-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဖုန်းသုံးစွဲသူတွေကိုဆွဲဆောင်နိုင်မယ့် Lock Screen Advertising

ဖုန်းသုံးစွဲသူတွေကိုဆွဲဆောင်နိုင်မယ့်  Lock Screen Advertising Google

စမတ်ဖုန်းတွေကိုဖုန်းဆက်ဖို့ထက် ဖုန်းပွတ်ဖို့အတွက် အချိန်ပိုသုံးဖြစ်ကြတယ်။ ကမ္ဘာတစ်လွှားမှာ ဖုန်းသုံးစွဲသူဦးရေ  ၂ ဒသမ ၇ ဘီလျံ ရှိနေတယ်။ သူတို့ရဲ့တစ်နေ့တာမှာ ဖုန်းပွတ်ချိန်ပျမ်းမျှအားဖြင့် (၄)နာရီအထိရှိပါတယ်။

ဖုန်စခရင်ပိတ်နေတာကိုဖွင့်ပြီးဝင်လိုက်ပြီးတဲ့အခါ ဆိုရှယ်မီဒီယာဆီကိုရောက်သွားမယ်။ Facebook ပွတ်မယ်။ Instagram ပွတ်မယ်။ တခြား ဆိုရှယ်မီဒီယာတွေ ပွတ်မယ်။ အလုပ်ကိစ္စအတွက် ဂျီမေးလ်ဖွင့်စစ်တာလည်းရှိမယ်။ ချက်တင်လုပ်တဲ့အက်ပ်တစ်ခုခုနဲ့ ချက်တင်လုပ်ချင်လုပ်မယ်။ အသိပေးစရာ ပေးပို့တာတွေ လုပ်ချင်လုပ်မယ်။ ဂူဂဲလ်ကနေ သိချင်တာကို ရှာဖွေကြည့်ရှုတာလည်း လုပ်ချင်လုပ်မယ်။ ဂိမ်းဆော့တာလည်း လုပ်ချင်လုပ်မယ်။ 

အဲဒီလို ရောက်သွားမယ့်နေရာတွေမှာ Digital Marketer တွေက ကြော်ငြာတွေခင်းကြပါတယ်။ ကြော်ငြာဘတ်ဂျက်ကို အဲဒီနေရာတွေအတွက် သုံးစွဲကြပါတယ်။ နောက်ထပ်ပေါ်လာတဲ့ ကြော်ငြာနေရာ Ad Space တစ်မျိုးက ဖုန်းသုံးတဲ့သူ ဘယ်ကိုမှမသွားချင်မှာ ကြော်ငြာကိုပြသတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဖုန်းစခရင်ကလော့ကျနေတာမို့ Lock Screen Advertising လို့ အမည်ပေးထားကြပါတယ်။ Lock screen ကြော်ငြာလုပ်ငန်းကို လုပ်ကိုင်ကြတာမှာ ထွန်းထွန်းပေါက်ပေါက် ဖြစ်လာခဲ့တဲ့ ကြော်ငြာလုပ်ငန်းတစ်ခုက Buzzvil ဖြစ်ပြီး တောင်ကိုရီးယားမှ ပြည်တွင်းဈေးကွက်မှာ Lock screen ကြော်ငြာအောင်အောင်မြင်မြင်ဖြစ်ခဲ့ပါတယ်။

လစဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်း ဝန်းကျင် ရရှိနေတာမို့  Lock screen ကြော်ငြာကနေ တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော် ရရှိမယ်လို့ မျှော်မှန်းထားပါတယ်။ အဲဒီ ကြော်ငြာဝင်ငွေပမာဏဟာ ဂူဂဲလ်နဲ့ ဖေ့စ်ဘုတို့ရဲ့ ကြော်ငြာဝင်ငွေနဲ့ နှိုင်းစာလိုက်ရင် မပြောပလောက်ဘူး။ အသေးစား ကစားသမားအဆင့်ပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ Buzzvil က တောင်ကိုရီးယား ပြည်တွင်းဈေးကွက်ထဲမှာတင် ကျင်လည်နေမှာမဟုတ်ဘူး။ အပြင်ဘက်ကို ခြေလှမ်းတွေစချနေပါပြီ။ ဒေသတွင်းမှာ ခြေလှမ်းတွေစလှမ်းနေပြီဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက  Lock screen ကြော်ငြာအနေဖြင့် ကြော်ငြာရှင်တွေကို ဘယ်လိုကူညီပေးသလဲ။

Read More >>> ဂိုထောင်ငယ်လေးတွေမှာဖြစ်သလိုစတင်ခဲ့ပေမယ့် လျှမ်းလျှမ်းတောက်ကျော်ကြားနေတဲ့ကုမ္မဏီများ

