-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒီဂျစ်တယ်ကြော်ငြာကဏ္ဍ ကျရှုံးသွားတော့မှာလား...?

ဒီဂျစ်တယ်ကြော်ငြာကဏ္ဍ ကျရှုံးသွားတော့မှာလား...? Google

အွန်လိုင်းစာမျက်နှာတွေပေါ်မှာ တွေ့မြင်ရလေ့ရှိတဲ့ ဒစ်ဂျစ်တယ်ကြော်ငြာတွေရဲ့အခန်းကဏ္ဍက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် အကျပ်အတည်းဆိုက်ရောက်နေပြီလို့ သုံးသပ်ရမှာဖြစ်ပါတယ်။

လိမ်လည်ကြော်ငြာပြီး ရောင်းချမှုတွေ၊ စိတ်အနှောင့်အယှက်ပေးမှုတွေကြောင့် အွန်လိုင်းအသုံးပြုသူတော်တော်များများကလည်း ဒီကြော်ငြာတွေကို မတွေ့ရမမြင်ရအောင် နည်းမျိုးစုံသုံး ကြိုးပမ်းလာခဲ့ပြီဖြစ်ပါတယ်။ အင်တာနက်စာမျက်နှာတွေပေါ်မှာ ကြော်ငြာတွေကို ပိတ်ဆို့ဖယ်ရှားပေးတဲ့ ဆော့ဝဲတွေကလည်း အင်တာနက်နည်းပညာနယ်ပယ်ရဲ့ အခြေခံအကျဆုံးစီးပွားရေးမော်ဒယ်တစ်ခုကို ခြိမ်းခြောက်လာခဲ့ပြီလို့ ဆိုရမှာပါ။

အွန်လိုင်းစီးပွားရေးကျွမ်းကျင်သူတွေရဲ့အမြင်မှာ ဒစ်ဂျစ်တယ်ကြော်ငြာကဏ္ဍဟာ User တွေရဲ့ယုံကြည်မှုကို ဆုံးရှုံးနေပြီဖစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေအပါအ၀င် အွန်လိုင်းမီဒီယာနယ်ပယ်တစ်ရပ်လုံးက မှန်မှန်ကန်ကန်မဖြေရှင်းနိုင်ဘူးဆိုရင်တော့ အခကြေးငွေကောက်ခံပြီး ဝန်ဆောင်မှုပေးတဲ့ အွန်လိုင်းမီဒီယာတွေရဲ့ရပ်တည်မှုက ပြိုလဲသွားနိုင်ပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး Facebook ရဲ့ စီအီးအို Mark Zuckerberg ကတောင် လုံးဝသီးသန့်ဆန်ပြီး ကြော်ငြာကင်းစင်တဲ့မီဒီယာကိုရရှိဖို့အတွက် လူမှုရေးဝက်ဘ်ဆိုက်တွေကိုတောင် ငွေပေးပြီးဝင်ရောက်ကြည့်ရှုရတဲ့အခြေအနေကိုရောက်သွားနိုင်ကြောင်း သုံးသပ်ခဲ့ပါတယ်။

