-->
×

Warning

JUser: :_load: Unable to load user with ID: 29


အချိန်ပြည့်အလုပ်လုပ်ကိုင်နေရင်း စီးပွားရေးလည်းတစ်ဖက်တစ်လမ်းက လုပ်ဆောင်ချင်တယ်ဆိုရင်

အချိန်ပြည့်အလုပ်လုပ်ကိုင်နေရင်း စီးပွားရေးလည်းတစ်ဖက်တစ်လမ်းက လုပ်ဆောင်ချင်တယ်ဆိုရင် Google

လူအများစုဟာ ရုံးချိန်အတွင်းမှာပဲ အလုပ်လုပ်ကိုင်နေကြပြီး ကိုယ်တိုင်တစ်ပိုင်တစ်နိုင်အလုပ်လေး စတင်လုပ်ဆောင်ဖို့အတွက် တွေဝေနေတက်ကြပါတယ်။

ဘယ်သူမဆို သူများအလုပ်မှာလုပ်နေရတာထက်စာရင် ကိုယ်တိုင်ကိုယ်ကျသူဌေးဘဝနဲ့ ရပ်တည်ချင်ကြသူချည်းပဲလို့ ထင်ပါတယ်။ အရေးကြီးတာက ကိုယ့်အတွက်ကိုယ်ရပ်တည်ပြီး ကိုယ်ပိုင်အလုပ်လေးလေးနဲ့ ကိုယ်ပိုင်ဝင်ငွေတွေရှာချင်တဲ့ အတွေးစိတ်ကူးမျိုးရှိနေမယ်ဆိုရင်တော့ ကိုယ့်စိတ်နှလုံးသားထဲမှာ အိပ်မက်တစ်ခုလို အမြဲတမ်းစွဲထင်ရည်ရွယ်နေတဲ့ လုပ်ဆောင်ချင်တဲ့အရာက ဘာလဲဆိုတာသိအောင်လုပ်ရမယ်။

များစွာသော စီးပွားရေးလုပ်ငန်းရှင်တွေဟာ စီးပွားရေးတစ်ဖက်နဲ့ စတင်လုပ်ဆောင်ဖို့ အားပေးကြပါတယ်။ ဆိုလိုတာက ကိုယ်ကအချိန်ပြည့်ဝန်ထမ်းအဖြစ်နဲ့ အသက်မွေးဝမ်းကျောင်မှု ပြုလုပ်နေရတယ်ဆိုရင်တောင် ကိုယ့်ရဲ့ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး အလဟတ်သတ်မဖြစ်စေဖို့ လိုပါတယ်။ ဒါပေမယ့် အချိန်ပြည့်အလုပ်လုပ်ကိုင်နေရင်း စီးပွားရေးလည်းတစ်ဖက်တစ်လမ်းက လုပ်ဆောင်မယ်ဆိုရင် အခက်အခဲတွေတော့ ရှိလာနိုင်တယ်။ ထိခိုက်မှုတွေ၊ အတော်များများ စွန့်လွှတ်လိုက်ရတာတွေလည်း ရှိလာနိုင်ပါတယ်။ ဒါကြောင့် အောက်မှာ ဖော်ပြထားတဲ့ အချက် (၃)ချက်ကို ရင်ထဲမှာစွဲမှတ်ထားဖို့လိုပါတယ်။

(၁) အလေ့အထတွေကို စီးပွားရေးအိုင်ဒီယာတွေအဖြစ် ပြောင်းလဲပါ။

လူအများစုဟာ ဘာတွေညာတွေမှာ ပရော်ဖက်ရှင်နယ်ကျကျ ကျွမ်းကျင်မှုတွေလိုတယ်၊ မလိုဘူးဆိုတာကို ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ပြဋ္ဌာန်းနေဖို့ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် တကယ်တော့ စီးပွားရေးအိုင်ဒီယာတွေက ကိုယ့်ရဲ့ အလေ့အထတွေဆီကနေ ကူးပြောင်းလာတာများပါတယ်။

(၂) အင်အားသုံးနိုင်သမျှ သုံးပြီးလုပ်ဆောင်ပါ။

စီးပွားရေးအိုင်ဒီယာတွေအဖြစ် ပြောင်းလဲလုပ်ဆောင်နိုင်ဖို့အတွက် ကိုယ့်မှာဘာတွေရှိနေပြီလဲဆိုတာ ကြည့်ပါ။ လိုအပ်ပါက Brainstorm လုပ်ပါ။ ပြီးရင် သင့်ကိုကိုယ်ပိုင်စီးပွားရေးလမ်းပေါ်ရောက်အောင် လုပ်ဆောင်ပေးနိုင်မယ့် အထောက်အပံ့ဖြစ်စေတဲ့ ကိုယ်ပိုင်အရာတွေဘာတွေရှိမလဲရှာဖွေပြီး အသုံးချရပါမယ်။

(၃) ကိုယ့်ရဲ့ဝင်ငွေတိုးပွားလာဖို့အတွက် ကိုယ့်အလုပ်အကိုင်တွေကို အသုံးချပါ။

တစ်ခါတစ်ရံမှာ အလွယ်ကူဆုံးနဲ့ အကောင်းဆုံး စီးပွားရေးအိုင်ဒီယာတွေက ကိုယ်လုပ်ကိုင်ဆောင်ရွက်နေတဲ့ အရာတွေထဲကနေ ပေါ်ထွက်လာတတ်ကြတယ်။

Read More>>>  ထိုက်သင့်တဲ့အောင်မြင်မှုတွေမရတာဟာ သင့်ကိုဒီအချက်တွေက တားဆီးနေလို့ပါ...

Credit: Lifehack

 

Read times
Rate this item
(1 Vote)