-->
×

Warning

JUser: :_load: Unable to load user with ID: 29


အနာဂတ်ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲမလဲ?

အနာဂတ်ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲမလဲ? google.com

ငွေကို ကောင်းကောင်းသုံးတတ်ဖို့ဆိုရင် ငွေများများရှိမှ ဖြစ်မယ်လို့ နားလည်မှုလွဲနေကြတယ်ဗျ။

တကယ်တော့ ငွေကို ကောင်းကောင်းသုံးစွဲတတ်ဖို့ဆိုတာ နေ့တိုင်းစနစ်တကျစီမံခန့်ခွဲ တတ်ဖို့ လိုတာပါ။

ခင်ဗျား ကိုယ်တိုင် အတွက်ပဲ ဖြစ်ဖြစ်၊ မိသားစုအတွက်ပဲဖြစ်ဖြစ်၊ ငွေကြေးစီမံခန့်ခွဲ ဖို့ ဒီအချက်တွေကို လိုက်နာကြည့်ရအောင်ဗျာ...။

ကျွန်တော်တို့လောကကြီးရဲ့ အရေးကြီးသော အခန်းမှာ ပါဝင်သောငွေကို ဘယ်လို စီမံခန့်ခွဲမလဲ?

ဒါကလွယ်လွယ်လေးပါ။ rule တွေအများကြီးခွဲပြီး မှတ်နေစရာမလိုဘူးဗျ။

1-Create a budget(ဘတ်ဂျက်တစ်ခုဆွဲထားပါ)

2-Set saving goals(ငွေစုဖို့ ပန်းတိုင်ထားပါ)

3-Tackel your debts(အကြွေးတွေကို ကိုင်တွယ်ပါ)

ဒီအချက်(၃)ချက်ကို ပဲ လက်တွေ့လုပ်သွားမယ်ဆိုရင် ခင်ဗျား ရဲ့ လစဉ်ငွေကြေးလည်ပတ်မှုကိုသာမက အနာဂတ်ငွေကြေးဆိုင်ရာတွေအတွက် အများကြီး အကျိုးသက်ရောက်စေမှာနော်...။

 

1-Create a budget(ဘတ်ဂျက်တစ်ခုဆွဲထားပါ)

Related image

အဝင်အထွက်စာရင်းကို သေချာမှတ်ပါ။ ဒီလိုလုပ်တာက အရမ်းရိုးရှင်းတဲ့ ပုံစံပေါက်နေပေမယ့် တစ်ချို့က အဲ့လိုလုပ်ခြင်းကနေ အများကြီး အကျိုးကျေးဇူးတွေ ရနေကြတယ်ဗျ။

ဘတ်ဂျက်ကို ခင်ဗျားရဲ့ ပန်းတိုင်နဲ့ ငွေကြေးပိုင်ဆိုင်မှုတွေအတွက် လမ်းညွှန်တစ်ခုလို့ ခံယူကြည့်ဗျာ။

ခင်ဗျားရဲ့ လစဉ်အသုံးစရိတ်တွေကို လျှော့ချဖို့နဲ့ မလိုအပ်ပဲ ငွေမသုံးမိအောင် ဘတ်ဂျက်ဆွဲထားတာက အကူညီဖြစ်စေမှာဗျ။

ဒါ့အပြင် ငွေတွေဘယ်လိုကုန်သွားလဲ? ငါရေးဆွဲထားတဲ့ အစီအစဉ်တိုင်ဖြစ်ရဲ့လားဆိုတာတွေကို လည်း ခင်ဗျားပြန်စမ်းစစ်လို့ ရတာပေါ့ဗျာ။

 

2-Set saving goals(ငွေစုဖို့ ပန်းတိုင်ထားပါ)

 

Image result for money in the future

ခင်ဗျားမှာ စနစ်တကျ ရေးဆွဲထားတဲ့ ဘတ်ဂျက်ရှိမယ်ဆိုရင် ငွေစုဖို့ ပိုလွယ်လာလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ တစ်လမှာ အပိုငွေ ဘယ်လောက်ရှိလဲဆိုတာကို ဘတ်ဂျက်ဆွဲထားတာကနေသိနိုင်တယ်ဗျ။

ခင်ဗျားဘာအတွက် ငွေစုသင့်တယ်လို့ ထင်လဲ? ကျွန်တော်အဓိကပြောချင်တာကတော့ ကျန်းမာရေးအခြေအနေအတွက် ငွေစုသင့်တယ်ဗျ။

ဒီလိုစုထားမယ်ဆိုရင် မမျှော်လင့်ပဲ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးအခြေအနေ၊ ဒါမှမဟုတ်လဲ ခင်ဗျားအိမ်က ကားပျက်လို့ ပြန်ပြင်တာ၊

မတော်တဆ အလုပ်ပြုတ်သွားခဲ့မယ်ဆိုရင်တောင် ခင်ဗျားမှာ ကြိုတင်စုထားတဲ့ ငွေရှိတဲ့အတွက် အခြေနေတစ်ခုအထိတော့ ခင်ဗျား အဆင်ပြေမှာ အမှန်ပဲဗျ။

ဘဝရဲ့ တစ်ဆစ်ချိုး အပြောင်းအလဲတွေနဲ့ ကြုံလာတဲ့အခါမှာလည်း တခြားသူတွေဆီကနေ ငွေချေးရတဲ့ ဒုက္ခကနေ ကင်းတာပေါ့ဗျာ။

