-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင်ဆိုရင်ရော ဘာကိုရွေးချယ်မလဲ?

သင်ဆိုရင်ရော ဘာကိုရွေးချယ်မလဲ? google.com

သင်ဟာ ရုံးကနေ ပြန်လာလို့ အိမ်ရောက်ရောက်ချင်းမှာပဲ အိတ်တွေ၊ ဖိုင်တွဲတွေ ချပြီး အ၀တ်အစားလဲတယ်။ ပြီးတော့ ဧည့်ခန်းက ဆိုဖါပေါ်မှာ ထိုင်လိုက်ပြီး စဉ်းစားနေတယ်။

- “ငါ အခု Gym သွားပြီး လေ့ကျင့်ခန်းသွားလုပ်ရင် ကောင်းမလား၊ အိမ်မှာပဲ တီဗွီကြည့်ပြီး အနားယူရင် ကောင်းမလား”

ဒါမှမဟုတ် ခုလို ရွေးချယ်စရာမျိုးနဲ့ ကြုံနိုင်တယ်။

 

- “ငါ လိုချင်နေတဲ့ လက်ပတ်နာရီကို ၀ယ်လိုက်ရင် ကောင်းမလား။ ငါ့မှာ နာရီတစ်လုံး ရှိပြီးသားမို့ လိုချင်တဲ့ နာရီကို မ၀ယ်တော့ဘဲ ပိုက်ဆံ စုထားလိုက်ရင် ကောင်းမလား”

- “ငါ အပြင်ထွက် ရုပ်ရှင်ကြည့်ပြီး ဟိုတယ်မှာ ထမင်းသွားစားရင် ကောင်းမလား။ ငါ့ အမေချက်ထားတဲ့ အိမ်ထမင်းဟင်းပဲ စားလိုက်ရင် ကောင်းမလား”

- “ငါ အခု လုပ်နေတဲ့ အလုပ်ကို အကောင်းဆုံးဖြစ်အောင် အစွမ်းကုန် ကြိုးစားလုပ်လိုက်ရင် ကောင်းမလား။ (ဘယ်သူမှ သိတာမှ မဟုတ်ဘဲကွာ) ငါ အလုပ်ကို ပြီးရင် ပြီးရောလို့ လုပ်လိုက်တာ ကောင်းမလား”

ကျွန်တော်တို့ ဘ၀မှာ ခုလို ရွေးချယ်စရာတွေ ထောင်နဲ့ချီပြီး ရှိခဲ့ပါတယ်။ ရွေးချယ်ဖို့ ဆုံးဖြတ်ချက်တွေ ချခဲ့ကြတယ်။ ဆုံးဖြတ်ချက် ဘယ်လိုချသလဲဆိုတာကို လေ့လာကြည့်ကြရအောင်ပါ။

ကျွန်တော်တို့ တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင် ဦးနှောက်ရဲ့ တစ်ဖက်ခြမ်းက လောလောဆယ် ပျော်ရွှင်စေမယ့်အရာ ဒါပေမဲ့ နောင်မှာ စိတ်ဆင်းရဲစရာကို ရွေးချယ်ဖို့ တိုက်တွန်းနေပါတယ်။

ဦးနှောက်ရဲ့ နောက်တစ်ဖက်ခြမ်းကတော့ လောလောဆယ်မှာ မပျော်ရပေမယ့် နောင်မှာ ပျော်ရွင်စေမှာကို ရွေးချယ်ဖို့ တိုက်တွန်းပါတယ်။ အဲဒီ ဦးနှောက်နှစ်ခြမ်းရဲ့ တိုက်တွန်းချက်တွေဟာ ဆန့်ကျင်ဖက်တွေ ဖြစ်နေကြပြီး စိတ်ထဲမှာ အမြဲတမ်း လွန်ဆွဲနေကြပါတယ်။

လူအတော်များများကို ကြည့်လိုက်ပါ။ လောလောဆယ် စိတ်ချမ်းသာတာကို ရွေးချယ်ကြပါတယ်။ နောင်ဖြစ်လာမှာတွေကို မစဉ်းစားဘူး။ စဉ်းစားလို့ သိရင်လည်း နောင်ခါလာ နောင်ခါဈေးလို့ သဘောထားကြတယ်။

