-->
×

Warning

JUser: :_load: Unable to load user with ID: 29


လမ်းဟောင်းကနေ ဖောက်ထွက်ပြီး ဆန်းသစ်တဲ့ အိုင်ဒီယာတွေနဲ့ အလုပ်လုပ်ကြရအောင်

လမ်းဟောင်းကနေ ဖောက်ထွက်ပြီး ဆန်းသစ်တဲ့ အိုင်ဒီယာတွေနဲ့ အလုပ်လုပ်ကြရအောင် google.com

စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ်၊ စာပေအနုပညာလုပ်ငန်းစသဖြင့် ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် လမ်းဟောင်းတွေ ကနေဖောက်ထွက်ပြီး ကိုယ်ပိုင်ဆန်းသစ်တဲ့ idea ကောင်းတွေနဲ့အလုပ်လုပ်မှသာ အောင်မြင်မှုရမှာပါ။ ဒါပေမယ့် အဲ့ဒီလို

စိတ်ကူးစိတ်သန်းကောင်းဆိုတာကလည်း အမြဲတမ်းထွက်နေတာမဟုတ်တော့ တခါတလေကိုယ့်ရဲ့ လုပ်နိုင်စွမ်းကဒီလောက်ပဲလား၊ ဒါအကုန်ပဲလားဆိုပြီး စိတ်ဓာတ်ကျမိတာမျိုးကြုံဖူးကြမှာပါ။
တကယ်တော့ အဲ့ဒီလို အတွေးခေါ်သစ်တွေနဲ့ တီထွင်ကြံဆမှုအားကောင်းစေဖို့ တစ်ဖက်တစ်လမ်းကနေ ကူဖို့လိုတဲ့ နည်းလမ်းလေးတွေရှိပါတယ်။ ဒါကြောင့် အဲ့ဒီလို creative thinking ကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး အခုပဲဖော်ပြပေးလိုက်ပါပြီ။

ရိုးရိုးရှင်းရှင်းပဲစတင်ပါ
တချို့အရာတွေကအချိန်တိုတွင်းဖြစ်လာတာတော့မဟုတ်ပါဘူး။ တစ်ခုခုဖြစ်လာဖို့ အရင်ဆုံးသင့်ဘက်က စတင် အကောင်အထည်ဖော်ဖို့လိုပါတယ်။ ဘာမှမလုပ်ရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့်သင်လုပ် ချင်တာကို ရိုးရိုးရှင်းရှင်းလေးပဲ စတင်ခြေလှမ်းလိုက်ပါ။ ဆန်းသစ်တဲ့စိတ်ကူးတွေ အတွက် လမ်းစရလာပါလိမ့်မယ်။

အဖြေတစ်ခုတည်းမဟုတ်ဘူးဆိုတာသတိရပါ
တခါတလေ block thinking ဖြစ်တာမျိုးကြုံဖူးကြမှာပါ။ သတိတချက်လွတ်လိုက်တာနဲ့ ဒီနည်းမှမရရင် လုပ်ငန်း တစ်ခုလုံးကို လက်လွှတ် လိုက်ရတော့မယ်ဆိုတာမျိုးဖြစ်ဖူးကြလားမသိဘူး။ နောက်တော့မှ ဒီနည်းမရရင်၊ ဘယ်နည်း ကအဆင်ပြေနိုင်သေးလဲဆိုပြီးထပ်ပြီး ဦးနှောက်ကို အလုပ်ပေးလိုက်မှ ဒီနည်းအပြင် နောက်ထပ် အဆင်ပြေတဲ့ နည်းလမ်းပေါင်းများစွာထွက်လာတာတွေ့ရပါတယ်။ ဒါက ခဏတာ block thinkingဖြစ်သွားတာပါ။ ဒါကြောင့် ဘယ်အရာမှ အဖြေတစ်ခုတည်းရှိတာမဟုတ်ဘူးဆိုတဲ့အချက်ကို အမြဲသတိရနေဖို့လိုပါတယ်။ ဒါမှ သင့်ရဲ့ creative thinkingအားကောင်းလာမှာပါ။

လက်ခံထားအရာတွေကိုစိန်ခေါ်ပါ
တခါတလေမှာ ကိုယ်အမြဲလက်ခံထားတဲ့အရာတွေကို စိန်ခေါ်ကြည့်ရတာ တကယ်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ပတ်ဝန်းကျင်အနေအထား၊ ပြောင်းလဲလာတဲ့ လူနေမှုစရိုက်တွေကြောင့် အနှစ်နှစ်အလလ ကိုယ်ယုံကြည်ခဲ့တဲ့ အရာတွေ၊ လက်ခံထားတဲ့အရာတွေကို ပြောင်းလဲ ပစ်ရတာမျိုးလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမြဲတမ်းဆန်း သစ်ပြီး လမ်းဟောင်းထဲကနေဖောက်ထွက်ချင်တယ်ဆိုရင်တော့ ဒီနည်းကသင့်အတွက်အသုံးဝင်မှာပါ။

မေးခွန်းမေးပါ
မေးခွန်းတွေကနေ အဖြေပြန်ရှာရတာက မေးခွန်းတွေကို တော်ရုံစိတ်ဝင်စားမှလုပ်နိုင်တာမျိုးပါ။ ဘာကြောင့်လဲ၊ ဘာဖြစ်လို့ဒီလိုဖြစ်နေတာလဲ၊ ဒီနည်းလမ်းဆိုရင်ရောအဆင်မပြေနိုင်ဘူးလား စသဖြင့် မေးခွန်းတွေကို ကိုယ့်ကိုယ် ကိုယ်ပြန်မေးနိုင်သလို တခြားသိနားလည်တဲ့ သူတွေကိုလည်းမေးနိုင်ပါတယ်။ ဒီလိုသိချင်စိတ်ပြင်းပြနေခြင်းက သင့်ရဲ့ဦးနှောက်တွေကို အမြဲတမ်းလန်းဆန်းတက်ကြွနေစေမှာပါ။

Read- ယှဉ်ပြိုင်မှုကို စွဲဆောင်မှုရှိအောင် ဆက်လက်ဖန်တီးခြင်း

Source ; myanmaplatform

Read times
Rate this item
(2 votes)