-->


အာဂျီနိုမိုတို အမှတ်တံဆိပ် ဂုဏ်ရိပ် ထိခိုက်ခဲ့သည့် မြွေကောလာဟလ

အာဂျီနိုမိုတို အမှတ်တံဆိပ် ဂုဏ်ရိပ် ထိခိုက်ခဲ့သည့်  မြွေကောလာဟလ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

လွန်ခဲ့သော ရာစုနှစ်တစ်ခုကျော်က ဂျပန်ဟင်းခတ်အမွှေးအကြိုင်ကုမ္ပဏီ Ajinomoto သည် ၎င်း၏ အထင်ကရ မိုနိုဆိုဒီယမ်ဂလူတာမိတ် monosodium glutamate (MSG) ထုတ်ကုန်ဖြစ်သော Aji-No-Moto ကို မြွေများမှ ရယူစုစည်းထားခြင်းဟု မဟုတ်တမ်းတရား ကောလာဟလ ပေါ်ထွက်သည်ကို ရင်ဆိုင်ရသည်။

 

ဂျပန်ဇီဝဓာတုဗေဒပညာရှင် Kikunae Ikeda မှ  ၁၉၀၈ ခုနှစ်တွင် ပထမဆုံးတီထွင်ခဲ့သော MSG သည် အခြားအရသာများကို  မြှင့်တင်ရန် ထောက်ကူပေးသည်။  ၁၉၀၉ ခုနှစ်တွင် ထုတ်လုပ်ရောင်းချခဲ့သည်။ လက်လီဆိုင်များတွင် ရောင်းချခဲ့ရာ ၁၀ နှစ် မပြည့်ခင်မှာပင် အဆိုပါ မြွေကောလာဟလ ထွက်ပေါ်လာခဲ့သည်။ 

 

အာဂျီနိုမိုတိုသည် စွပ်စွဲချက်အား ချက်ချင်း တုံ့ပြန် ငြင်းဆိုခဲ့သော်လည်း ယုံကြသည့်သူများက မြွေမှ ထုတ်လုပ်သည့် ဟင်းခတ်မှုန့်ဟု  ဆက်လက်ယုံနေခဲ့ကြသည်။ 

 

 ၁၉၁၉ ခုနှစ်တွင် မြွေများမှ ဖန်တီးသည်ဟု မမှန်သော ကောလဟာလကို သရုပ်ဖော်ထားသည့် ကာတွန်းပုံ ထွက်ပေါ်ခဲ့သည်။  အာဂျီနိုမိုတို အမှတ်တံဆိပ် အဖုံးပါ  ပန်းကန်လုံးထဲမှ မြွေများ ထွက်ကျနေသည့်ပုံကို ရေးဆွဲထားသည်။ ၁၉၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ထုတ်ဝေသော Aka မဂ္ဂဇင်းတွင် ၎င်းကာတွန်းပုံကို ဖော်ပြခဲ့သည်။

photo_2023-11-04_20-47-04.jpg

 

 

ထိုသို့ ယုံကြည်ယူဆကြခြင်းသည် ဆက်လက်ပျံ့နှံ့လျက်ရှိရာ ၁၉၂၂ ခုနှစ်တွင် အာဂျီနိုမိုတိုက သတင်းစာတွင် ကြော်ငြာများထည့်ပြီး ရှင်းပြက  အာဂျီနိုမိုတို အမှတ်တံဆိပ်ကို ခုခံကာကွယ်ပေးခဲ့ရသည်။ 

"အာဂျီနိုမိုတို ထုတ်လုပ်မှုမှာ မြွေတွေကို အသုံးမပြုဘူး ဆိုတာ တလောကလုံး သိအောင် ကျိန်ပြပါတယ်" ဟု ကုမ္ပဏီ ထူထောင်သူ Saburosuke Suzuki က ကြော်ငြာထဲတွင် ပြောပြထားသည်။ 

 

သတင်းစာတွင် ကြော်ငြာများ ဖော်ပြသည့်အပြင် လူအများ အရသာ မြည်းစမ်းနိုင်အောင်လည်း စီစဉ်ပေးခဲ့သည်။ အာဂျီနိုမိုတို၏ ဂုဏ်သိက္ခာကို တည်ဆောက်သည်။ 

 

အာဂျီနိုမိုတိုကို စစချင်းတွင် ဂျုံမှ ထုတ်ယူခဲ့ကြသည်။ ဂျုံမှ အသားဓာတ်ကို ရေသွင်းဓာတ်ဖြိုခြင်းနည်းလမ်းဖြင့် ထုတ်ယူခဲ့ကြသည်။ နောက်ပိုင်းတွင် ထုတ်လုပ်ပုံ အမျိုးမျိုး ပြောင်းလဲခဲ့ပြီး အသုံးပြုသည့် ကုန်ကြမ်းများလည်း ပြောင်းလဲခဲ့သည်။ ယခုအခါ ကြံကို ကဇော်ဖောက်ပြီး ထုတ်ယူသည်။ 

 

နောက်ထပ် စွပ်စွဲချက် တစ်ခု ပေါ်ပေါက်ခဲ့ပြန်သည်။ ၁၉၆၈ ခုနှစ်တွင် New England Journal of Medicine သို့ Dr. H.M. Kwok က ပေးပို့သည့် ပေးစာတွင် MSG သည် စားစသုံးသူတို့ကို "တရုတ်စားတော်ဆက် ရောဂါလက္ခဏာ" "Chinese restaurant syndrome"  ဖြစ်ပွားစေသည်ဟု ပြောကြားထားသည်။ ထုံခြင်း၊ အားနည်းခြင်းနှင့် ရင်တုန်ခြင်း လက္ခဏာများ ဖြစ်ပေါ်စေသည်ဟု ဆိုသည်။ 

ထိုစွပ်စွဲချက် ပျံ့နှံ့သွားခဲ့ရာ တရုတ်စားသောက်ဆိုင်တို့သည် ဆိုင်မှာ  MSG မသုံးစွဲကြောင်း ဆိုင်းဘုတ်ချိတ်ထားကြရသည်။

သုတေသန ပြုခဲ့ရာ၌ "တရုတ်စားတော်ဆက် ရောဂါလက္ခဏာ" သည် MSG နှင့် လုံးဝ မပတ်သက်ကြောင်း တွေ့ရှိခဲ့ကြသည်။ 

 

MSG စားသုံးခြင်းကြောင့် ဖြစ်ပေါ်သည့် သက်ရောက်မှုများကို လေ့လာစူးစမ်းခဲ့ကြသည်။ MSG သည် ဘေးဥပါဒ် မရှိကြောင်း တွေ့ရှိခဲ့ကြသည်။ 

ဂျပန်ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသည် MSG ကို အစားအသောက်ထဲ ထည့်သုံးနိုင်ကြောင်း  ၁၉၄၈ ခုနှစ်တွင် အတည်ပြုခဲ့သည်။

၁၉၅၈ ခုနှစ်တွင် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ MSG သည် ဘေးကင်းကြောင်း အတည်ပြုခဲ့သည်။ 

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားသော အစားအသောက် အဖြည့်ပစ္စည်း ကျွမ်းကျင်သူ ပူးပေါင်းကော်မတီသည် မွေးကင်းစကလေးများအတွက် MSG ၏ ဘေးကင်းမှုကို အတည်ပြုခဲ့သည်။

 

Source sg.style


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)