ဥပမာ - လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲကြတယ်။ လောလောဆယ်မှာ မူးယစ်ဆေးကြောင့် နတ်ပြည်ရောက်သလို စိတ်ချမ်းသာနေကြတယ်။

ဒါပေမဲ့ ရေရှည်မှာ ဘာဖြစ်လာသလဲ။ ပိုက်ဆံကုန်မယ်၊ ကျန်းမာရေးထိခိုက်မယ်။ ဘ၀ပျက်သွားမယ်။ နောက်ဆုံး  သေမှာပဲ။

အဲဒီလို လောလောဆယ် စိတ်ပျော်စရာတွေကို ရွေးချယ်ခဲ့လို့ နောင်မှာ စိတ်ဆင်းရဲရတာတွေ ပြောရရင် ဆုံးမှာ မဟုတ်ပါဘူး။

ငယ်စဉ်က ကျန်းမာရေးမလိုက်စား သောက်သောက်စားစား လူမင်းသားလုပ်ခဲ့လို့ ကြီးတော့ မကျန်းမမာဖြစ်၊ အိပ်ယာထဲ လဲနေတာတွေ၊

ငယ်စဉ်က ပညာသင်ယူရမယ့်အစား အပျော်အပါး လိုက်စားခဲ့လို့ ကြီးလာတဲ့အခါ ပညာမတတ်တော့ ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ရတာစတာတွေ အများကြီးပါ။

ဒါပေမဲ့ အောင်မြင်သူတွေကို သေချာလေ့လာကြည့်လိုက်စမ်းပါ။ သူတို့ဟာ ဘယ်တော့မှ လောလောဆယ် ပျော်စရာကို မရွေးချယ်ကြဘူး။

 လောလောဆယ် စိတ်ဆင်းရဲတာ၊ ပင်ပန်းတာကို ရွေးချယ်တတ်ကြတယ်။ ဘာဖြစ်လို့လဲ။ နောင်မှာ သူတို့ စိတ်ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်နေရမယ်ဆိုတာကို သိနေကြလို့ပါ။

ဥပမာ - သူတို့ဟာ လောလောဆယ် ၀တ်ချင် စားချင်တာကို ထိန်းချုပ်ထားကြတယ်။ နောင်အတွက် ငွေစုထားကြတယ်။

လောလောဆယ် ကားစီးချင်ပေမယ့် ၀ယ်ချင်စိတ်ကို ထိန်းချုပ်ထားကြတယ်။ လောလောဆယ်မှာ ပညာကို ပင်ပင်ပန်းပန်း ကြိုးစားသင်ယူနေကြတယ်။

ပညာဆိုလို့ အတန်းပညာတစ်ခုတည်း ပြောတာ မဟုတ်ပါ။ စီးပွားရေးပညာ၊ ကွန်ပျူတာနည်းပညာစတာတွေပါ။

အောင်မြင်ကြီးပွားသူတွေဟာလည်း လူသားတွေမို့ သူများနည်းတူ လောလောဆယ် စိတ်ပျော်ရွှင်မှုကို လိုချင်ကြတာပါပဲ။

ဒါပေမဲ့ သူတို့ဟာ လောလောဆယ် စိတ်ချမ်းသာမှုကို ရှာရင် နောင်မှာ စိတ်မချမ်းသာနိုင်ဘူးဆိုတာကို နားလည်သဘောပေါက်ထားကြတယ်။

ဒါကြောင့် လောလောဆယ် စိတ်ပျော်စရာတွေကို စိတ်ကို ချုပ်တည်းပြီး ရှောင်ရှားလို့ နောင်မှာပျော်စရာတွေကိုပဲ ရွေးချယ်ခဲ့ကြသူတွေပါ။

သင် လောလောဆယ်မှာ ဘယ်လိုမျိုး ရွေးချယ်မှုလုပ်တယ်ဆိုတာက သင့်အနာဂတ်ကို ဆုံးဖြတ်ပါလိမ့်မယ်။

Recommended for you-ကိုယ့်ပိုင်ဆိုင်မှုတွေကို ကိုယ်တိုင်ဖန်တီးပါ

ဗန်းမော်သိန်းဖေ စာအုပ်မှ ထုတ်နှုတ်ရေးသားသည်။

ကျွန်တော်တို့  MMRD မှ Myanmar Advertising Directory စာအုပ်များ အပြင် အခြားသော စာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

 

Directory Book 1

 

Read times
Rate this item
(1 Vote)