-->
×

Warning

JUser: :_load: Unable to load user with ID: 29


လစာကို အဖတ်တင်အောင် ဘယ်လိုစုမလဲ?

လစာကို အဖတ်တင်အောင် ဘယ်လိုစုမလဲ? google

ရတဲ့လစာနဲ့ မလောက်ဘူးဆိုတဲ့ ညည်းငြူသံတွေနဲ့ လကုန်ခါနီးရင် လက်ထဲမှာ ပိုက်ဆံပြတ်သွားတဲ့အဖြစ်ကို သရော်ထားတဲ့ ” ပြတ်တုန်းလပ်တုန်း ၂၃ ” 

ဆို တဲ့ အဖြစ်မျိုးကနေ ကင်းဝေးစေနိုင်မယ့် နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ တစ်ချို့က ပိုက်ဆံတော့ စုချင်ပါရဲ့ ဘာတွေ သုံးမိလို့၊သုံးမိမှန်း မသိပဲ ပိုက်ဆံ ကကုန်သွားတယ်ဆိုတဲ့ သူတွေလည်း ရှိပါတယ်။ငွေစုဖို့ ဆုံးဖြတ်ပြီးရင်တော့ ပထမဆုံး လုပ်ရမှာက ငွေယို ပေါက်ကို အရင်ရှာပါ။

 

() စုနိုင်သမျှစုပါ

ရတဲ့ လစာရဲ့ ဘယ်နှစ်ရာခိုင်နှုန်းကိုတော့ စုမယ်ဆိုတဲ့ Plan တစ်ခု ထားပါ။ ကိုယ်က ရတဲ့ လစာ နည်းတယ်ဆိုရင်တောင်မှ တစ်ရာခိုင်နှုန်းပဲ ဖြစ်နေပါစေ ။ရသလောက် စုဖို့ အကြံပေးချင်ပါတယ်။လစာ ထုတ်လာပြီးရင် အရင် ဆုံး ဒီလ အသုံးစရိတ်ကို ခွဲဝေလိုက်ပါ။ဒီနေရာမှာ လိုအပ်တာနဲ့ လိုချင်တာကို သပ် သပ်စီ ခွဲခြားပြီး၊လိုအပ်တာကို နံပါတ်တစ် ဦးစားပေးနေရာမှာထားပါ။လူတစ်ယောက် က သူ့လက်ထဲမှာ ပိုက်ဆံလုံးဝ မရှိနေတာထက်စာရင် ရှိနေရင် နည်းနည်း စိတ် လုံခြုံမှုရပါတယ်။အနည်းဆုံးတော့ ရုတ်တရက် နေမကောင်းဖြစ်ခဲ့ရင်တောင် ကိုယ့်လက်ထဲမှာ ပိုက်ဆံကတော့ ရှိနေသင့်ပါတယ်။ဒါကြောင့်ဘယ်လောက်ပဲ ဖြစ်ဖြစ်ရအောင်စုမယ်ဆိုတဲ့ စိတ်ကို အမြဲမွေးပါ။

 

() မသုံးခင်တည်းက အရင်စု(သိမ်း)