လုပ်ငန်းတွေ brand တွေကို ဘာလုပ်ပေးနိုင်သလဲ။  Lock screen ကြော်ငြာကို ဖုန်းသုံးစွဲသူတွေ သေသေချာချာကြည့်အောင် ဘယ်လိုသွေးဆောင်ရသလဲ။ Buzzvil ရဲ့ Chief Strategy Officer ဖြစ်သူ  Joshua Kwon က Tech Wire Asia ကို စမတ်ဖုန်း သုံးစွဲသူတွေရဲ့ ယေဘုယျ အလေ့အထကို  အခုလို ပြောပြခဲ့ပါတယ်။ “ဖုန်းသုံးတဲ့သူက ဖုန်းကို ကောက်ကိုင်ပြီး စခရင်ဖွင့်ကြည့်တာကို တစ်နေ့ အကြိမ် ၆၀ လုပ်တယ်။ အကြိမ်တိုင်းမှာ သူတို့ လော့ကျနေတဲ့ စခရင်ကို မြင်ရ တွေ့ရတယ်။ အဲဒါ တစ်နေ့ကို အကြိမ် ၆၀ မြင်ရ တာ ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ကြော်ငြာတွေကို ပြသလိုက်ဖို့ အခွင့်သာနေတယ်။ ဘာမှလည်း အနှောက်အယှက် မပေးဘူး။ ကြားဖြတ်ပြီး ကြော်ငြာဝင်တာလည်း မဟုတ်ဘူး။ ပြသထားတဲ့ Brand ကြော်ငြာကို စိတ်အနှောက်အယှက်မဖြစ်ဘဲ သူက မြင်ရတာ ဖြစ်ပါတယ်”

အဲဒီ ကြော်ငြာခွင်ထဲမှာ ဆုလာဘ် ထည့်ပေးလိုက်တဲ့အခါ ကြော်ငြာကပိုထိရောက်သွားတယ်။  Impression မြင်ခြင်းသက်သက်မျှထက် ပိုသွားတယ်။ ဖုန်းသုံးစွဲသူကို အမှတ်တွေပေးထားလိုက်တယ်။ သတ်မှတ်ထားတဲ့ အမှတ်ပြည့်ရင် ကံစမ်းမဲဖောက်တဲ့အထိ စာရင်းဝင်တယ်။ နောက်ဆုံးရသတင်းတွေ ဖတ်ခွင့်ရတာမျိုးကိုလည်း ဆုလာဘ်အဖြစ်ပေးတယ်။ ဖုန်းသုံးစွဲသူ တန်ဖိုးထားတာတစ်မျိုးမျိုးကို ပေးအပ်တယ်။ “ မိုဘိုင်းဖုန်းမှာ ကြော်ငြာ ပြလိုက်တယ်။ ကြော်ငြာကို ဘယ်လိုဖယ်ရှားရမလဲ။  ဖယ်ရှားပစ်ဖို့ ကြက်ခြေခတ် အမှတ်အသားကိုလိုက်ရှာတယ်။ ဒီတော့ ကြော်ငြာကိုနှိပ်ပြီး ဝင်ကြည့်တဲ့  Click-through rates (CTR) က အတော်နည်းပါးတယ်။

ရာခိုင်နှုန်းအားဖြင့် သုည ဒသမ ၁ ကနေ သုည ဒသမ ၅ ရာခိုင်နှုန်း အတွင်းမှာပဲ ရှိတယ်။ ဆုလာဘ်နဲ့ တွဲပေးလိုက်တဲ့အခါ CTR မြင့်တက်သွားတယ်။ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်တာ တွေ့ရတယ်” Buzzvil က  Lock screen ကြော်ငြာကို ဆုလာဘ်နဲ့ တွဲထားတာကြောင့် ဖုန်းသုံးစွဲသူတွေကို ဆွဲဆောင်နိုင်တယ်။ ကြော်ငြာရှင်တွေ ကျေနပ်အားရ ဖြစ်ကြတယ်။ ဒီတော့ အောင်မြင်တယ်။ Buzzvil က တောင်ကိုရီးယား ပြည်တွင်းမှာ ရှိနေတဲ့ အဓိက  e-commerce brand တိုင်းကို Lock screen ကြော်ငြာရောင်းတယ်။ တစ်ခါသုံးဖူးပြီးရင် နောက်ထပ် သုံးဖို့ ဝန်မလေးကြတော့ဘူး။ သူတို့က လစဉ် အမေရိကန်ဒေါ်လာ တစ်သိန်းကျော်ဖိုး  Lock Screen ကြော်ငြာ ပလက်ဖောင်းမှာ သုံးကြတယ်လို့ Joshua Kwon က ပြောပြတယ်။ 

တောင်ကိုရီးယား ပြင်ပဈေးကွက်တွေမှာတော့ Brand ကို လူတွေမှတ်မိစေချင်တဲ့ အမေရိကန်နဲ့ ဂျပန် brands တွေက Buzzvil ရဲ့  Lock screen ကြော်ငြာကို သုံးကြတယ်။ အာရှမှာ Lock Screen ကြော်ငြာကို ပိုင်ပိုင်နိုင်နိုင်လုပ်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေဟာ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီတွေ ဖြစ်တယ်လို့ Kwon က ပြောပြတယ်။ သူတို့လက်ထဲမှာ Infrastructure က အဆင်သင့် ရှိပြီးသား ဖြစ်ပါတယ်။ ဆုကြေးအဖြစ်ဖုန်းကို ဘေလ်ဖြည့်ပေးတာမျိုး၊ အင်တာနက်သုံးဖို့ ဒေတာလက်ကျန်ကို တိုးပေးတာမျိုးတွေကို လုပ်ကိုင်ပေးဖို့ လွယ်ကူနေစေတယ်လို့ သူက ပြောပါတယ်။ 

Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)