-->
×

Warning

JUser: :_load: Unable to load user with ID: 29


အလွယ်ကူဆုံးwebsite ရေးနည်း

အလွယ်ကူဆုံးwebsite ရေးနည်း google

လူမှုကွန်ရက်များonlineပေါ်တွင် အလွန်ခေတ်စားလာသော်လည်း Website တို့၏အခန်းကဏ္ဍကို ပစ်ပယ်၍မရသေးပါ။ စီးပွားရေးလုပ်ငန်း သို့မဟုတ် အသိပညာပေးလုပ်ငန်းတစ်ခုကို ထိထိရောက်ရောက်လုပ်ကိုင်မည်ဟုဆိုလျှင် Website တို့၏အခန်းကဏ္ဍသည် အလွန်အရေးကြီးပါသည်။

 

သို့သော် Website တစ်ခုရေးသားရန်အတွက် ပရိုဂရမ်ရေးသားခြင်းအတတ် လိုအပ်ပါသည်။ HTML နှင့် CSS တတ်ကျွမ်းလျှင် Website ရေး၍ရပြီဟုပြော၍ရသည်။
HTML နှင့် CSS မှာ အတော်ပင်လွယ်ကူပါသည်။ သို့ရာတွင် ပီပီပြင်ပြင်ကျင့်သားရဖို့ လေး၊ ငါး၊ ခြောက်လ လေ့ကျင့်ရန်လိုပါသည်။ ဤသည်မှာ အခက်အခဲကြီးတစ်ရပ်ဟုဆိုလျှင် HTML နှင့် CSS တတ်ဖို့မလိုဘဲ Website ရေးနိုင်သောနည်းလမ်းရှိသည်။

မိမိအလိုရှိသည့် Website ပုံစံကို template များ၊ tool များသုံးပြီး မျက်မြင်အနေအထားဖြင့် တည်ဆောက်ယူခြင်းဖြစ်သည်။ ယင်းကို WYSIWYG (What You See Is What You Get) ဟုခေါ်သည်။ ဤနည်းလမ်းဖြင့် Website ရေးနိုင်အောင်အွန်လိုင်းပေါ်တွင် အခမဲ့ဝန်ဆောင်မှုပေးသော

နေရာကိုဖော်ပြပေးလိုက်ပါတယ်။

Webpage Design Services (ဝက်ဘ်ဆိုက်ဒီဇိုင်းဝန်ဆောင်မှုများ(၉၆)ခုကိုရှာရန်နှိပ်ပါ။)

 

www.weebly.com မှ အခမဲ့ဝင်ရောက်သုံးစွဲနိုင်ပါတယ်။ web page ဖွဲ့စည်းရာတွင် လိုအပ်သောတည်းဖြတ်ပြုပြင်နိုင်သည့် tool များကိုပေးအပ်ထားပါသည်။

မိမိသုံးလိုသော element (text, image, map, slideshow) စသည်တို့ကို page ပေါ်တွင်dragဆွဲယူပြီး အသုံးပြုနိုင်ခြင်းမှာလည်း ထူးခြားချက်ဖြစ်ပါသည်။ website တစ်ခုအားအလွန်ရိုးရှင်းသောနည်းလမ်းဖြင့် တည်ဆောက်နိုင်ခြင်းမှာချီးကျူးဖွယ်ဖြစ်ပါသည်။

အခမဲ့အသုံးပြုနိုင်သော အခြေခံ service အတွက် storage space 500 MB ရရှိမည်ဖြစ်ပြီး weebly နှင့်သက်ဆိုင်သောကြော်ငြာများထိုးပါမည်။

လစဉ်ကြေး ၈ဒေါ်လာပေးရသော starter package ကိုသုံးမည်ဆိုလျှင် Unlimited storage space ကိုရရှိမည်ဖြစ်ပြီး မိမိစိတ်ကြိုက် website နာမည်ပေးနိုင်ခွင့်ကဲ့သို့သော extra option များကိုရရှိပါမည်။

အားနည်းချက်အနေဖြင့် drag and drop လုပ်နည်းလုပ်ဟန်သည် တိကျသေချာမှုမရှိခြင်း ၊မီးခိုးရောင် button များကြောင့် interface ပိုင်းဆိုင်ရာငြီးငွေ့ဖွယ်ကောင်းခြင်းတို့ကို တွေ့ရပါသည်။

အလိုအလျောက် အနွေးဓာတ် ထုတ်ပေးနိုင်သော Xiaomi စမတ်မာဖလာ


Source : Mobile Guide

Read times
Rate this item
(0 votes)