-->
×

Warning

JUser: :_load: Unable to load user with ID: 29


Giphy ရဲ့ branded GIF ကြော်ငြာ

Giphy ရဲ့ branded GIF ကြော်ငြာ Google

Brand များကို GIF လုပ်ပြီး တင်ပေးထားပေမယ့် စီးပွားဖြစ်တော့မလုပ်ဖြစ်ခဲ့ဘူး။

ပြီးခဲ့တဲ့နှစ် ၂၀၁၈ ခုနှစ်မှာ လုပ်ငန်းတိုးချဲ့မြှင့်တင်ဖို့ အရဲစွန့်ရင်းနှီးမြှုပ်နှံတဲ့ ငွေအရင်းအနှီးတွေကို ခေါ်ယူခဲ့ပြီး brand ကြော်ငြာကို စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ချန်းက ၂၀၁၃ ခုနှစ်မှာ Giphy ကို အင်တာနက်မှာ စတင်ခဲ့တာမှာ အပျော်သဘာဖြင့်သာ လုပ်ကိုင်ခဲ့တယ်။ ကြောင်ပုံတွေနဲ့ ရယ်စရာ GIF တွေ လုပ်ပြီး Giphy ဝက်ဘ်ဆိုက်မှာ တင်ပေးထားတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေ မက်ဆေ့ပို့ကြတဲ့အခါ ထည့်သုံးဖို့လုပ်ပေးထားလိုက်တာ ဖြစ်ပါတယ်။ နောက်တော့ သူ့ရဲ့ GIF တွေကို သုံးစွဲသူ အလွန်များပြားလာတယ်။ လူကြိုက်အလွန်များတယ်။

Google စတင်ခါစတုန်းက သုံးစွဲသူတွေ နေ့ချင်းညချင်းတစ်ဟုန်ထိုး တိုးများခဲ့တဲ့ နှုန်းထားအတိုင်း Giphy ရဲ့ GIF ပလက်ဖောင်းပေါ်မှာ လာရှာကြသူတွေ များပြားနေတယ်။ တကယ်တော့ Giphy ဟာလည်း Google နည်းတူ ရှာဖွေမှုပြုတဲ့ ပလက်ဖောင်းဖြစ်ပါတယ်။ Google မှာ ကိုယ်သိချင်တာကို ဖော်ပြပေးထားတဲ့ ဝက်ဘ်စာမျက်နှာတွေကို ရှာကြတယ်။ Giphy မှာ ဘာကိုရှာကြတာလဲဆိုတော့ စာရိုက်ပြီးစကားပြောဆိုတဲ့အခါမှာ ကိုယ်ပြောပြချင်တဲ့ ခံစားမှုတွေနဲ့ အမူအရာတွေကို ဖော်ပြပေးထားတဲ့ GIF တွေကို ရှာကြတာ ဖြစ်ပါတယ်။

ချန်းက လူတွေအင်တာနက်ပေါ်မှာ ရှာဖွေကြပုံကို လေ့လာဆန်းစစ်တယ်။ Google မှာ လူတွေက စာလုံးတွေရိုက်ထည့်ပြီး ပုံတွေရှာဖွေကြတာမှာ ဝေါဟာရအဘိဓာန်တွေမှာ စုစည်းဖော်ပြပေးထားတဲ့ ဝေါဟာရတွေရဲ့(၁) ရာခိုင်နှုန်းကိုသာ သုံးစွဲကြတယ်။ ကျန်တဲ့ ၉၉ ရာခိုင်နှုန်းကို မရှာကြဘူး။ ဆိုလိုတာက ဗိုက်ဆာတယ် ‘hungry’ ဆိုတဲ့ စကားလုံးကို ဖော်ပြဖို့ပုံရှာကြတဲ့အခါ Google မှာ မရှာကြဘူး။ သူထူထောင်ထားတဲ့ Giphy ရဲ့ GIF ကို လာရှာကြတယ်။ ဘာလို့လဲဆိုတော့ ဗိုက်ဆာတယ် ဆိုတာကို စာရိုက်ပြီးပြောမယ့်အစား ပြုံးချင်စရာကောင်းနေတဲ့ GIF နဲ့ ပြောလိုကြတယ်။

ဆာနေတာကို မျက်နှာအမူအရာ စိတ်ခံစားမှုတွေနဲ့ တကွ ပြောပြကြတာကို သူတွေ့ရတယ်။ Giphy ရဲ့ GIF ကို တစ်ရက်တာအတွင်း ရှာဖွေကြတဲ့ ကြိမ်ရေဟာ အလွန်မြင့်မားနေတာကိုလည်း သူသိလိုက်ရတယ်။ နေ့စဉ် Google မှာ ရှာဖွေကြတဲ့ ကြိမ်ရေရဲ့ ၁၅ ရာခိုင်နှုန်းဝန်းကျင်ဟာ Giphy ရဲ့ GIF တွေကို ရှာဖွေတာ ဖြစ်နေတယ်။ ဒီတော့ အမေရိကန်နိုင်ငံမှာ Google ဟာ အသုံးအများဆုံး search engine ဖြစ်ပြီး Giphy က ဒုတိယနေရာမှာ ရောက်ရှိနေတယ်။ Giphy ရဲ့ အခြေအနေ အဆင့်အတန်းကို ချန်း သိသွားပြီးတဲ့အခါ စီးပွားဖြစ်လုပ်ကိုင်ဖို့ ခြေလှမ်းတွေ စတင်ခဲ့တယ်။ ၂၀၁၈ ခုနှစ် ဇွန်လမှာ branded GIF ကြော်ငြာ စတင်ရောင်းချတယ်။

