-->
×

Warning

JUser: :_load: Unable to load user with ID: 29


Customer ကို ဝန်ဆောင်မှုပေးတဲ့အခါ လုပ်ငန်းရှင်တွေမလုပ်သင့်တဲ့ အချက်များ

Customer ကို ဝန်ဆောင်မှုပေးတဲ့အခါ လုပ်ငန်းရှင်တွေမလုပ်သင့်တဲ့ အချက်များ Google

စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်တဲ့ နေရာမှာ Customer Service အရေးပါတဲ့ ကဏ္ဍတစ်ခုက ပါဝင်ပါတယ်။

Customer တွေမရှိဘူးဆိုရင် သင့်လုပ်ငန်းလဲ ရှိမှာမဟုတ်ပါဘူး။ အခု သင့်ရဲ့စီးပွားရေးလုပ်ငန်းပေါ်မှာ Customer ယုံကြည်လာအောင်၊ စိတ်ကြေနပ်မှုရရှိလာအောင် လုပ်ဆောင်တဲ့အခါမှာ လုပ်ငန်းရှင်တွေအတွက် အဟန့်အတားဖြစ်စေတဲ့ အချက်တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။


၁။ ကတိပေးထားပေမယ့်လည်း အကောင်အထည်မဖော်နိုင်ခြင်း

လုပ်ငန်းရှင်နဲ့ Customer ကြားက မျှော်မှန်းချက်ကွာဟမှုကို ပြောတာပါ။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးအနေနဲ့ ကိုယ့်ရဲ့ Customer တွေရဲ့ ယုံကြည်မှုကိုရရှိဖို့ ကိုယ်ကတိပေးထားပြီးတဲ့ ကိစ္စတွေကို စေ့စေ့စပ်စပ် လိုက်ကြည့်နေရမှာ ဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းရဲ့ ကြော်ငြာစာသားတွေ၊ Campaign တွေမှာ Customer တွေကို ဘယ်လို ကတိပေးထားသလဲဆိုတာကို သေချာစစ်ဆေးပြီး လုပ်ငန်းအနေနဲ့ အဲ့ဒီကတိစကားအတိုင်း တစ်သွေမသိမ်းပေးနိုင်အောင် ကြိုးစားသင့်ပါတယ်။


၂။ ဝန်ဆောင်မှုကောင်းကောင်းပေးဖို့ ငွေသုံးလိုစိတ်မရှိခြင်း

ယနေ့ခေတ်မှာ ကောင်းမွန်တဲ့ Customer Experience တွေပေးနိုင်ဖို့ဆိုတာ ကောင်းမွန်တဲ့ Product တစ်ခုရှိဖို့ထက် အများကြီးပိုအရေးကြီးလာနေပြီဆိုတာ မငြင်းနိုင်ပါဘူး။ အဲ့ဒီတော့ ကိုယ့်လုပ်ငန်းကို စီးပွားတက်ချင်တယ်ဆိုရင် Product ကောင်းဖို့ပဲ အာရုံအရမ်းကြီးစိုက်မနေပဲ။ ကိုယ့်လုပ်ငန်းရဲ့ Customer ဝန်ဆောင်မှုကို အကောင်းဆုံးပေးနိုင်ဖို့ကိုပါ အဓိကအလေးပေးရမှာဖြစ်ပါတယ်။

ပိုမိုထိရောက်တဲ့ Marketing တွေ ဖန်တီးနိုင်တော့မယ့် WhatsApp Advertising


၃။ Customer တွေကို ကြာရှည်ထိန်းထားဖို့ မကြိုးစားခြင်း

Customer ရဲ့ Loyalty ဆိုတာ အချိန်တိုတိုနဲ့ ရရှိလာနိုင်တာမျိုး မဟုတ်ပါဘူး။ ဝန်ဆောင်မှုကောင်းကောင်း တစ်ခါပေးလိုက်လို့ Customer တွေဆီက ကိုယ့်လုပ်ငန်းအပေါ် Loyalty လွယ်လွယ်ရလာမှာ မဟုတ်ပါဘူး။ ကိုယ့်လုပ်ငန်းအပေါ် သစ္စာရှိနေဖို့ဆိုတာ နေ့စဉ်အချိန်တိုင်းမှာ ကိုယ့် Customer တွေကို ဝန်ဆောင်မှုကောင်းတွေပေးရင်းနဲ့မှ ရရှိလာတာဖြစ်ပါတယ်။

ဒါကြောင့်လည်း ဝန်ဆောင်မှုကောင်းကောင်းကို တစ်ကြိမ်လောက်ပေးဖို့သက်သက်တင်မဟုတ်ပဲ ကိုယ့်ရဲ့ဖောက်သည်တွေကို အကောင်းဆုံးဝန်ဆောင်မှုတွေ အချိန်တိုင်းပေးနိုင်မှသာ Loyalty ရနိုင်တယ်ဆိုတာသိထားရမှာဖြစ်ပြီး ဒီလိုသာအချိန်တိုင်း အကောင်းဆုံး ဝန်ဆောင်မှုပေးနေနိုင်ပြီဆိုရင်တော့ ကိုယ့်ရဲ့ဖောက်သည်တွေ ကိုယ့်ဆီကဘယ်တော့မှ ခွာသွားတော့မှာမဟုတ်ပါဘူး။


၎။ Customer များက ဝန်ဆောင်မှုကောင်းကောင်းရဖို့ မျှော်လင့်နေခြင်း

Customer တွေဘက်ကကြည့်ရင်လည်း သူတို့ရဲ့ငွေကြေးကိုထုတ်ပေးပြီး ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကို ဝယ်ယူရတာဖြစ်လို့ သူတို့ပေးလိုက်ရတဲ့ ငွေကြေးနဲ့တန်မှုကိုသာ မျှော်လင့်တတ်ကြပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းတွေမှာ ကိုယ့်လုပ်ငန်းအနေနဲ့ အခြားပြိုင်ဘက်လုပ်ငန်းတွေထက် သာလွန်ကောင်းမွန်တဲ့ ဝန်ဆောင်မှုအိုင်ဒီယာတွေ၊ ကိုယ့်ဖောက်သည်တွေ မျှော်လင့်တတ်ကြမယ့် ဝန်ဆောင်မှုအိုင်ဒီယာကောင်းတွေကို အမြဲထုတ်ပြီး ပေးနိုင်ဖို့အတွက် ကြိုးစားနေရမှာဖြစ်ပါတယ်။


Source;Moe
Myanmar Advertising Directory

Read times
Rate this item
(1 Vote)