ဒစ်ဂျစ်တယ် ကြော်ငြာလောကမှာ ထိပ်တန်းအရောက်ဆုံးကုမ္ပဏီတစ်ခုဖြစ်တဲ့ Integral Ad Science ရဲ့ အမှုဆောင်ချုပ်ဖြစ်တဲ့ Scott Knoll ကတော့ ဒစ်ဂျစ်တယ်ကြော်ငြာကဏ္ဍရဲ့ အာရုဏ်ဦးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ က စတင်ခဲ့ပြီး ဒီအတော အတွင်းမှာပြုလုပ်ခဲ့တဲ့ အမှားအယွင်းတွေက ကြော်ငြာရှင်တွေကိုပြန်လည်ခြောက်လှန့်နေပြီလို့ ဆိုပါတယ်။ဒစ်ဂျစ်တယ်ကြော်ငြာအများစုဟာ User တွေကို မျှော်လင့်ချက် အတုတွေပေးတတ်ကြပြီး မှားယွင်းတဲ့သတင်းအချက် အလက်တွေကိုလည်းပေးတတ်ကြပါတယ်လို့လည်း မစ္စတာ Knoll က သုံးသပ်ခဲ့ပါတယ်။ ကြော်ငြာသူအများစုဟာ ၎င်းတို့ရဲ့ ကြော်ငြာတွေကို လူအများအပြားက တွေ့မြင်လေလေ၊ ပိုပြီးထိရောက်မှုရှိလေလေပဲလို့ ယူဆထားကြပြီး တကယ်တမ်းမှာတော့ အွန်လိုင်းလိမ်လည်သူတွေအတွက် အခွင့်အရေးတွေသာဖြစ်သွားတတ်ကြပါတယ်။

Read More>>> အထူးခြားဆုံးဖြစ်အောင်ပုံဖော်ခဲ့ပေမယ့် လွဲချော်သွားတဲ့ဒီဇိုင်းဖန်တီးမှုများ

ဒါ့ကြောင့်လည်း မစ္စတာ Knoll က “ကြော်ငြာတွေဟာ အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးလာကြပါတယ်။ User တွေအနေနဲ့လည်း အွန်လိုင်းပေါ်မှာ Cookies နဲ့ ဒစ်ဂျစ်တယ်ကြော်ငြာတွေရဲ့အနှောင့်အယှက်ပေးမှုကို ဆိုးရွားတဲ့အတွေ့အကြုံအဖြစ် ခံနေကြရပါပြီ”လို့ ဆိုခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် အွန်လိုင်းအသုံးပြုသူတွေအနေနဲ့လည်း Bots လို့ခေါ်တဲ့ကြော်ငြာကြည့်ရှု အားပေးခြင်းကို အလိုအလျောက် ဆောင်ရွက်တတ်စေတဲ့ပရိုဂရမ်များရဲ့ စိတ်အနှောင့်အယှက်ပေးခြင်းကိုလည်း ခံကြရပါသေးတယ်။ Flash-talking လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်ကြော်ငြာ အကျိုးသက်ရောက်မှုတိုင်းတာရေးအဖွဲ့ရဲ့ အမှုဆောင်ချုပ် John Nardone က “ကြော်ငြာတွေနဲ့ ကစားပွဲတစ်ခုဖန်တီးဖို့အတွက် တချို့က bots တွေကိုဖန်တီးကြပါတယ်။ ဒါတွေဟာ အဆင့်မြင့်ပြီးရှုပ်ထွေးတဲ့ ပရိုဂရမ်တွေဖြစ်လို့ လူသား User တွေလို အွန်လိုင်းဖောင်ပြည့်တာတွေ၊ စာမျက်နှာလိုက်ဖတ်တာတွေ စတဲ့ဟန်ဆောင် လုပ်ရပ်တွေကို ဖန်တီးနိုင်ပါတယ်။ ခင်ဗျားတစ်ခါမှ ဝင်မကြည့်ဖူးတဲ့ website တွေကိုလည်း ထောင်နဲ့ချီပြီးဖွင့်ပေးနိုင်သလို ကြော်ငြာတွေ လိုက်ကြည့်နိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

