-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ကြော်ငြာဗီဒီယိုကို Facebook မှာကြည့်ရူ့သူတွေများလာအောင်...

သင့်ကြော်ငြာဗီဒီယိုကို Facebook မှာကြည့်ရူ့သူတွေများလာအောင်... Google

ဆိုရှယ်မီဒီယာတွေခေတ်စားလာတဲ့အချိန်မှာ သင့်လုပ်ငန်းအတွက် Video တွေပြုလုပ်ပြီး ကြော်ငြာတာဟာလည်း ထိရောက်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

ဒါကြောင့် သင့်ရဲ့ ကြော်ငြာ Video တွေကို ကြည့်ရူသူတွေများလာနိုင်မယ့်အဓိကအချက်တွေကို ဖော်ပြလိုက်ပါတယ်။

(၁) Topic ရွေးတာ မှန်ပါစေ

Facebook Video တွေထဲမှာ ပေါ်ပြူလာအဖြစ်ဆုံး Topic (၅) ခုက ဘာတွေလဲဆိုတော့ Food, Fashion/Beauty, Animals, Humor, DIY ပါတဲ့.. Food က ပေါ်ပြူလာအဖြစ်ဆုံးပေါ့

(၂) Timing လဲ မှန်ပါစေ

Video တစ်ခုရဲ့ အရှည်ဟာ အများဆုံး ၁၅၀ စက္ကန့်ထက် ပိုရှည်ရင် မကောင်းပါဘူး။ ၃၀ ထက် တိုရင်လဲ လိုအပ်တဲ့ info ပေးလို့မရတော့ဘူး။ အကောင်းဆုံး အရှည်ဟာ ၆၀ - ၉၀ စက္ကန့် ဖြစ်ပါသတဲ့။ ဒုတိယက ၉၀ - ၁၂၀ စက္ကန့်၊ တတိယက ၃၀ - ၆၀ စက္ကန့်၊ နောက်ဆုံးကတော့ ၁၂၀ - ၁၅၀ စက္ကန့်ဖြစ်ပါတယ်။ ၁၅၀ စက္ကန့်ထက် ရှည်သွားတဲ့ ဗွီဒီယိုတွေဟာ Engagement မတရားတွေ ကျသွားတာ တွေ့ရပါတယ်။

Read More>>> ဖေ့ဘွတ်ခ်သုံးပြီးပြုလုပ်နိုင်မယ့် ကြော်ငြာအမျိုးအစား(၁၁)ခု

(၃) အကောင်းဆုံးတွေကို အရင်ပြပါ

Audience ရဲ့ စိတ်ကိုဆွဲဆောင်ဖို့ ပထမဆုံး (၈)စက္ကန့်အချိန်ဟာ အသင့်တော်ဆုံးပါ။ သူတို့ကို ဘယ်လိုကျုံးသွင်းမလဲ၊ video thumbnail ကို ဘာပုံထားမလဲ၊ caption ဘယ်လိုရေးမလဲ၊ storytelling ဘယ်လိုလုပ်မလဲ၊ ဒါတွေက သူတို့ကိုဆွဲဆောင်ဖို့ အရေးကြီးဆုံးအချက်တွေပါ။

(၄) Story ပြောပါ၊ ဈေးချည်းပဲ စွတ်မရောင်းနဲ့

Brand အကြောင်းပဲပြောတဲ့၊ ဈေးပဲရောင်းတဲ့၊ TVC လို Product Focused လုပ်ထားတဲ့ ဗွီဒီယိုတွေကို ဘယ်သူမှဂရုမစိုက်ကြဘူး။ Storytelling ကို ဂရုစိုက်ပါဗျာ..

Music Bands (တေးဂီတဖျော်ဖြေရေးဆိုင်ရာ လုပ်ငန်းများ(၆၃)ခုကိုရှာရန်နှိပ်ပါ။)

၅) အသံမပါဘဲ ဘယ်လိုပြောမလဲ

Facebook video တွေကို ကြည့်ရှုမှုရဲ့ 85% ဟာ အသံမပါဘဲ ကြည့်ကြတာပါတဲ့။ အသံမပါဘဲ storytelling လုပ်ဖို့ ကြိုးစားပါ။ လှလှပပ ပုံလေးတွေ၊ စာသားထည့်ထားတာတွေ၊ စာတမ်းထိုးပေးတာတွေနဲ့ information ပေးလို့ရပါတယ်။

Digital Dots

 

Read times
Rate this item
(1 Vote)