-->
×

Warning

JUser: :_load: Unable to load user with ID: 29


ခေတ်စားလာနိုင်ချေရှိတဲ့ 360 Degree Digital marketing များ

ခေတ်စားလာနိုင်ချေရှိတဲ့ 360 Degree Digital marketing များ google

အလျှင်အမြန်ပြောင်းလဲနေတဲ့ခေတ်မှာ သင့်လုပ်ငန်းတွေကို ခေတ်နဲ့တပြေးညီ ကြော်ငြာပြီး ထိရောက်စွာ market နဲ့ communicate လုပ်ကာ အကျိုးအမြတ်များ ရရှိနိုင်ပါတယ်။

သင့်ရဲ့ ထုတ်ကုန်တွေကို ကြော်ငြာဖို့ အတွက် Digital Marketing တွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။ 360 Digital Marketing တွေကတော့


SEO (Search Engine Optimization)

သင့်ရဲ့ web ကို ရှာဖွေတဲ့အခါ အမြန်ဆုံးနဲ့ အချိန်တိုအတွင်းမှာ ထိပ်ဆုံးက ဖော်ပြပေးနိုင်တဲ့ ၀န်ဆောင်မှု ဖြစ်ပါတယ်။ key words တွေ၊ contents တွေ Url တွေ ရှာဖွေရာတစ်ဆင့် မြန်ဆန်လွယ်ကူစွာ သင့် web ကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။


PPC (Pay-Per-Click)

သင့် web or Url ကို ကြည့်ရှုလိုသူတိုင်းက Linke သို့မဟုတ် ပုံကို click နှိပ်ပြီး ၀င်ရောက်ကြည့်ရှု့ကာ click နှိပ်သလောက် အခကြေးငွေပေး ကြော်ငြာခြင်း ဖြစ်သည်။ PPC သည် သင်၏ မြင့်မားကောင်းမွန်စွာ ဖန်တီးနိုင်မှုကို တွန်းအားပေးထားခြင်း ဖြစ်သည်။ သင်၏ ကုန်ပစ္စည်းကို လူတွေ ဘယ်လောက် ကြိုက်နှစ်သက်ကြောင်း၊ အလေးထားကြောင်း အလွယ်တကူ သုံးသပ်နိုင်သည်။


Customer Communications

Customers တွေဟာ ၀ယ်ပြီးပြီးချင်း သူတို့နဲ့ ဆက်ဆံရေးဟာ ပြီးဆုံးသွားတယ် မဆိုနိုင်သေးပါဘူး။ သင့်ရဲ့ ၀ယ်ယူသူများကို သင့် ကုန်ပစ္စည်းကို ဘယ်လိုတွေ့ရှိတာ၊ ဘယ်ကြော်ငြာကနေ ကြည့်ရင်း ၀ယ်ဖြစ်သွားတာ စတဲ့ မေးခွန်းများမေးပြီး လက်ဆောင်များ ပေးခြင်း၊ ချို့ယွင့်ချက်များအတွက် ချက်ချင်း တောင်းပန်ခြင်း စတဲ့ အပြုအမှုများဟာ သင်နဲ့ သင့်ရဲ့ ဖောက်သည်များကြား နွေးထွေးမှုကို ရရှိနေစေမှာ ဖြစ်ပါတယ်။


Website

သင့်ရဲ့ Website ဟာလဲ အရေးကြီးတဲ့နေရာက ပါဝင်တယ်ဆိုတာ မမေ့နဲ့နော်။ Web ကို အပျံစား လုပ်ထားခြင်းဟာလဲ သင့်ရဲ့လုပ်ငန်းနဲ့ ဖောက်သည်တွေအတွက် ဆွဲဆောင်မှုတစ်ခုပါပဲ။ ၄၀% သော သူတွေက web ကြည့်ဖို့ loading စောင့်ရတာကို မကြိုက်ကြပါဘူးတဲ့။ ၄၈% သောသူတွေကတော့ သူတို့ရဲ့ smart phone နဲ့ ကြည့်ရှု့ရတာ အံမ၀င်ပါဘူးတဲ့။

