-->
×

Warning

JUser: :_load: Unable to load user with ID: 29


Apple ကို စတိဗ်ဂျော့သမီးနှင့် Samsung တို့က သရော်

Apple ကို စတိဗ်ဂျော့သမီးနှင့် Samsung တို့က  သရော်

 

Apple က အမာခံပရိသတ် fanbase ကို အားသာချက်အဖြစ် အသုံးပြုနေကျ ဖြစ်ပါတယ်။ အဲဒီအမာခံ ပရိသတ်က Apple ဘာရောင်းရောင်း ဝယ်သုံးဖို့ အသင့်ဖြစ်နေကြတယ်။

Apple ရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်း iPhone 14 series မှာ Pro တွေမှာပဲ ထူးခြားဆန်းသစ်မှုများ ပါဝင်လာတယ်။ 

ဂြိုဟ်တုဆက်သွယ်ရေး ပါလာပေမဲ့ လောလောဆယ်မှာ အမေရိကန်နှင့် ကနေဒါတို့မှာသာ အဆင်ပြေပါတယ်။

Pro မဟုတ်တဲ့ iPhone 14 မော်ဒယ် ၂ ခုက ယမန်နှစ်က ထုတ်လုပ်ခဲ့တဲ့ iPhone 13 နှင့် ထူးမခြားနား ဖြစ်နေတယ်။ 

 

Apple ပူးတွဲထူထောင်သူ စတိဗ်ဂျော့ Steve Jobs ရဲ့ သမီးဖြစ်သူက iPhone 14 အဆင့်မြှင့်တင်ထားပုံကို Instagram မှာ ပို့စ်တင်ပြီး သရော်ပါတယ်။ မင်းမ် meme တစ်ခုကို တင်ပြထားတာမှာ အမျိုးသားတစ်ဦးက သူ့ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ ရှပ်အင်္ကျီနှင့် တစ်ထရာတည်း အတူတူ ဖြစ်တဲ့ ရှပ်အင်္ကျီအသစ်တစ်ထည်ကို လက်ထဲကိုင်ထားတယ်။  

"ယနေ့ Apple မှ ကြေညာပြီးနောက် iPhone 13 မှ iPhone 14 သို့ အဆင့်မြှင့်တင်နေသော ကျွန်ုပ်" လို့ ပုံအတွက် စာသား ဖော်ပြပေးထားပါတယ်။

samsung 1.jpg

 

iPhone 14 နှင့် 13 အကြား တူညီမှုများအကြောင်း ပြောရလျှင် ဖုန်းနှစ်မျိုးလုံး အသွင်အပြင်နှင့် ဖုန်းကို လက်ထဲကိုင်ထားတဲ့အခါ အထိအတွေ့တို့ကအ တော်လေး ဆင်ဆင်တူနေပါတယ်။

ကျောဖက်မှာ ကင်မရာအမြွှာ ရှိနေပုံ၊ ၆.၁ လက်မ အရွယ်အစား စသဖြင့် အတူတူ ဖြစ်နေပါတယ်။

ဝတ်လက်စ ရှပ်အင်္ကျီနဲ့ မဝတ်ရသေးတဲ့ ရှပ်အင်္ကျီ ဆိုပြီး ကွာခြားနေတာကလွဲရင် အကုန်အတူတူ ဖြစ်နေတယ်လို့ သရော်လိုက်တာ ဖြစ်ပါတယ်။

 

တောင်ကိုရီးယားမှ စမတ်ဖုန်း Samsung က အမေရိကန်မှ Apple ကို ထေ့လုံးများဖြင့် သရော်နေကျ ဖြစ်ပါတယ်။

 

 Samsung ရဲ့ Twitter မှ တရားဝင်အကောင့် @Samsung Mobiles US မှာ ပုံတွေ တသီတတန်းတင်ပြီး Apple ကို အမည်တပ်ပြီး သရော်ပါတယ်။ Apple  iPhone မှာ ထူးခြားဆန်းစစ်မှုအတွက် ဆန်းသစ်တီထွင်မှု မရှိတာကို ထေ့လုံးဖြင့် သရော်ပါတယ်။

Samsung Galaxy Z Fold / Flip စီးရီးတွေ ဈေးကွက်ထဲ ရောင်းချနေတာ ၂ နှစ်ကျော်နေပြီ။ Apple က အခုထိ ခေါက်ဖုန်း ချိုးဖုန်း မထုတ်နိုင်သေးဘူးလို့ Samsung က ဆိုပါတယ်။

 (ကြော်ငြာဗီဒီယိုများကို အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်။)

samsung 3.jpg

  

samsung 2.jpg

 

 iPhone 14 Pro စီးရီးမှာ ပင်မကင်မရာက 48 MP (megapixel) မျှသာ ဖြစ်နေတယ်။ Samsung Galaxy S20 Ultra မှာ ကင်မရာက 108MP ဖြစ်ပြီး ဈေးကွက်ထဲ ရောင်းနေတာ ၂ နှစ်ကျော်နေပြီ။

 (ကြော်ငြာဗီဒီယိုများကို အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်။)

samsung 4.jpg

 

Apple ရဲ့  iPhone 14 စီးရီးသစ် မိတ်ဆက်တဲ့နေ့ စက်တင်ဘာ ၈ ရက်မှာ  Samsung က  iPhone ကို သရော်ရန်အတွက် Galaxy Z Flip 4 ခေါက်စခရင်ဖုန်းအတွက် ကြော်ငြာအသစ်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ 

ပတ္တာမပါ ခေါက်မရ ချိုးမရတဲ့ iPhone အမာခံ ပရိတ်သတ် အမျိုးသမီးတစ်ဦး စိတ္တဇတွေ ဖြစ်ပြီး  နောက်ဆုံးမှာ Samsung Galaxy Z Flip 4 ဝယ်ဖြစ်သွားတဲ့ အကြောင်းကို တင်ဆက်ထားပါတယ်။

 

ကြော်ငြာဗီဒီယိုများကို အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်။

 

Source:Samsung Mobile

#MyanmarICTGuide 
Telegram Channel https://t.me/Guid4U

 

 

 

 

 

#MyanmarICTGuide 
Telegram Channel https://t.me/Guid4U

 

 

#MyanmarICTGuide 
Telegram Channel https://t.me/Guid4U

 

 

#MyanmarICTGuide 
Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(0 votes)