-->
×

Warning

JUser: :_load: Unable to load user with ID: 29


တစ်ကမ္ဘာလုံးလစာအမြင့်ဆုံးရရှိနေတဲ့ ရာထူးအလုပ်အကိုင် (၆)မျိုး

တစ်ကမ္ဘာလုံးလစာအမြင့်ဆုံးရရှိနေတဲ့ ရာထူးအလုပ်အကိုင် (၆)မျိုး Google

လူတိုင်းမှာ ကိုယ်နဲ့ မိသားစုအတွက် ကောင်းမွန်လှပတဲ့ ဘ၀လေးဖန်တီးချင်တဲ့ ဆန္ဒကိုယ်စီရှိပါတယ်။ ဒါကြောင့်လည်း လူတွေဟာ အလုပ်ကြိုးစားကြတယ်။

ကိုယ်မျှော်မှန်းထားတဲ့ဘ၀လေး တစ်နေ့ပိုင်ဆိုင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အလုပ်လုပ်ကြပါတယ်။ တစ်ခါတစ်လေမှာတော့ အလုပ်ပြီးရင်း အလုပ်၊ အလုပ် ဖြစ်နေပေမယ့် လုပ်နေတဲ့အလုပ်က လစာကောင်းကောင်း မရတာတွေလည်း ရှိပါတယ်။ ကိုယ်က အောင်မြင်တဲ့ အနုပညာရှင်လည်းမဟုတ်၊ ထင်ရှားကျော်ကြားသူလည်း မဟုတ်ပေမယ့် ပုံမှန်အလုပ်လုပ်ရင်း လစာကောင်းကောင်း လိုချင်တယ်ဆိုရင်တော့ လူငယ်တွေအနေနဲ့ ဖော်ပြထားတဲ့ အလုပ်အကိုင်တွေကို လေ့လာလုပ်ကိုင်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ အောက်ဘက်မှာတော့ ကမ္ဘာတစ်ဝှမ်းက အလုပ်အကိုင်တွေအားလုံးကို စာရင်းပြုစုပြီး လစာအမြင့်ဆုံးရနေတဲ့ အလုပ်အကိုင်(၆) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သွားဆရာဝန်

84580671

ကမ္ဘာမှာ ကြေးအမြင့်ဆုံးအလုပ်အကိုင်ကတော့ သွားဆရာဝန်ပါ။ ကမ္ဘာတစ်ဝှမ်းက ဆေးဝါးကုသမှုတွေထဲ သွားရောဂါကုသမှုဟာ ဈေးအကြီးဆုံးတွေထဲက တစ်ခုဖြစ်တာကြောင့် သွားဆရာဝန်တွေကလည်း လစာအရမ်းကောင်းတာပါ။ အမေရိကန်မှာတော့ သွားဆရာဝန်တစ်ဦးရဲ့ နှစ်စဉ်ဝင်ငွေဟာ ဒေါ်လာ (၂၂၅,၀၀၀) ဖြစ်ပြီး အင်္ဂလန်မှာတော့ (၁၃၅,၀၀၀) ၀င်ငွေရှိကြောင်း သိရပါတယ်။

(၂) CEO

130384 entregar revisao amanha 0610 17h entenda a importancia da mulher no conselho administrativo e1515026344352

အမှုဆောင်အရာရှိချုပ်လို့ အများခေါ်ကြတဲ့ စီအီးအိုတစ်ဦးဟာ ကုမ္ပဏီတိုးတက်ဖြစ်ထွန်းဖို့ အဓိကလုပ်ဆောင်နေရသူတွေပါ။ အခြားလုပ်ငန်းတွေနဲ့ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်တာ၊ ကုမ္ပဏီတစ်ခုလုံးကို ထိန်းချုပ်ကွပ်ကဲနေရသူတွေဟာ စီအီးအိုတွေပါ။ အမေရိကန်မှာတော့ စီအီးအိုတစ်ဦးဟာ တစ်နှစ်ကို ဒေါ်လာ(၄၃၀,၀၀၀) ရရှိပြီး အင်္ဂလန်မှာတော့ (၂၉၅,၀၀၀) နီးပါးရရှိပါတယ်။