Read More>>> Domain Name ရွေးချယ်တဲ့အခါ ဆောင်ရန်၊ ရှောင်ရန်များ

'brand ရဲ့ စိတ်ကူး ခံစားချက်များ 'brand sentiments' နဲ့ ကိုက်ညီတဲ့ ရှာဖွေစာလုံး keyword ကို ရှာလိုက်ရင် ထိပ်ဆုံးမှာ branded GIF ကြော်ငြာကို ပြသပေးတယ်။ ဥပမာအားဖြင့် ရှာဖွေသူက ရှာဖွေစာလုံး 'yum', 'yummy', 'chocolate' သို့မဟုတ် 'tasty' ကို ရိုက်လိုက်တယ်ဆိုရင် ချောကလက်သွားရေစာ ဖြစ်တဲ့ Snickers ရဲ့ GIFs ကို ထိပ်ဆုံးမှာ ထုတ်ပြထားတာကို ရှာဖွေသူက ကြော်ငြာကာလတစ်လျှောက်လုံး တွေ့နေရမှာ ဖြစ်ပါတယ်။ Giphy က ကိုယ်ပိုင် ကြော်ငြာအေဂျင်စီကို အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ်မြို့မှ စတင်လိုက်ပြီး brand တွေအတွက် GIF တွေ ဖန်တီးတယ်။ တခြား creative agency တွေထံမှ ရယူတာလည်း ရှိတယ်။

Facebook နဲ့ Instagram တို့လို ဆိုရှယ်ပလက်ဖောင်းတွေမှာ ကြော်ငြာတွေက sponsored post တွေအဖြစ် နေရာဝင်ယူတယ်။ ကိုယ်ပိုင်စာမျက်နှာနေရာမှာ နေရာဝင်လုထားတယ်လို့ ခံစားမိစေတယ်။ GIF တွေ ကျတော့ သုံးစွဲသူကိုယ်တိုင်က ရွေးချယ်ပြီး သုံးစွဲတာဖြစ်တယ်။ ကြော်ငြာလုပ်ငန်းမစခင်ကတည်းက branded GIF တွေ လုပ်ပေးထားတာတွေ သုံးနေခဲ့ကြတယ်။ လူကြိုက်များတဲ့ branded GIF တွေဆိုရင် အကြိမ်ကြိမ် အသုံးခံရတယ်။ ကြော်ငြာက နေရာဝင်လုတယ်ဆိုတဲ့ ခံစားမှု မရှိဘူး။ Giphy ရဲ့ ကြော်ငြာတွေကို အမေရိကန်နိုင်ငံအတွက်သာ လက်ခံဆောင်ရွက်ပေးပါတယ်။

ဝင်ငွေပုံမှန်ရရှိနေတာ တည်တည်ငြိမ်ငြိမ် ဖြစ်ပြီးရင် ဥရောပနဲ့အာရှတို့ကို တိုးချဲ့လုပ်ကိုင်မှာ ဖြစ်ပါတယ်။ အာရှဈေးကွက်ကို ဝင်ရင်တော့ သတိထားပြီး လုပ်ကိုင်ဖို့လိုတယ်လို့ ချန်းကပြောပါတယ်။ ယဉ်ကျေးမှု စည်းမျဉ်းစည်းကမ်းတွေ မတူကြတာကို ဂရုပြုပြီး GIF တွေကို ဖန်တီးရမယ်။ ရယ်စရာပြုံးစရာကောင်းအောင်လုပ်တဲ့အခါ လှောင်ပြောင်နစ်နာစေတဲ့ အကျိုးသက်ရောက်မှုမဖြစ်အောင် ဆင်ခြင်ရမယ်။ နောက်တစ်ချက် စဉ်းစားရမှာက ထောက်ပံ့မယ့် အခြေခံ အဆောက်အအုံ ဖြစ်ပါတယ်။ “ကျွန်တော်တို့ တရုတ်နိုင်ငံမှာ စတင်လုပ်ကိုင်မယ်ဆိုရင် သုံးစွဲသူအလွန်အမင်း များပြားလွန်းနေတော့ ဝန်နဲ့အားမမျှဘဲ ဝက်ဘ်ဆိုက်မနိုင်မနင်း ဖြစ်ကုန်မယ်”

Source: Campaign Asia-Pacific

Read times
Rate this item
(0 votes)