Digital Marketing အတွက်အရေးပါတဲ့ Visual Content


Content

Content ဟာ အခုဆိုရင်တော့ marketing မှာ အရေးပါဆုံး tool တစ်ခု ဖြစ်နေပါပြီ။ တန်ဖိုးမြင့်မားပြီး ရည်ရွယ်ဈေးကွက်အတွက် အများကြီး အသုံးဝင်တဲ့ content တွေ ဖန်တီးနိုင်မှုဟာ သင့် ကုန်ပစ္စည်းတွေအတွက် အလွန်ပဲ အရေးကြီးပါတယ်။ ၈၆% သော မြောက်အမေရိကားက marketersတွေဟာ B2B အတွက် content marketing ကို အဓိက အသုံးပြုကြပါတယ်။


Social

Social ဟာ B2B အတွက် အဓိကအရေးပါပြီး အကောင်းဆုံး လက်နက်တစ်ခု အဖြစ်ရှိနေခြင်းဟာ ငြင်းမရပါဘူး။ အလားအလာရှိတဲ့ ဖောက်သည်များနှင့် engagement အကောင်းဆုံး ရနိုင်တဲ့ ပျော်ရွှင်စရာအကောင်းဆုံး platform တစ်ခု အနေနဲ့ ရှိနေပါတယ်။ B2B marketers တွေကတော့ 91% Linkedin, 85% Twitter,81% Facebook, 73% You Tube ပေါ်မှာ active ဖြစ်ကြပါသတဲ့။


Inbound lead nurturing

၇၉%သော marketing တွေဟာ sale ဖြစ်မလာတတ်ကြပါဘူး။ ၈ ကြိမ်ကနေ ၁၀ကြိမ်အတွင်း ဆက်သွယ်မှုတွေကြောင့်သာ sale ဖြစ်လာနိုင်ကြတာပါ။ ဈေးကွက် ဦးဆောင်ပျိုးထောင်မှုဟာ သင့်ရဲ့ ဖောက်သည်တွေအတွက် သင့် ပစ္စည်းဟာ ဘာကြောင့် ၀ယ်ယူစားသုံးသင့်ကြောင်း အမြဲသတင်းပေးပို့နေမှာပါပဲ။


Outbound Email Campaign

Email marketing ဟာ တစ်ခေတ်တစ်ခါက ခေတ်စားခဲ့ဖူးတဲ့ အရာမျိုး ဘယ်တော့မှ မဟုတ်ခဲ့ပါဘူး။ အလားအလာရှိသော ဖောက်သည်များ နှင့် ရှိပြီးသားဖောက်သည်များအတွက် အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး ဆက်သွယ်ရေး ပလက်ဖောင်းအဖြစ် ဆက်လက် တည်ရှိနေအုံးမှာပါပဲ။ ၉၁% သော စားသုံးသူတွေဟာ သူတို့ email ကို နေ့စဉ် စစ်ဆေးကြပြီး ၆၀%သော ကျွမ်းကျင်သူတွေဟာ Email marketing ကြောင့် သူတို့ရဲ့ VENDOR တွေကို ပြန်လည် စဉ်းစားကြပါသတဲ့။

သင့်ရဲ့ လုပ်ငန်းနဲ့ ကုန်ပစ္စည်းတွေအတွက် လူသိများစေဖို့၊ လူသုံးများလာစေဖို့ တစ်နည်းပဲ ရှိပါတယ်။ ကြော်ငြာပါ။ ကြော်ငြာတဲ့အခါ Investment နဲနဲနဲ့ ထိရောက်တဲ့ ROI ကောင်းတဲ့ Digital Marketing ကို ရွေးပါ။


Source; myayaungchal

Myanmar Advertising Directory

Read times
Rate this item
(1 Vote)