လစာထုတ်ပြီးတာနဲ့ အသုံးစရိတ်ကို ပျှမ်းမျှ ခွဲတမ်းချပြီးတာနဲ့ ကိုယ်ကဒီ လ ဘ ယ်ေ လာက်စုမှာလဲ..တစ်သောင်းဆိုတစ်သောင်း၊နှစ်သောင်းဆို နှစ်သောင်း တစ်ခါ တည်း သပ်သပ်ဖယ်ထားပါ။ဒီငွေဟာ ဒီလကိုယ်သုံးမယ့် စရိတ်နဲ့လုံးဝ မဆိုင်ဘူးဆိုတဲ့ စိတ်ကို မွေးထားပါ။ဘယ်အသုံးစရိတ်ကို လျှော့လို့ရမယ်၊ငွေကို ဘယ်နေရာမှာချွေလို့ ရမလဲဆိုတာကို စဉ်းစားပါ။ဥပမာ- ဖုန်းဘေလ်ကို ချွေလို့ ရပါ တယ်။ကိုယ်က အင်တာနက်နဲ့ဖုန်းပြောတာကို မဖြစ်မနေ အလုပ်သေ ဘာ အရ လု ပ်ဖို့ လိုတာမျိုး မဟုတ်ရင် လျှော့သုံး၊လျှော့ပြောပါ။တစ်လမှာ ပုံမှန် တစ်သောင်းကုန်ရင် ငါးထောင်နဲ့လောက်အောင် ကြိုးစားသုံးကြည့်ပါ။အင်တာ နက် အသုံးပြုချိန်တွေကိုလျှော့ပါ။

 

() အသုံးစရိတ်ကို စာရင်းမှတ်ပါ

ရလာတဲ့ လစာကို ခွဲတမ်းချ၊အသုံးစရိတ် ဘယ်လောက် သုံးမယ်ဆိုတာကို သေချာ စီစစ်ပါ။နောက်တစ်ခုကတော့ တစ်နေ့မှာ ကိုယ်ဘယ်လောက် ငွေ သုံး လဲ၊ကိုယ်သုံးခဲ့တဲ့ အသုံးစရိတ်ကို စာရင်းမှတ်ပါ။စုမယ့် ငွေကို ဖယ်အပြီး တစ် လစာ ကိုယ်သုံးရမယ့် ပိုက်ဆံကို ရက်နဲ့ တွက်လိုက်ရင် တစ်နေ့ကို ဘယ်လော က် သုံးလို့ရမယ်ဆိုတဲ့ ပျှမ်းမျှ စရိတ်ပေါ်လာပါလိမ့်မယ်။အသုံးစရိတ်ေ တွ ကိုေ တာ့ စာအုပ်နဲ့မှတ်ရင် မှတ်၊တကယ်လို့ မမှတ်ချင်ရင်တော့ Budget Planner ဆိုတဲ့ App တွေကို download လုပ်ယူပြီး ကိုယ့်ရဲ့ ဖုန်းထဲမှာလည်း မှတ် ထားလို့ရပါတယ်။အသုံးစရိတ်တွေကို စာရင်းမှတ်ထားတော့ ငွေအသုံးလွန်တာ၊ လက်လွန်သွားတယ်ဆိုတာမျိုးကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။

 

() Needs နဲ့ wants ခွဲခြားပါ

အပေါ်မှာလည်း ဒီအကြောင်းကို ပြောခဲ့ပေမယ့် အရေးကြီးတာမို့ သေချာ ထ ပ်ပြောချင်ပါတယ်။ဒီလမှာ ကိုယ့်အတွက် မဖြစ် မနေ လိုအပ်နေတဲ့ ပစ္စည်း ကဘာလဲဆိုတာ စဉ်းစားပါ။ပြီးမှပဲ ကိုယ်လိုချင်တာရှိရင် ၀ယ်ပါ။သုံးပါ။ဒီနေရာ မှာ လည်း လိုချင်တာတွေကို အကုန်လိုက်ဝယ်လို့ မရပါဘူး။ဒီလမှာတော့ ဒါလေး ၀ယ်ရင်၊တခြားလိုချင်တာရှိရင် နောက်လကျမှ ၀ယ်တာမျိုး လုပ်ပါ။(ဒါကတော့ ကိုယ့်ရဲ့ လစာအပေါ် ချိန်ပြီး သုံးပါ)။လိုအပ်တာ(needs)ကတော့ နံပါတ် တစ်ဦးစားပေးဖြစ်ပါစေ။

 

