-->
×

Warning

JUser: :_load: Unable to load user with ID: 29


လိုဂို မူပိုင်ခွင့် အတွက် မှတ်ပုံတင် မည်ဆိုပါက လိုအပ်ချက်များ

ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှု ကုန်အမှတ်တံဆိပ်ကို မူပိုင်ခွင့်ဥပဒေနှင့်အညီ မှတ်ပုံတင်လျှောက်ထားရန် စီးပွား/ကူးသန်း ဝန်ကြီးဌာန ထုတ်ပြန်ကြေညာခဲ့ပါသည်။

 

မူပိုင်ခွင့်အတွက်မှတ်ပုံတင်မည်ဆိုပါက လိုအပ်ချက်များ

တင်ခွင့်ရှိသူအမျိုးအစား

၁။ စာချုပ်စာတမ်းများရုံးတွင်အမှတ်တံဆိပ်တင်ထားသောအမှတ်တံဆိပ်ပိုင်ရှင်

၂။ မှတ်ပုံမတင်ထားသော်လည်း ပြည်တွင်းဈေးကွက်အတွင်းတွင် အမှန်တကယ် အသုံးပြုနေသောအမှတ်တံဆိပ်ပိုင်ရှင်

 

လိုအပ်ချက်များ

ယခင်ကစာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်ထားခဲ့ပြီးဖြစ်ကြောင်း သို့မဟုတ် မှတ်ပုံ မတင်ထားသော်လည်း အဆိုပါတံဆိပ်အား နိုင်ငံတော်၏ ဈေးကွက်အတွင်းတွင် အသုံးပြုခဲ့ကြောင်းနှင့် လက်ရှိအချိန်ထိ အဆိုပါအမှတ်တံဆိပ်ကို မိမိ တစ်ဦးတည်းသာ အသုံးပြုလျက်ရှိကြောင်းအောက်ဖော်ပြပါ မည်သည့်အချက်အလက်များကို မဆိုအ ထောက်အထားအဖြစ်တင် ပြနိုင်သည်။


က) ယခင်က စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသောအမှတ်တံဆိပ်။

(ခ) စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ခဲ့သည့် မှတ်ပုံတင်လက်မှတ် (မိတ္တူမှန်)

(ဂ) သတင်းစာ သို့မဟုတ် အများပြည်သူသိရှိစေရန် ကြေညာခဲ့သည့်အထောက်အထား။

 

(ဃ) ပြည်တွင်းဈေးကွက်အတွင်းတွင် အမှန်တကယ် အသုံးပြုခဲ့သည့်အထောက်အထား။

(င) မိမိအမှတ်တံဆိပ်အား ဈေးကွက်မြှင့်တင်ခဲ့သည့် သို့မဟုတ် အရောင်းမြှင့်တင်ခဲ့သည့် ကြော်ငြာချက်အထောက်အထား။

(စ) အခွန်ပြေစာ သို့မဟုတ် ကုန်ကျစရိတ်ပြေစာ။

 

(ဆ) လျှောက်ထားသူသည် ယခင်စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားခဲ့သည့် အမှတ်တံဆိပ်ပိုင်ရှင်မှအမည် ပြောင်းထားခြင်းကဲ့သို့သော အထောက်အထား။

(ဇ) အခြားအထောက်အထားများ။

 

By Aung Win (Myanmar Advertising Guide)

Read times
Rate this item
(4 votes)