(၃) ဈေးကွက်ရှာဖွေရေးမန်နေဂျာ

csm careers job profiles marketing manager 477439390 rieter 99cda65124

ဒီရာထူးအတွက် MBA ကတော့ မရှိမဖြစ်ပါပဲ။ အမေရိကန်မှာတော့ ဈေးကွက်ရှာဖွေရေးမန်နေဂျာတစ်ဦးရဲ့ ၀င်ငွေဟာ ဒေါ်လာ(၁၀၂,၀၀၀) ရှိပြီး အင်္ဂလန်မှာတော့ (၇၃,၀၀၀) ရှိပါတယ်။ ကနေဒါမှာတော့ ဒေါ်လာ (၁၁၅,၀၀၀) အထိ လုပ်ခလစာရှိကြောင်းသိရပါတယ်။

(၄) Senior Software Engineer

download 2

ကွန်ပြူတာပညာရှင်တွေက နေရာတော်တော်ယူလာတာကို စာဖတ်သူတွေ သဘောပေါက်လောက်ပါပြီ။ အတွေ့အကြုံတွေရင့်ကျက်ပြီး ဂျူနီယာအဆင့်ကနေ စီနီယာအဆင့်ထိလှမ်းနိုင်ခဲ့မယ်ဆိုရင် ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ယောက်ရဲ့ နှစ်စဉ်ဝင်ငွေဟာ ဒေါ်လာ(၁၅၇,၀၀၀) နီးပါးလောက် ရှိနေပါတယ်။ အချို့အလုပ်တွေဆိုရင် နေစရာအခန်း၊ ဆေးစရိတ်စတာတွေပါ ပေးထားပါသေးတယ်။

(၅) Computer System Analyst

result 4 57b240775f9b58b5c29191fc


SA တစ်ဦးဟာ တစ်နှစ်ကို ဒေါ်လာ (၁၂၀,၀၀၀) အလွယ်တကူ စုဆောင်းနိုင်ပါတယ်။ SA တစ်ဦးအနေနဲ့ ကွန်ပြူတာရဲ့ hardware ပိုင်း၊ software ပိုင်းအပြင် networking ပိုင်းတွေပါ စွယ်စုံသိနေရမှာဖြစ်ပါတယ်။

(၆) စက်မှုအင်ဂျင်နီယာ

mech dept img

အင်ဂျင်နီယာပညာရပ်ပိုင်းမှာ စက်မှုအင်ဂျင်နီယာတွေဟာ အခြားအင်ဂျင်နီယာဘာသာရပ်တွေထက် ပိုပြီးဝင်ငွေကောင်းသလို အလုပ်လည်းလွယ်ကူပါတယ်။ အထူးသဖြင့် စက်မှုအင်ဂျင်နီယာတွေကို ဥရောပနဲ့ အာရေဗျဘက်က အလုပ်ခေါ်များကြပြီး လစာလည်းကောင်းကောင်းပေးလေ့ရှိပါတယ်။ စက်မှုအင်ဂျင်နီယာတစ်ဦးဟာ တစ်နှစ်ကိုလစာဒေါ်လာ (၁၀၀,၀၀၀) လောက် ပျမ်းမျှရရှိပါတယ်။

အခုဖော်ပြပေးခဲ့တာကတော့ တစ်ကမ္ဘာလုံးလစာအမြင့်ဆုံးရရှိနေတဲ့ အလုပ်အကိုင်(၆) မျိုးပဲဖြစ်ပါတယ်။

Read More >>> ဖေ့ဘွတ်ခ်စတင်ဖို့ ငွေအရင်းအနှီးထုတ်ပေးတဲ့ ပူးတွဲတည်ထောင်သူ Eduardo Saverin

Ref; လင်းလင်း (ShweMom)
Myanmar Advertising Directory

 

Read times
Rate this item
(0 votes)