-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဂျပန်တွေလို သင် ကြိုးစားကြည့်ဖူးလား

ဂျပန်တွေလို သင် ကြိုးစားကြည့်ဖူးလား google.com

ဂျပန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ တိုကျိုမြို့ရဲ့ အေးစက်လှတဲ့ လမ်းမပေါ်တွေမှာ လူတော်တော်များများ မလှုပ်မယှက်လဲလျောင်းနေကြပါတယ်။

သူတို့တွေကတော့ လူသေတွေမဟုတ်သလို ရာဇဝတ်မှုကျူးလွန်ထားတဲ့ သူတွေလဲ မဟုတ်ကြပါဘူး။

သူတို့တွေကတော့ စီးပွားရေးလုပ်ငန်းရှင်တွေပါ။ (ကျွန်တော်တို့ ဆီမှာ ဆိုရင်တော့ အဲ့လို လမ်းမှာအိပ်နေရင် အမှိုက်ထုပ်နဲ့မှားပြီး စည်ပင်လက်စာမိမှာ အသေချာပါပဲ)။

တနေကုန်အလုပ်တွေလုပ်ပြီးချိန် ညဘက်ရောက်တဲ့ အခါ တိုကျိုမြို့ရဲ့ လမ်းမတွေပေါ်မှာ အခုလိုဖြစ်သွားကြတာပါ။ (ဒီမှာတော့ အလုပ်နည်းနည်းလေးလုပ်ရတာနဲ့ ကို ညည်းသံတွေကြားနေရပါပြီ)

သင်ဟာ ဂျပန်နိုင်ငံကို ပထမဆုံးရောက်ဖူးတဲ့ သူဆိုရင်တော့ ဒီပုံတွေကို မြင်ပြီး ထိတ်လန့်သွားမှာပါ။ (ဘာတွေ လားပေါ့)

လူတစ်ယောက်က နေ့ခင်းလိုအချိန်တွေမှာ အလုပ်လုပ်ပြီး ညဘက်လမ်းပေါ်မှာ ဘာကြောင့်အိပ်ပျော်သွားခဲ့တာလဲဆိုတာ သိချင်ကြမှာပါ။ Admin ပြောပြမယ်။ (သိချင်ရင်အဆုံးထိဖတ်ကြည့်ပေးရမယ်နော်)

ဒီလို ဖြစ်ရခြင်းအကြောင်းကတော့ အလုပ်အရမ်းလုပ်ကြတဲ့ သူတို့ရဲ့ အလေ့အကျင့်ကြောင့်ပဲ ဖြစ်ပါတယ်(ကျွန်တော်တို့မီယမ်မာတွေ လိုပေါ့ ဟဲဟဲ)။

သူတို့ ဘယ်လောက်ထိ အလုပ်လုပ်ကြသလဲဆိုရင် ပင်ပန်းပြီး အသက်သေဆုံးသည်အထိကို အလုပ်လုပ်ကြတာပါ။

သူတို့ တွေဟာ 11:15 ရုံးကပြန်လာကြပြီးတော့ အိမ်ကို ည 12 နာရီအရောက်ပြန်ကြပါတယ်။ ည12:30 ကတော့ သူတို့ရဲ့ အိပ်ချိန်ပါ။

ဒီလူတွေ ရူးနေတာလို့ သင်ထင်ချင်ထင်ပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ ဒီလိုမျိုးတကယ် အလုပ်လုပ်ကြတာနော်။

ဂျပန်နိုင်ငံ အလုပ်သမားရဲ့ ၄ ပုံ ၁ ပုံဟာ လတိုင်း အချိန်ပို နာရီ ၈၀ အလုပ်လုပ်ကြတယ်။

ဒီလိုအလုပ်ကို အလွန်အကျွံ လုပ်ခြင်းဟာ ဂျပန်နိုင်ငံရဲ့ ဒုတိယ ကမ္ဘာစစ်ကြီး အပြီးမှာ တစ်နိုင်ငံလုံးကို စတင်ပျံ့နှံ့လာတော့တာပါပဲ။

ဂျပန်တွေဟာ စစ်ရေးအင်အားကောင်းဖို့ လုပ်နေတာကနေ စီးပွားရေး ပြန်လည်ထူထောင်ဖို့ကို ဦးတည်လာခဲ့တယ်။

အခုထက်ပိုပြီး ဝင်ငွေနှစ်ဆရအောင်နဲ့ လူတိုင်း ရာနှုန်းပြည့် အလုပ်အကိုင်ရှိရမယ်လို့ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