() ထမင်းဘူးသယ်ပါ

အဆောင်မှာနေနေရလို့ ချက်ရပြုတ်ရ မလွယ်ဘူးဆိုတဲ့ သူတွေကတော့ ချွင်း ချက်ပါ။အဲ့ဒီလိုမှ မဟုတ်ရင်တော့ နေ့လယ်စာကို ထမင်းဘူးယူဖို့ အကြံပြုချင် ပါတယ်။ငွေကုန်လည်း သက်သာစေသလို၊ကိုယ်တိုင် ချက်ပြုတ်တာဆိုတော့ ဆိုင်ထက်စာရင် ပိုပြီးတော့ သန့်ရှင်းမှုလည်းရှိ၊ကျန်းမာရေးနဲ့လည်း ညီညွတ်ေ စပါတယ်။တတ်နိုင်ရင်တော့ မနက်စာကိုပါ မုန့်ထုပ်ကို အိမ်မှာ ၀ယ်ထားတာမျိုး- ဥပမာ ပေါင်မုန့်ကြီးတစ်လုံး ၀ယ်ပြီးထားတာမျိုးလုပ်ပါ။

 

() ကားခစရိတ်ကို ချွေတာပါ.

ဒီနေရာမှာက မဖြစ်မနေသွားလာနေရတဲ့ ဘတ်စ်ကားကို မစီးပဲ လမ်းေ လျှာ က်သွားဖို့ ဆိုလိုတာ မဟုတ်ပါဘူး။တက္ကစီ၊ဆိုက်ကားတို့ကို မဖြစ်မနေ လိုအပ်မှ စီးပါး။မဟုတ်ရင် မစီးပါနဲ့။ရထားဘူတာနဲ့လည်း နီးမယ်၊ရထားစီးလို့လည်း အဆ င်ပြေတယ်ဆိုရင်တော့ ရထားပြောင်းစီးပါ။ပိုက်ဆံကုန်သက်သာစေပါတယ်။

 

() ဘဏ်အကောင့်ဖွင့်ပါ

ကိုယ်စုမယ်လို့ ခွဲဝေထားတဲ့ ပိုက်ဆံကို ကိုယ့်လက်ထဲမှာ ထားတာထက် ဘဏ် အကောင့်ဖွင့်ပြီး အဲ့ဒီအထဲကို ထည့်ထားလိုက်တာက ပိုကောင်းပါတယ်။ ပိုက် ဆံက လက်ထဲမှာ အလွယ်တကူရှိနေရင်၊မြင်နေရရင် စိတ်လွတ်ပြီး သုံးမိသွား တတ်ပါတယ်။ဒါကြောင့် ဘဏ်ထဲမှာ ထည့်ထားလိုက်ပါ။ပိုက်ဆံကို ဘယ်ေ လာက် ကြာမှ ထုတ်မယ်ဆိုတဲ့ အကောင့်ပုံမျိုးနဲ့ ဖွင့်ထား save ထားရင်တော့ အကောင်းဆုံးပါ။တခြားဖြည့်စွက်ချက်အနေနဲ့ကတော့ ငွေစုမယ်လို့ ဆုံးဖြတ် ထားပြီးရင်တော့ ချွေလို့ရသလောက် တတ်နိုင်သမျှချွေတာပါ။မလိုအပ်တဲ့ နေရာမှာ ငွေကို မသုံးမိအောင် ထိန်းပါ။သူငယ်ချင်းတွေနဲ့ မကြာခဏ ဆိုင် ထို င်တတ်တဲ့ အကျင့်ရှိသူဆိုရင်တော့ ဆိုင်ထိုင်တာတွေကို တတ်နိုင်သမျှ လျှော့ပါ ။ဒီနည်းလမ်းတွေကို လိုက်နာမယ်ဆိုရင်တော့ လစာကို သေချာပေါက် အဖတ် တင်အောင် စုနိုင်ပါလိမ့်မယ်။

 

Ref;.rappler

Credit;Aunty May

Read times
Rate this item
(1 Vote)