-->
×

Warning

JUser: :_load: Unable to load user with ID: 29


အရောင်းအဝယ်သမားတွေ လေ့လာထားသင့်တဲ့ နည်းဗျူဟာ (၇)ချက်

အရောင်းအဝယ်သမားတွေ လေ့လာထားသင့်တဲ့ နည်းဗျူဟာ (၇)ချက် Google

Mark Weinstein (မာ့ခ်ဝိန်းစတိန်း) ဟာ စတော့ရှယ်ယာဈေးကွက်မှာသာမကဘဲ ငွေကြေးဈေးကွက်၊ commodity ဈေးကွက်၊ အနာဂတ်ဈေးကွက်၊ Option ဈေးကွက်တွေမှာ လူသိများပြီး အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူဟာ MeWe ရဲ့ တည်ထောင်သူ CEO တစ်ယောက်လည်းဖြစ်ပါတယ်။ Mark Weinstein ရဲ့ ဈေးကွက်မှာ အောင်မြင်ခဲ့တဲ့ အရောင်းအဝယ်နည်းဗျူဟာ (၇) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အိမ်စာအမြဲလုပ်ပါ။ ကိုယ်အရောင်းအဝယ် လုပ်မယ့်အရာနဲ့ ဈေးကွက်ကိုပိုင်ပိုင်နိုင်နိုင်သိအောင် အဖက်ဖက်ကလေ့လာပါ။

၂။ ကိုယ့်ကိုယ်ကို နှိမ့်ချပါ။ မိမိကိုယ်ကို အထင်ကြီးနေတာဟာ အန္တရာယ်ထိန်းချုပ်မှု (risk control) လုပ်ဖို့အတွက် မေ့သွားစေပါတယ်။ ဒါကြောင့် အကောင်းဆုံး အရောင်းအဝယ်သမား (trader) ဟာ အနှိမ်ချဆုံးသူပါ။

၃။ ကိုယ့်ရဲ့ အကန့်အသတ်တွေကို သိပါ။ လူတိုင်းမှာ အကန့်အသတ်ရှိပါတယ်။ အတော်ဆုံး အရောင်းအဝယ်သမားဆီမှာတောင် အကန့်အသတ်တွေရှိပါတယ်။

၎။ ကိုယ်တိုင် လွတ်လွတ်လပ်လပ် တွေးခေါ်ဆုံးဖြတ်ပါ။ သူများလုပ်တာ မြင်လို့ လိုက်လုပ်ရင်၊ လူအုပ်ကြီးနောက် မျက်စိမိတ်ပြီး လိုက်နေရင် အနှေးနဲ့အမြန် ဆုံးရှုံးမှု ကြုံရမှာပါ။

Email ကို အချိန်အတိအကျနဲ့ ပို့ချင်သူတွေအတွက် Google ရဲ့ Feature အသစ်

၅။ သေချာပေါက်မြတ်မယ့် အခွင့်အလမ်း သူ့ဘာသာသူ မပေါ်လာမချင်း အရောင်းအဝယ် မလုပ်ပါနဲ့။ ဘယ်အချိန်မှာ ဈေးကွက်နဲ့ ကင်းကင်းနေရမလဲဆိုတာကို သိဖို့ဟာ ဘယ်အချိန်မှာ ဈေးကွက်ထဲဝင်ရမလဲဆိုတာကို သိဖို့လောက် အရေးကြီးပါတယ်။

၆။ ပတ်ဝန်းကျင်အခြေအနေအရ ကိုယ့်ရဲ့အရောင်းအဝယ်ဗျူဟာကို လိုက်ပြောင်းနိုင်ဖို့လိုပါတယ်။ လူတွေရဲ့ အများဆုံးအမှားက ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ဗျူဟာတခုတည်းကို အသေကိုင်ထားတာပါ။ ပြီးရင် ပြောကြပါလိမ့်မယ်။ "သေစမ်းကွာ၊ ဈေးကွက်က ငါထင်ထားတဲ့အတိုင်း ဖြစ်မလာဘူး" လို့။ ဘဝနဲ့ ဈေးကွက်ဆိုတာ အမြဲတမ်းတသမတ်တည်း ဖြစ်နေတာ မဟုတ်ဘူးဆိုတာကို သိထားပါ။

၇။ အမြတ်ရပြီးရင် ပေါ့ပေါ့လျော့လျော့ ဖြစ်မသွားဖို့လိုပါတယ်။ ရပြီးသားအမြတ်ကို ပြန်ရှုံးမသွားအောင် ထိန်းထားဖို့က အခက်ဆုံးပါ။ ကိုယ့်ရဲ့ ပထမ ရည်မှန်းချက်ပြည့်သွားလို့ ဒုတိယ ရည်မှန်းချက်ကို ချတဲ့အခါမှာလည်း ရည်မှန်းချက်က ပြောင်းလေ့မရှိပါဘူး။ ဒါကတော့ ငွေပိုရအောင် လုပ်ဖို့ပါပဲ။ ဒုတိယ ရည်မှန်းချက်ကို ရတဲ့အခါ ပထမရည်မှန်းချက်ကို ရတုန်းကလောက် စိတ်ကျေနပ်မှုကို မခံစားရတော့ပါဘူး။ ကိုယ်တကယ်လိုချင်တာက ဘာလဲဆိုပြီး ကိုယ့်ကိုကိုယ် ပြန်မေးခွန်းထုတ်လာကြပါတယ်။ ဒါနဲ့ပဲ ကိုယ့်အလုပ်မှာ ပေါ့ပေါ့လျော့လျော့ ဖြစ်လာပြီး မြတ်ထားသမျှ ပြန်ဆုံးရှုံးလေ့ ရှိပါတယ်။

Source; စီးပွားရေးနည်းဗျူဟာများ
Myanmar Advertising Directory

Read times
Rate this item
(2 votes)