-->


"Tom and Jerry" စင်ကာပူသို့ ရောက်ရှိ

"Tom and Jerry" စင်ကာပူသို့ ရောက်ရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဇူလိုင်လ ၂၆ ရက်တွင် Warner Bros.  Discovery က စင်ကာပူတွင် ဇာတ်အိမ်တည်ထားသည့် အပိုင်း ၇ ပိုင်းပါ "Tom and Jerry" ဇာတ်လမ်းတွဲ အသစ်ကို ထုတ်လုပ်လိုက်ကြောင်း ကြေညာခဲ့ပါသည်။

 

အဆိုပါ "Tom and Jerry" ဇာတ်လမ်းတွဲ၏ ပထမဆုံးအပိုင်းကို Cartoon Network Asia ၏ YouTube ချန်နယ်တွင် ဩဂုတ်လ ၇ ရက်တွင် စတင်ပြသခဲ့ပါသည်။

ပထမဆုံး ဇာတ်လမ်းပိုင်းကို  "အဲဒါ ဘာအနံ့လဲ" ဟု အမည်ပေးထားပါသည်။ 

 

ဇာတ်လမ်းတွဲအသစ်ကို စင်ကာပူဒါရိုက်တာ Carlene Tan က ရိုက်ကူးသည်။

ဇာတ်လမ်းနှင့် ဒီဇိုင်းကို စင်ကာပူ အခြေစိုက် Robot Playground Media နှင့် Chips and Toon Studios တို့က ဖန်တီးသည်။

animation ကို Aum Animation Studios India က ဖန်တီးသည်။ 

 စင်ကာပူ အငွေ့အသက်များဖြင့် ရိုက်ကူးထားသည်။ 

Tom and Jerry သည် အမေရိကန်မှာ လုံးချင်းအိမ်တွင် နေထိုင်ကြသော်လည်း စင်ကာပူတွင် ကွန်ဒိုတိုက်ခန်းမှာ နေထိုင်ကြသည်။ 

ရာသီစာ ဒူရင်းသီး စားကြသည်။

အမေရိကန်တွင် ဒိန်ခဲစားသော Jerry သည် စင်ကာပူတ‌ွင် ဒူရင်းသီး စားသည်။

ဒုံးပျံကို တရုတ်မီးရှုးမီးပန်း သုံးထားသည်။ 

 အမေရိကန်တွင် ဘေ့စ်ဘော ဘက်တံသုံးသည်။ စင်ကာပူတွင် ကရစ်ကက်ဘက်တံ သုံးသည်။

 

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times
Rate this item
(0 votes)