-->
×

Warning

JUser: :_load: Unable to load user with ID: 29


ထိုက်သင့်တဲ့အောင်မြင်မှုတွေမရတာဟာ သင့်ကိုဒီအချက်တွေက တားဆီးနေလို့ပါ...

ထိုက်သင့်တဲ့အောင်မြင်မှုတွေမရတာဟာ သင့်ကိုဒီအချက်တွေက တားဆီးနေလို့ပါ... Google

လူတော်တော်များများက "ကိုယ့်ကိုယ်ကိုဖျက်သံချေးတက်" ဆိုသလို ကိုယ့်တိုးတက်ရာတိုးတက်ကြောင်း ဖြစ်စေမယ့်အရာတွေကို ကိုယ်တိုင်ပဲဖျက်စီးနေမိကြတာကြောင့် ထိုက်သင့်သလောက်အောင်မြင်မှုမရကြတာ ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့အောင်မြင်မှုကို ဘယ်လိုအရာတွေကမှ ပိတ်ပင်တားဆီးလို့မရပါဘူးဆိုပေမယ့် တစ်ခါတရံမှာ ကိုယ်ကိုယ်တိုင်က ကိုယ့်ရဲ့အောင်မြင်မှုလမ်းကြောင်းကို ပိတ်ပင်တားနေတာမျိုးတွေလည်း ရှိတက်ပါတယ်။ ဒါကြောင့် သင့်ရဲ့အောင်မြင်မှုတွေကို သင်ကိုယ်တိုင်တောင်မသိလိုက်ဘဲ ပိတ်ပင်တားဆီးမိနေတဲ့အချက်တွေကို သတိထားပြင်ဆင်နိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။


(၁) အကောင်အထည်မဖော်ခြင်း

ကိုယ့်ရဲ့ အနာဂတ်အတွက် အကောင်အထည်မဖော်သေးရသေးခင် စိတ်ကူးယဉ်ကြည့်တယ်ဆိုတာ ကောင်းတဲ့လုပ်ဆောင်ချက်ပါ။ ဒါပေမယ့် စိတ်ကူးထားတဲ့အတိုင်း တကယ်အကောင်အထည်ဖော်မှသာ မှန်ကန်တဲ့ရလဒ်တစ်ခု ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ စိတ်ကူးရင်ကမ္ဘာထဲမှာပဲ မျောနေမယ်ဆိုရင်တော့ စိတ်ကူးယဉ်မှုသက်သက်အဖြစ်နဲ့ပဲ ရှိနေပါလိမ့်မယ်။ ဒါကြောင့် ကြီးကြီးစိတ်ကူးယဉ်ပါ။ စိတ်ကူးထားတဲ့အတိုင်း တကယ်ဖြစ်မြောက်အောင် ဆောင်ရွက်ပါ။


(၂) ဆင်ခြေပေးခြင်း

ဆင်ခြင်ပေးတယ်ဆိုတာတကယ်တော့ အမှားကိုဖုံးကွယ်တဲ့ အကြောင်းပြချက်တစ်ခုသာဖြစ်ပါတယ်။ ဆင်ခြင်တွေများလေလေ ကိုယ့်ရဲ့ဘဝမှာအမှားတွေထပ်လဲလဲ လုပ်နေမိပြီဆိုတာကို သတိပြုဆင်ခြင်သင့်ပါတယ်။ဘယ်အရာပဲလုပ်လုပ် ဆင်ခြင်တွေ၊ အကြောင်းပြချက်တွေနဲ့ ရှောင်လွဲဖို့ကြိုးစားမယ့်အစား အကောင်းဆုံးလုပ်ဆောင်ခြင်းကသာ အောင်မြင်မှုရဖို့နီးစပ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့်အကြောင်းပြချက်တွေ များမနေပါနဲ့။လုပ်စရာရှိတာကိုချက်ချင်းပဲ လုပ်ဆောင်လိုက်ပါ။