စိန်ခေါ်မှုနဲ့အကျပ်အတည်းတွေ အများအပြားထွက်ပေါ်လာပေမယ့် အွန်လိုင်းဒစ်ဂျစ်တယ်ကြော်ငြာက ယေဘုယျ အားဖြင့် ဆက်ပြီးတိုးတက်နေဦးမယ်လို့လည်း ကြော်ငြာနည်းပညာပလက်ဖောင်းတစ်ခုဖြစ်တဲ့ AdForm ရဲ့နည်းဗျူဟာဆိုင်ရာ အကြီးအကဲဖြစ်သူ Jochen Schlosser က ဆိုပါတယ်။ မီဒီယာကုမ္ပဏီနဲ့ နည်းပညာအဖွဲ့အစည်း ၆၅၀ ကျော်ပါဝင်တဲ့ ဗြိတိန်အခြေစိုက်အင်တာနက်ကြော်ငြာလုပ်ငန်းဆိုင်ရာအာဏာပိုင်အဖွဲ့ (IAB) ကတော့ ၂၀၁၇ ပထမနှစ်ဝက်အတွင်း အမေရိက ရဲ့ ဒစ်ဂျစ်တယ်ကြော်ငြာကဏ္ဍ၀င်ငွေဟာ ဒေါ်လာ ၄၀ ဘီလီယံအထိရှိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ်က ရရှိခဲ့တဲ့ဝင်ငွေထက် ၂၃ ရာခိုင်နှုန်းတိုးတက်လာခဲ့ခြင်းပါပဲ။ စမတ်ဖုန်းတွေကို ပေါပေါများများ အသုံးပြုလာတဲ့ဒီနေ့ခေတ်မျိုးမှာ ဒစ်ဂျစ်တယ် ကြော်ငြာကဏ္ဍက စုစုပေါင်း ၀င်ငွေရဲ့ထက်ဝက်ခန့်က မိုဘိုင်းဖုန်းတွေကနေတစ်ဆင့် ရရှိနေပြီဖြစ်ပါတယ်။

Packing Equipment (ပစ္စည်းထုပ်ပိုးမှုအတွက် လိုအပ်သည့်ပစ္စည်းဆိုင်ရာလုပ်ငန်းများ(၁၄၇)ခုကိုရှာရန်နှိပ်ပါ။)

လွန်ခဲ့တဲ့ ၅ နှစ်ခန့်က မိုဘိုင်းဖုန်းကနေ ရရှိတဲ့ဒစ်ဂျစ်တယ်ကြော်ငြာဝင်ငွေဟာ စုစုပေါင်းပမာဏရဲ့ ၇ ရာခိုင်နှုန်းသာရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ မယုံနိုင်လောက်အောင်တိုးတက်လာခဲ့တာပါ။ ဒါဟာ ဆိုရှယ်မီဒီယာလို website တွေအပါအဝင် အွန်လိုင်းစာမျက်နှာ အမျိုးမျိုးမှာ တင်ပြနေကြတဲ့ဗီဒီယိုဖိုင်တွေကြောင့်လည်း အပါအဝင်ဖြစ်တယ်လို့ IAB အဖွဲ့က ဆိုပါတယ်။ ဝင်ငွေပိုင်းအရ တိုးတက်မှုရှိနေဆဲဖြစ်ပေမယ့် အွန်လိုင်းစာမျက်နှာတွေမှာ User တွေ အပေါ်ကျရောက်နေတဲ့စိတ်အနှောင့်အယှက်တွေကို ဖယ်ရှားမပေးနိုင်ဘူး ဆိုရင်တော့ အထက်ကဆိုခဲ့သလို ပိတ်ဆို့ဖယ်ရှားရေးဆော့ဝဲတွေကို အားကိုးဖို့ကလွဲပြီးတခြားမရှိပါဘူး။ ဒါဆိုရင် ဒစ်ဂျစ်တယ်ကြော်ငြာကဏ္ဍ ကျရှုံးသွားတော့မှာဖြစ်ပြီး User တွေအနေနဲ့လည်း ကြော်ငြာကင်းတဲ့အွန်လိုင်းစာမျက်နှာတွေရရှိဖို့ ဆိုရှယ်မီဒီယာတွေကိုတောင် ငွေပေးသုံးစွဲရတာမျိုးဖြစ်လာပါလိမ့်မယ်။

Credit; Mobile Guide

 

Read times
Rate this item
(0 votes)