-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်တည်ထောင်ဖို့ လိုအပ်တဲ့ငွေကို စုဆောင်းနည်း (၅)မျိုး

ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်တည်ထောင်ဖို့ လိုအပ်တဲ့ငွေကို စုဆောင်းနည်း (၅)မျိုး Google

ပြောင်းလဲတိုးတက်လာတဲ့ ခေတ်လူငယ်အများစုဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ချင်ကြပါတယ်။

ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့အတွက် ပိုက်ဆံနည်းနည်းဆီစုတက်ဖို့လိုပါမယ်။ ဒါကြောင့် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့အတွက် ပိုက်ဆံစုနည်း နည်းလမ်းကောင်းတွေနဲ့ အခြားလိုအပ်မယ့်နည်းလမ်းတွေကိုပါ အထောက်အကူဖြစ်အောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ သူငယ်ချင်းတွေနဲ့ အပြင်သွားမယ့်စရိတ်ကို စုပါ။

သူငယ်ချင်းတွေ အပြင်သွားဖို့ခေါ်တိုင်းငြင်းတက်ပါစေ။ အပြင်တစ်ခါတစ်ခါသွားရင် သွားရမယ့်နေရာက မရောက်သေးဘူး။ လမ်းမှာတင် ကားခနဲ့အရင်ကုန်နေတတ်ပါတယ်။ သွားရမယ့်နေရာရောက်ရင်လည်း စားစရိတ်၊ သောက်စရိတ်က ၅၀၀၀ နဲ့အထက်မှာရှိပါတယ်။ စားလို့သောက်လို့ပြီးရင် အိမ်မပြန်ပဲနေလို့ကလည်းမဖြစ်တော့ အိမ်အပြန်စရိတ်ကတော့ကုန်ပြန်ရော။ အားလုံးပေါင်းရင် ၂၀၀၀၀ လောက်တော့ အသာလေးကုန်သွားပါတယ်။ ဒီတော့ အပြင်သွားဖို့ကို မလိုက်ပဲ ကုန်မယ့်စရိတ် ၂၀၀၀၀ကို စုလိုက်ပါ။

၂။ Trend နောက်လိုက်ပြီး မလိုအပ်တာတွေမဝယ်မိပါစေနဲ့။

Social Media တွေ အမြဲလိုလိုကြည့်နေရတော့ မြင်မိလေတဲ့သူတွေကို အားကျပြီး သူတို့သုံးတာမျိုးကို မလိုအပ်ပေမယ့်လည်း သုံးချင်တာမျိုးတွေရှိမယ်။ ဒီလိုကိစ္စမျိုးကျတော့ လူတိုင်းကိုယ့်ကိုယ်ကိုသတိမထားလိုက်မိပဲ ဖြစ်တတ်တာပါတယ်။ ကိုယ်လည်း သူတို့လိုမျိုးလှချင်တယ်။ အဲဒီလိုဖြစ်ရင်းကနေ သူတို့သုံးတာတွေ လိုက်မှာ၊ လိုက်ဝယ်မိတတ်ကြတယ်။ သူ့တို့လို Trend တစ်ခုကိုလိုက်ပြီး သာယာနေတဲ့သူတွေကို အားကျမိရင် ကိုယ့်ရဲ့ ပန်းတိုင်ကို ရောက်ဖို့နှောင့်နှေးနေပါလိမ့်မယ်။

၃။ ကိုယ်တိုင်ချက်စားလို့ရတဲ့အရာတွေကို အပြင်မှာဝယ်မစားပါနဲ့။

အိမ်မှာ ကိုယ့်ဟာကိုယ်ချက်စားလို့ရရက်နဲ့ အပြင်စာတွေစားတာ ကိုယ့်ကျန်းမာရေးကိုဖျက်စီးရာလည်း ရောက်ပါတယ်။ ဒါကြောင့် အပြင်အစားအစာတွေစားတာဟာ ပိုက်ဆံအလဟဿဖြုန်းတီးတာနဲ့တူတူပါပဲ။ အပြင်စာတွေဟာ ဈေးနှုန်းက ၅၀၀၀ ကျပ်နဲ့ အထက်မှာရှိပါတယ်။ ဒီတော့ တက်နိုင်သမျှ အိမ်ထမင်းအိမ်ဟင်းကို မပျင်းမရိပဲ ဇွဲရှိရှိထည့်ပေးကြပါနော်။

Read More>>> ဒီဂျစ်တယ်အေဂျင်စီမလိုပဲ မိမိရဲ့လုပ်ငန်းတွေကို လူသိများစေမယ့် ကြော်ငြာနည်းလမ်းများ

၎။ ကိုယ်မသုံးဖြစ်တဲ့ပစ္စည်းတွေကို ပြန်ရောင်းပြီးငွေစုပါ။

ကိုယ်မသုံးဖြစ်တဲ့ပစ္စည်းတစ်ခုက အကောင်းလည်းရှိနေသေးတယ်ဆိုရင် ပြန်သာရောင်းလိုက်ပါ။ ပြန်ရောင်းတဲ့အခါမှာ ကိုယ်ဝယ်ထားတုန်းကဈေးလောက်တော့ ရောင်းမထွက်နိုင်ဘူးဆိုတာကို သတိထားရပါမယ်။ ကိုယ်အတွက်လည်း အသုံးမဝင်တော့မယ့်အတူတူ ရောင်းလို့ရတဲ့ပိုက်ဆံကို စုငွေထဲထည့်ထားလို့ရနိုင်သွားတယ်လေ။ အဲဒီပစ္စည်းက တကယ်အသုံးလိုနေပြီး အသစ်မဝယ်နိုင်တဲ့သူတွေအတွက်လည်း ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရသွားတော့ နှစ်ဦးနှစ်ဖက်စလုံးအကျိုးရှိပါတယ်။

၅။ ဘဏ်နဲ့ရော စုဘူးနဲ့ပါစုပါ။

နောက်ဆုံးအချက်အနေနဲ့ ကိုယ်စုတဲ့စုငွေကို ဘဏ်နဲ့ရော စုဘူးနဲ့ပါစုပါ။ စုဘူးထဲမှာ စုတဲ့ပိုက်ဆံကို ကိုယ်မဖြစ်မနေလိုချင်တာအတွက် ဝယ်ဖို့ထားပြီး ဘဏ်ထဲမှာ စုတဲ့ပိုက်ဆံကို ကိုယ်စလုပ်မယ့်ကိုယ်ပိုင်လုပ်ငန်းအတွက် အသုံးချပါ။ ဒီတော့မှ ကိုယ့်အတွက်လည်း ကိုယ်ဝယ်လို့ရနိုင်မယ်။ ကိုယ်ပိုင်စီးပွားရေးအတွက် စတင်တည်ထောင်ဖို့အတွက်လည်း အသုံးချဖို့ပိုက်ဆံအလုံအလောက်ရှိနေပြီပေါ့။

အပေါ်မှာဖော်ပြခဲ့တဲ့ နည်းလမ်း ၅ ချက်နဲ့ ပိုက်ဆံကို စီမံခန့်ခွဲပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခုကို စတင်တည်ထောင်နိုင်ပါတယ်။

Ref; Redrose
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)