(၃) ပျင်းရိခြင်း

အောင်မြင်မှုကိုပိတ်ပင်နေမိတဲ့ အဓိကအကြောင်းအရာတစ်ခုကတော့ ပျင်းရိခြင်းပဲဖြစ်ပါတယ်။ မသိလို့မလုပ်တာထက် သိသိရက်နဲ့ ပျင်းရိခြင်းရဲ့ စွဲဆောင်မှုနောက်တစ်ကောက်ကောက်လိုက်ပြီး မလုပ်တာဟာ ပိုပြီးအထိနာစေပါတယ်။ လူတစ်ယောက်ကိုမပျင်းနဲ့လို့ ပြောရင် ခဏပဲနားဝင်တာပါ။ အဲ့ဒီလူကိုယ်တိုင်ပြုပြင်ပြောင်းလဲမှသာ ရမယ့်ကိစ္စတစ်ခုပါ။ ဒါကြောင့် အတက်နိုင်ဆုံးပျင်းရိတဲ့စိတ်တွေကို ဖျောက်ဖျက်ပစ်ပါလို့ အကြံပြုချင်ပါတယ်။ ကိုယ်အိပ်နေတဲ့အချိန်မှာ ကိုယ်နဲ့တန်းတူရွှယ်တူ တခြားသူတွေအားလုံးအောင်မြင်ဖို့ အပြင်းအထန်ကြိုးစားနေကြတယ်ဆိုတာကို မမေ့သင့်ပါဘူး။

Read More >>> လူသိနည်းသေးတဲ့ ဟာဝေးကုမ္ပဏီတည်ထောင်သူ Ren Zhengfei အကြောင်း
(၄) သက်သာတဲ့ နေရာမှာပဲနေခြင်း

လူတိုင်းလူတိုင်းသက်သာတဲ့အလုပ်၊ သက်သာတဲ့နေရာမှာနေချင်ကြတာ မထူးဆန်းပါဘူး။ ဒါပေမယ့် သူများတွေထက်သာလွန်ပြီး သူများတွေထက်အောင်မြင်မှုရချင်ရင်တော့ သက်သာချောင်လည်တဲ့နေရာတွေထက် စွန့်စားမှုတွေ ၊ အခက်အခဲတွေနဲ့ ကြိုးစားအားထုတ်မှုများများ ပြုလုပ်ရမယ့်နေရာတွေကို ရွေးချယ်သင့်ပါတယ်။ သက်သာတဲ့နေရာကိုရွေးနေသရွေ့ကတော့ လက်တစ်ကမ်းအလိုမှာသာရှိတဲ့အောင်မြင်မှုကို လှမ်းယူနိုင်ဖို့ခက်ခဲနေအုန်းမှာပါ။


(၅) စိုးရိမ်ကြောက်စိတ်တွေများခြင်း

ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ကိစ္စတစ်ခုကို လုပ်ဆောင်တော့မယ်ဆိုရင် စိုးရိမ်စိတ်တွေဖြစ်တက်တာသဘာဝပါ။ ဒါပေမယ့် စိုးရိမ်စိတ်တွေကြောက်စိတ်တွေက အောင်မြင်မှုကိုကာဆီးနေတဲ့အရာတွေဆိုတာ မမေ့ပါနဲ့။ အမြဲလိုလိုစိုးရိမ်စိတ်တွေများနေခြင်းက ကိုယ်လုပ်ဆောင်ရမယ့်လုပ်ငန်းဆောင်တာတွေကို ကြန့်ကြာမှုတွေဖြစ်စေသလို ထိုက်သင့်တဲ့အောင်မြင်မှုလည်းရရှိမှာ မဟုတ်ပါဘူး။ လူတိုင်းအမှားနဲ့မကင်းတဲ့အတွက် အမှားဖြစ်သွားမှာကိုမစိုးရိမ်ပါနဲ့။ အမှားကိုအမှားတိုင်းဆက်မထားပဲ အမှန်ကိုပြင်နိုင်ဖို့ကြိုးစားခြင်းကသာ စစ်မှန်တဲ့လုပ်ဆောင်မှုတစ်ခုပါ။

Source; Kwee

Read times
Rate this item
(2 votes)