-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့် Website ကနေ Customer တွေရရှိလာအောင် မဖြစ်မနေထည့်သွင်းရမယ့်အချက်များ

သင့် Website ကနေ Customer တွေရရှိလာအောင် မဖြစ်မနေထည့်သွင်းရမယ့်အချက်များ GoogleSEO

မြန်မာနိုင်ငံမှာ Internet အသုံးပြုသူပေါင်း (၂၁) သန်းထိ ရှိလာပြီဖြစ်ပါတယ်။ ဒီပမာဏဟာ ရန်ကုန်မြို့တစ်မြို့လုံးမှာရှိတဲ့ လူဦးရေရဲ့ (၄.၆) ဆတိတိ များတာဖြစ်ပါတယ်။

အင်တာနက် အသုံးပြုသူ (၂၁) သန်းထဲမှာ သင့် လုပ်ငန်းရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို လိုအပ်နေသူတွေဟာ သန်းနဲ့ချီ ရှိနေနိုင်ပါတယ်။ ပြိုင်ဖက်တွေလည်း ရှိနေနိုင်တဲ့အတွက် အင်တာနက်အသုံးပြုသူတွေကို ကိုယ့်လုပ်ငန်းရဲ့ Website ကို ရေရှည်လည်ပတ်ဖို့ ကြိုးစားရမှာဖြစ်ပြီး တစ်ချိန်ကျရင် ဝယ်ယူသူတွေဖြစ်လာတဲ့အထိပါ ကြိုးစားရမှာဖြစ်ပါတယ်။ ဒါကြောင့် Website ကို စိတ်ဝင်စားလို့ လည်ပတ်တဲ့သူတွေကို ဝယ်ယူတဲ့သူတွေဖြစ်အောင် ပြုလုပ်ရာမှာ မဖြစ်မနေထည့်သွင်းရမယ့် အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ SEO ကို အသုံးပြုပါ

Google လိုပဲ Search Engine တွေမှာ သင့် Website ရဲ့ Ranking တက်လာစေရန် Search Engine Optimization (SEO) ကို အသုံးပြုပါ။ SEO လုပ်ရာမှာ စတင်စဉ်းစားရမှာဟာ Keyword တွေပါ။ ကိုယ့်လုပ်ငန်းကို ဖော်ညွှန်းပြပေးမယ့် Keyword က ဘာဖြစ်မလဲ။ ဘယ်လို Keyword တွေကို အာရုံစိုက်သင့်သလဲ။ လူတွေဟာ သင့်လုပ်ငန်းက ဝန်ဆောင်မှုပေးတဲ့အရာတွေကို ရှာဖွေရာမှာသင့်လုပ်ငန်းရဲ့ Website ရှာဖွေမှု Result ရဲ့ ထိပ်ဆုံးမှာ ပေါ်နေရမှာ ဖြစ်ပါတယ်။ Keywords ရွေးချယ်ရာတဲ့နေရာမှာ Long Tailed Keyword တွေကို အသုံးပြုပါ။


၂။ စာသားတွေ ထက် Visual ( Images, Design) ကို အသုံးပြုပါ

အချို့ပုံတွေဟာ စကားလုံးတွေထက် အများကြီးစကားပြောတယ်ဆိုသလိုပဲ Customer တွေကို စာသားတွေကနေသာမက အမြင်အာရုံကတစ်ဆင့် ဆွဲဆောင်ရမှာဖြစ်ပါတယ်။ ဒီအတွက် Website Design စဆွဲကတည်းက Layout မှာ Grid တွေ ဖန်တီးပြီး Grid တစ်ခုချင်းစီမှာ ကိုလိုချင်တဲ့ Design တွေကို သေချာ ပြသထားတာမျိုး ပြုလုပ်သင့်ပါတယ်။ ဥပမာ _ Main Services ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Grid 3 ခု ခွဲပြီး တစ်ခုချင်းစီမှာ ကိုယ့်ရဲ့ Services တွေကို သေချာပြသပေးခြင်းမျိုး ဖြစ်ပါတယ်။ Infographic လိုမျိုး Graphic Content တွေ ဖန်တီးပြီး Website မှာ အသုံးပြုသင့်ပါတယ်။