အဲ့ဒီကစပြီးတော့ စစ်တပ်က ကိုယ့်မိသားစုဆိုတဲ့ ဆောင်ပုဒ်ကနေ ကိုယ့်ကုမ္ပဏီက ကိုယ့်မိသားစုအတွက်ဆိုတဲ့ အတွေးအခေါ်ဖြစ်လာကြတယ်။

လူတွေဟာ ကိုယ့်မိသားစုအတွက်ဆို ကိုယ်လုပ်နိုင်သမျှ အကုန်လုပ်ပေးကြသလိုပေါ့။

ဒီအယူအဆက ဂျပန်မှာ အလုပ်ဖြစ်သွားခဲ့ပါတယ်။အယူအဆလေးကတော့ အတုယူစရာနော့။

ဂျပန်မှာ 1960 ကနေ 1980 အတွင်းမှာ စီးပွားရေးတွေတဟုန်ထိုး တိုးတက်လာခဲ့တယ်။

ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် ဂျပန်က ဒုတိယစီးပွားရေးအတောင့်တင်းဆုံးနိုင်ငံ ဖြစ်လာခဲ့တယ်။

ဂျပန်နိုင်ငံဟာ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု လို နေရာတွေမှာလဲ အမြဲရှေ့ရောက်နေတယ်။

ဘာလို့ အမြဲရှေ့ရောက်နေတာလဲ? ပြောပြဦးမှာ ။ ကျန်သေးတယ်နော်...။

1990 ခုနှစ်တွေမှာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးက တဟုန်ထိုးတိုးတက်နေရာကနေ ရုတ်တရက်ကျဆင်းသွားခဲ့တယ်။

ဒါပေမဲ့ အလုပ်ကို အားသွန်ခွန်စိုက်လုပ်နေကြတဲ့ အကျင့်ကတော့ အံ့အားသင့်ဖွယ် တိုးတက်နေတုန်းပါပဲ။

သောကြာနေ့လို ညဘက်တွေဆိုရင် လမ်းပေါ်မှာ အိပ်နေကြတဲ့ ဝန်ထမ်းအရေအတွက်က ပုံမှန်ထက် ၃ဆရှိတယ်တဲ့ဗျာ။

တော်တော်များများက သွားနေတဲ့လမ်းတွေပေါ်မှာ ဒါမှမဟုတ် ဘူတာရုံဝင်ပေါက်တွေမှာတင် အိပ်ပျော်သွားတတ်ကြတာပါ။

အသက် ၂၅ နှစ်အရွယ်ဂျပန်အမျိုးသမီး တစ်ယောက်ဟာ နာရီပေါင်း ၁၀၅ နာရီအချိန်ပိုလုပ်ပြီးနောက် စိတ်ရောလူရောပင်ပန်းပြီးသေချင်တယ်ဆိုတဲ့ အကြောင်း လူမှုကွန်ယက်မှာရေးပြီး တိုက်ပေါ်က ခုန်ချသတ်သေသွားတာမျိုးရှိခဲ့ဖူးပါတယ်။

ဒီလိုဖြစ်ပြီးနောက်မှာ ဂျပန်အစိုးရက အချိန်ပိုအလုပ်ကို အများဆုံး နာရီ ၁၀၀ ပဲခိုင်းရမယ်လို့ သတ်မှတ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံက ဝန်ထမ်းတွေဟာ သံပတ်ပေးထားတဲ့ စက်ရုပ်တွေလိုပါပဲ။ အလုပ်လုပ်ကြတဲ့ နေရာမှာ အလွန်အစွန်းရောက်ကြတယ်ဗျာ့။

ဂျပန်နိုင်ငံကတော့ အလုပ်နဲ့ ပတ်သတ်လာရင် ကျန်တဲ့ နိုင်ငံတွေထက် ပိုပြီးရှေ့ရောက်နေပါတယ်။ အလုပ်ပေါ် ထားတဲ့ ခံယူချက်ကလည်း ပြင်းထန်ကြပါတယ်။

ဒါဆိုရင် သင်ရော... ဂျပန်တွေလို အလုပ်ကြိုးစားကြည့်ပြီးပြီလား?

Recommended for you-သင်ဘာကြောင့် သူတို့လိုမအောင်မြင်တာလဲ???

Source; wedotcomdotmm video မှ ကောက်နှုတ်တင်ပြသည်။

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသောစာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

 

Directory Book 1

 

Read times
Rate this item
(5 votes)