့ကြော်ငြာမှုတစ်မျိုးဖြစ်ပါတယ်။

Modelling & Talent Agencies (မော်ဒယ်ဌားရမ်းခြင်းဆိုင်ရာအေဂျင်စီများ(၆)ခုကိုရှာရန်နှိပ်)

၉။ Website Conversion Campaigns

ဒီ Ads Feature ကတော့ Website ပိုင်ရှင်တွေ၊ Mobile Application ပိုင်ရှင်တွေအတွက် ပိုပြီးအဆင်ပြေပါတယ်။ ကိုယ့် Website ကို လူဝင်ပိုများအောင်၊ ကိုယ့်ရဲ့ Application ကို လူသုံးပိုများအောင် Target ထားပြီးကြော်ငြာတဲ့အခါ အရမ်းကိုအသုံးဝင်ပါတယ်။

၁၀။ Carousel Ads

ဒီ Ads Feature ကတော့ Facebook ရဲ့ Recommendation ပေးမှုအများဆုံးရရှိထားတဲ့ Ads အမျိုးအစားဖြစ်ပါတယ်။ Ads set တစ်ခုတည်းနဲ့ ဓါတ်ပုံနဲ့ဗီဒီယိုတွေကို ဆယ်ခုမက ပြသကြော်ငြာနိုင်ပြီး ကိုယ့်ရဲ့ Website မှာ ဈေးရောင်းနိုင်လောက်တဲ့အထိ အဆင်ပြေပါတယ်။ အဓိကအားသာချက်ကတော့ ကိုယ့် Product ရဲ့ Feature တွေကို ပုံတစ်ပုံချင်းစီနဲ့ ပြသနိုင်ခြင်း၊ Product Highlight တွေ ဒါ့အပြင် Promotion တွေကို အသေးစိတ် ပြသနိုင်ခြင်းဖြစ်ပါတယ်။ နောက်ထပ် Carousel Ads ရဲ့ ရည်ရွယ်ချက်ကတော့ Website ရဲ့ Conversation Rate, Click- Through Rate စတဲ့အချက်တွေကို သိသိသာသာတိုးတက်လာစေတာဖြစ်ပါတယ်။

၁၁။ နောက်ဆုံးတစ်ချက်ကတော့ လူပြောများနေကြတဲ့ Messenger Bots ဖြစ်ပါတယ်။

Messenger Bot ကတော့ အခုနောက်ပိုင်း နိုင်ငံခြားက Website တော်တော်များများမှာ အရမ်းအသုံးများလာတဲ့ Feature တစ်ခုဖြစ်ပါတယ်။ Customer နဲ့ 24/7 ထိတွေ့နိုင်တယ်။ ကိုယ့်ရဲ့ Promotion တွေ၊ အရောင်းမြှင့်တင်ခြင်း လုပ်ငန်းတွေအတွက် Facebook ရဲ့ Messenger ကနေတစ်ဆင့် Notification ပေးပို့နိုင်တယ်။ ဒါ့အပြင် ကိုယ့်လိုချင်တဲ့ Customer Information တွေကိုတောင်ကိုယ်နဲ့ စကားပြောဖူးထားတယ်ဆိုရင် တိုက်ရိုက်တောင်းဆိုနိုင်တယ်။ စတဲ့အားသာချက်တွေကိုပိုင်ဆိုင်ထားပါတယ်။

ဒီအချက်တွေကတော့ Facebook ရဲ့ Ads Feature တွေထဲက လူသုံးအများဆုံးနဲ့သူတို့ရဲ့ရည်ရွယ်ချက်၊ အသုံးပြုပုံတွေဖြစ်ပါတယ်။

 

Myanmar Advertising Directory

 

 

Read times
Rate this item
(0 votes)