-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့ကြပေမယ့် အောင်မြင်မှုရရှိခဲ့တဲ့ ကမ္ဘာကျော် Brand များ

ပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့ကြပေမယ့် အောင်မြင်မှုရရှိခဲ့တဲ့ ကမ္ဘာကျော် Brand များ Google

အောင်မြင်တဲ့ Brand တစ်ခုဖြစ်လာဖို့ဆိုတာ အပြိုင်အဆိုင်တွေကို ရင်ဆိုင်ရပါတယ်။

ပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့ကြပေမယ့် အောင်မြင်မှုတွေရရှိခဲ့တဲ့ ကမ္ဘာကျော် Brand တွေလဲရှိပါတယ်။

(၁) Pepsi Vs. Code

coke vs pepsi

Code နဲ့ Pepsi တို့ဟာ အချိုရည်ကုမ္ပဏီတွေ ဖြစ်ကြပါတယ်။ အဲဒီ Brand နှစ်ခုစလုံးဟာ ကမ္ဘာ့နိုင်ငံအားလုံးလိုလိုမှာ နာမည်ကျော်ကြားလူသိများကြပါတယ်။ ဒါပေမယ့် ဒီ Brand နှစ်ခုစလုံးဟာ ၎င်းတို့ရဲ့ ရောင်းအားတက်သထက်တက်စေရန်အတွက် အနုပညာရှင်တွေ အပြိုင်အဆိုင်ငှါးရမ်းပြီး သူ့ထက်ငါဦးအောင် ကြော်ငြာနေကြဆဲဖြစ်ပါတယ်။

(၂) Marvel Vs. DC

marvel vs dc twitter trending topic 2018 1079944

ဒီကုမ္ပဏီ နှစ်ခုစလုံးကတော့ အားလုံးသိကြတဲ့ အတိုင်း စူပါဟီးရိုးကာတွန်းစာအုပ်တွေကို ထုတ်လုပ်ရောင်းချကြတာ ဖြစ်ပါတယ်။ ဒီကုမ္ပဏီနှစ်ခုစလုံးဟာ ကာတွန်းဇာတ်ကောင်တွေကို အပြိုင်အဆိုင်ရေးဆွဲလာကြတာဟာ အခုဆိုရင်တော့ နှစ်ပေါင်း(၈၀) နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ဇာတ်ကောင်တွေဟာ ကာတွန်းစာအုပ်တွေထဲမှာတင်မကဘဲ ဟောလိဝုဒ်ရုပ်ရှင်လောကမှာပါ အောင်မြင်နေကြတာကိုလည်း တွေ့ပါတယ်။ ဒါကြောင့် ယှဉ်ပြိုင်မှုတွေဟာ ပိုပြီးပြင်းထန်လာတာ ဖြစ်ပါတယ်။

(၃) Mcdonalds Vs. Burger King

4 28

အသင့်စား အစားအစာတွေဖြစ်ကြတဲ့ Mcdonald’s နဲ့ Bugar King ဟာလည်း ပြိုင်ဖက်တွေပါပဲ။ သူတို့နှစ်ခုရဲ့ ထူးခြားချက်ကတော့ ဈေးနှုန်းချိုသာမှုထက် အရည်အသွေးကောင်းမွန်မှုကို ပိုပြီးဦးစားပေးတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း Mcdonald’s ဟာဆိုင်ခွဲပေါင်း ၁၄,၃၀၀ ကို ပိုင်ဆိုင်ထားပြီး Bugar King ကတော့ ၇,၄၀၀ ကိုသာဖွင့်လှစ်ထားနိုင်တာကြောင့် လတ်တလော အခြေအနေမှာတော့ Mcdonald’s ကအသာစီးရနေတယ်လို့ ဆိုရမှာပါ။

Read More>>> Facebook မှာကြော်ငာမယ်ဆိုရင် သိထားရမယ့်ရည်ရွယ်ချက် (၁၁)ခု

(၄) MasterCard Vs. Visa Card

news 18810 n

အွန်လိုင်းငွေပေးချေရေး ဝန်ဆောင်မှု ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Master နဲ့ Visa ဟာလည်း ပြိုင်ဘက်တွေဖြစ်ကြပါတယ်။ သူတို့ Card နှစ်ခုစလုံးဟာ နာမည်ကောင်းတွေကိုယ်စီရှိတာကြောင့် ဘယ်အရာကပိုကောင်းသလဲဆိုတာ ပြောပြဖို့တော့ ခက်ခဲမယ်ထင်ပါတယ်။

(၅) Canon Vs. Nikon

584205 comparison cameras nikon d3400 vs canon eos rebel t6

ယခု Brand နှစ်ခုစလုံးဟာ အီလက်ထရွန်းနစ် ပစ္စည်းတွေထုတ်လုပ်ရာင်းချကြတာဖြစ်ပြီး ဂျပန်နိုင်ငံအခြေစိုက်ကုမ္ပဏီတွေ ဖြစ်ကြပါတယ်။ လက်ရှိမှာတော့ Canon ဟာ အနည်းငယ် ရောင်းအားပိုတက်နေပုံရပါတယ်။

(၆) Microsoft Vs. Apple

Apple vs. Microsoft

အားလုံးသိကြတဲ့အတိုင်း Microsoft နဲ့ Apple ကတော့ ကမ္ဘာကျော်နည်းပညာကုမ္ပဏီကြီးတွေ ဖြစ်ကြပါတယ်။ အဲဒီကုမ္ပဏီ နှစ်ခုစလုံးဟာ ပြိုင်ဖက်တွေ ဖြစ်ကြပေမယ့်လည်း သူုတို့ကို စတင်တည်ထောင်ခဲ့တဲ့ Steve Jobs နဲ့ Bill Gates တို့ဟာ Steve မဆုံးခင်နောက်ဆုံးအချိန်အထိ အရမ်းကိုရင်းနှီးဖော်ရွေစွာ ပေါင်းသင်းဆက်ဆံခဲ့ကြတာကို တွေ့ရပါတယ်။

Credit; လူငယ်မီဒီယာ
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)