ကိုယ့်မှာရေရှည်အတွက် ငွေအလုံအလောက်စုပြီးသားလဲဖြစ်မယ်။

နောက်တစ်ခုပြောချင်တာက ငွေစုတဲ့ သုံးလစာ အသုံးစရိတ်အတွက် ပန်းတိုင်ထားပြီးစုပါ။

အရေးပေါ်အခြေအနေအတွက်ငွေစုတာက ရေရှည်အစီအစဉ်အတွက် အရမ်းကောင်းပါတယ်။

တကယ်လို့ ခင်ဗျား ပင်စင်ယူတဲ့ အခါ လုပ်မယ့် အစီအစဉ်တွေ ၊ အိမ်ပြုပြင်တာတွေ၊ ပညာသင်ယူဖို့နဲ့ အပန်းဖြေခရီးတွေ ကောင်းကောင်းထွက်လို့ ရပြီဗျ။

ဒါကြောင့် ငွေစုတာဟာ ငွေကိုချွေတာရာရောက်ရုံမက ကိုယ့်ရဲ့ပန်းတိုင်ကို ရောက်ဖို့ လမ်းခင်းထားသလိုလဲ ဖြစ်စေပါတယ်။

 

3-Tackel your debts(အကြွေးတွေကို ကိုင်တွယ်ပါ)

 

Related image

ကိုယ့်မှာတင်နေတဲ့ ဘယ်အကြွေးမဆို ရှင်းထုတ်နိုင်အောင် လုပ်ရမယ်။

အရင်ဆုံး အကြွေးစာရင်းကို ချရေးထားပါ။ တစ်ရာ၊ နှစ်ရာကအစချရေးထားပါ။

ဒီလိုလုပ်ခြင်းအားဖြင့် ခင်ဗျားမှာ တင်နေတဲ့ အကြွေးအပေါ် ထပ်ဆင့် အကြွေးမတင်အောင်လုပ်နိုင်ပါတယ်။

အကြွေးနည်းလေ ကြေအောင်ဆပ်ဖို့ ပိုလွယ်လေပဲ။ အကြွေးကြောင့်လစဉ်အသုံးစရိတ်ကို ဘယ်လိုထိခိုက်နေလဲဆိုတာ သိအောင်လုပ်ပါ။

သိပြီဆိုရင် အကြွေးတွေလျှော့ချဖို့ အစီအစဉ်ဆွဲပြီး တဖြေးဖြေးဆပ်သွားမယ်ဆိုရင် နောက်ဆုံးမှာ အားလုံးကြေအောင်ဆပ်နိုင်ပါလိမ့်မယ်။

သတိပြုရမယ့် အရာတစ်ခုက အကြွေးကိစ္စနဲ့ ငွေစုတာကို မျှမျှတတ ကိုင်တွယ်ဖို့ တော့လိုမယ်ဗျ။

တကယ်လို့ ခင်ဗျားပေးရမယ့်အကြွေးက ပမာဏအရမ်းများနေတယ်ဆိုရင် အရေးပေါ်အခြေအနေအတွက် ငွေအရင်မစုပဲ အကြွေးအရင်ဆပ်ဖို့လိုတယ်နော်။

ဘယ်အချိန်မှာ အကြွေးတွေ ကြေအောင်ဆပ်မလဲဆိုတာကို ပန်းတိုင်ထားပြီး လုပ်မယ်ဆိုရင် တိုးတက်မှုကို ခင်ဗျားမြင်ရလိမ့်မယ်။

ဒီအချက်လေး(၃) ချက်ကငွေကြေးစီမံခန့်ခွဲမှုအတွက် အခြေခံလိုအပ်ချက်တွေဖြစ်ပြီး တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေတယ်ဆိုတာ ခင်ဗျားသတိထားမိပါလိမ့်မယ်။

ဘတ်ဂျက်ရေးဆွဲထားပြီး အဲ့အတိုင်းလုပ်တာက ငွေစုဆောင်းဖို့နဲ့ အကြွေးတွေကို ရှင်းထုတ်နိုင်မယ်။

အရေးပေါ်အတွက် ငွေစုဆောင်းတာကလည်း အကြွေးသစ်တွေထပ်မတင်ဖို့ အကူအညီ ဖြစ်စေမယ်။

ခင်ဗျားရဲ့ ဘတ်ဂျက်စာရင်းကို မကြာမကြာ ပြန်သုံးသပ်တာက အိမ်တွင်းအသုံးစရိတ်လျှော့ချဖို့ ရေရှည်အတွက် ငွေစုဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။

ဒါကြောင့် ဒီအခြေခံအချက်(၃)ချက်ကို လက်တွေ့ အသုံးချပြီး ငွေကြေးကို ကောင်းကောင်း ကိုင်တွယ်နိုင်ကြပါစေဗျာ...။

Recommended for you-ကိုယ့်ရည်မှန်းချက်ကို ကိုယ်တိုင်စီမံခန့်ခွဲမယ်

Admin  ကြည့်ဖူးတဲ့ video ထဲက နေ ကောက်နှုတ်ထားတာပါခင်ဗျာ...။

Read times
Rate this item
(2 votes)