၃။ ရှင်းလင်းတဲ့ Navigation ကို အသုံးပြုပါ

Website မှာရှိတဲ့ Menu တွေ၊ Account ဖွင့်ရန်၊ လုပ်ငန်းကိုဆက်သွယ်ရန်၊ ပစ္စည်းမှာယူရန် စတဲ့ အချက်အလက်တွေဟာ Customer တွေအတွက် လွယ်ကူစွာလုပ်ဆောင်နိုင်စေရန် ပြုလုပ်ထားရမှာဖြစ်ပါတယ်။ Website ထဲကို စဝင်လိုက်တာနဲ့ သူသိချင်တာကို ကြည့်ဖို့ Menu တွေဟာ လွယ်လင့်တကူ ရှိနေရမှာဖြစ်ပြီး ကိုယ့်လုပ်ငန်းရဲ့ Services တွေ၊ Products တွေကို ဝင်ရောက်ကြည့်နိုင်တဲ့ Menu တွေကို မြင်သာအောင် ထားရှိပေးရမှာ ဖြစ်ပါတယ်။

Start-up လုပ်ငန်းမှာ ပြဿနာတွေရှိလာရင် ဖြေရှင်းနိုင်မယ့်နည်းလမ်း (၃)မျိုး
၎။ Website ထဲက အချက်အလက်တွေကို အမြဲတမ်း ပြောင်းလဲပါ

Website ဟာ လည်ပတ်သူတွေကို ဝယ်ယူသူတွေ အဖြစ် ပြောင်းပေးနိုင်စွမ်း ရှိရမဲ့ နေရာ ဖြစ်တဲ့ အတွက် လုပ်ငန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အားလုံးကို အချိန်နဲ့ တပြေးညီ ပြောင်းလဲ ပေးရမှာ ဖြစ်ပါတယ်။ အခြေခံတွေ အနေနဲ့ လုပ်ငန်းရဲ့ဖုန်းနံပါတ်၊ လိပ်စာ၊ Email Address၊ Company News၊ Pricing စတာတွေကို အမြဲပြောင်းလဲပေးနေရမှာပါ။ Pricing Update လုပ်ထားပြီး Website မှာ Update မလုပ်ခဲ့ရင် Website က တစ်ဆင့် ရရှိမဲ့ Potential Customer ရဲ့ ယုံကြည်မှုကို ဆုံးရှုံးနိုင်ခြေရှိပါတယ်။နောက်တစ်ဆင့် အနေနဲ့ လုပ်ငန်းမှာ Sales, Promotion နဲ့ Events တွေရှိပါက အဲဒီအချက်အလက်များကို Website မှာ အချိန်နဲ့တပြေးညီတင်ပေးရမှာ ဖြစ်ပါတယ်။ လုပ်ငန်းကကျင်းပေမယ့် Event ပွဲအကြောင်းကို Website မှာကြော်ငြာဖို့ မေ့လျော့ခဲ့လို့ Potential Customer တွေ ဆုံးရှုံးရမှာကို သင်လိုချင်မှာ မဟုတ်တာ ကျိန်းသေပါတယ်။


၅။ လည်ပတ်သူတွေကို တစ်ခုခုလက်ဆောင်ပေးပါ

သင့်အနေနဲ့ မမျှော်လင့်ပဲ လက်ဆောင်ရခဲ့ဖူးပါသလား။ လူတွေဟာ မမျှော်လင့်ပဲ လက်ဆောင်ရတဲ့အခါ တစ်ခုခု ပြန်လည်လုပ်ပေးချင်ကြပါတယ်။ သင့်အနေနဲ့ သင့် Website ကို လာလည်ပတ်တဲ့သူတွေကို လက်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ လက်ဆောင်ပေးတဲ့အခါ ကိုယ်ပေးလိုက်တဲ့လက်ဆောင်ဟာ သူတို့လိုအပ်နေတာကို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိရမှာဖြစ်ပါတယ်။ ဥပမာ သင့်လုပ်ငန်းက Marketing Agency ဆိုရင် နောက်ဆုံးထွက် Market Analysis Ebook ကို လက်ဆောင်ပေးခြင်းမျိုး ပြုလုပ်နိုင်ပါတယ်။

အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက် (၅) ချက်ကို စွဲစွဲမြဲမြဲ လုပ်ဆောင် ကြည့်မယ်ဆိုရင် Website က တစ်ဆင့် Customer တွေရရှိလာမှာ အသေအချာဖြစ်ပါတယ်။

Source; IWS
Myanmar Advertising Directory

 

Read times
Rate this item
(0 votes)