-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဖုန်းကိုအကျိုးရှိအောင်ဘယ်လိုအသုံးချမလဲ???

ဖုန်းကိုအကျိုးရှိအောင်ဘယ်လိုအသုံးချမလဲ??? google.com

ဒီခေတ်မှာ လူငယ်လူကြီးတော်တော်များများမှာ ဖုန်းတစ်လုံးတော့ရှိနေတတ်ကြပါတယ်။

ဖုန်းကို သိပ်မသုံးဖြစ်အောင် ဘယ်သူတွေက ဘယ်လောက်ပဲ စာတွေရေးရေး ဖုန်းသုံးချင်တဲ့သူကတော့

သုံးမှာပါပဲ။

ကိုယ်တိုင်တောင် ဖုန်းနဲ့ မလွတ်ကင်းပါဘူး။ ဒါပေမယ့် ဖုန်းသုံးတိုင်း အကျိုးယုတ်တာတော့ မဟုတ်ပါဘူး။

ဖုန်းနဲ့ ခပ်ခွာခွာနေကြည့်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး မအောင်မြင်ဘူးဆိုရင်တော့ ဖုန်းနဲ့ ဘာတွေအကျိုးရအောင် ယူမလဲ စဉ်းစားရတော့မှာဖြစ်ပါတယ်။

 

(၁) ဖုန်းပေါ်မှာစာဖတ်ပါ

စာအုပ်တွေအဖတ်နည်းသွားပြီလား? တကယ့်စာအုပ်တွေဝယ် စာအုပ်စင်ပေါ်မှာပဲ သိမ်းထားဖြစ်တာလား?

ငါဟာ သိပ်စာမဖတ်တော့တဲ့သူတစ်ယောက်ပါလားလို့ ကိုယ့်ကိုယ်ကို ထင်လာပြီလား။

ဒါဆိုရင်တော့ ဖုန်းပေါ်မှာ စာဖတ်တဲ့အကျင့်ကို စပြီးပျိုးထောင်သင့်ပါတယ်။ ဖုန်း Screen ကြီးလေ ပိုကောင်းလေပါပဲ။

E-book တွေအခမဲ့ပေးတဲ့ Website တွေရှိပါတယ်။ WunZinn လို App မျိုးနဲ့လည်း စာအုပ်တွေဝယ်ဖတ်လို့ရပါတယ်။

Facebook ပေါ်မှာလည်း ဖတ်လို့ကောင်းတဲ့စာတွေရှိပါတယ်။

ဒါပေမယ့် Facebook ကိုစာဖတ်ဖို့ အရမ်းအားမကိုးပါနဲ့။ မိမိကိုယ်တိုင်စာအုပ်လေးတွေ ၀ယ်ဒေါင်းပြီး ဖတ်ပါ။

မိမိရဲ့ Professional နဲ့ ပတ်သတ်တာတွေ ဖတ်ပါ။ ဥပမာ-မိမိက Marketing သမားဆိုရင် Marketing အကြောင်းရေးတဲ့ Website တွေ၊ ဘလော့တွေမှာ စာဖတ်ပါ။

 

(၂)ဘာသာစကားလေ့လာပါ

ဖုန်းပေါ်မှာ ဘာသာစကားလေ့လာတာ အရမ်းကောင်းပါတယ်။

မှတ်မိအောင် game လေးတွေဆော့ပြီး သင်ယူလို့ရပါတယ်။

Wordscape လို game မျိုးဆို ပျော်ဖို့လည်းကောင်းပါတယ်။

အခြား Grammar Game လေးတွေလည်းရှိပါတယ်။

Johnny Grammar World Challenge ဆိုတဲ့ App လေးလည်းကောင်းပါတယ်။

အသံဖိုင်တွေ၊ သင်ခန်းစာတွေ လေ့လာချင်ရင်တော့ LEB English ဆိုတဲ့ App လေးကောင်းပါတယ်။

အဲ့ဒီ App မှာ BBC က သင်ခန်းစာတွေအများကြီးလေ့လာနိုင်ပါတယ်။ အောက်မှာ Link လေးပေးထားပါတယ်ရှင့်။

https://play.google.com/store/apps/details?id=com.dragonlab.bbclearningenglish&hl=en

 

(၃)Business နဲ့ ပတ်သတ်တာတွေ လေ့လာနိုင်ပါတယ်

Google Primer လို App မျိုးဆိုရင် Online Business နဲ့ ပတ်သတ်တာတွေ အကုန်လေ့လာလို့ရပါတယ်။

ဒါ့အပြင် Marketing သမားကလည်း Marketing အကြောင်းဖုန်းပေါ်ကနေ Google သုံးပြီး ဖတ်ကြည့်လို့ရပါတယ်။

Sales ကလည်း Sales အကြောင်း ၊ HR ကလည်း HR အကြောင်း စသဖြင့် မိမိနဲ့ ပတ်သတ်တာတွေကို Browser လေးဖွင့် google လေးဖွင့်ပြီး ရှာဖွေကြည့်နိုင်ပါတယ်။

လက်ထဲမှာ ဖုန်းနဲ့ အင်တာနက်ဆိုတာကြီး ရှိနေပြီး အသုံးမချတတ်ရင်တော့ သူများနောက်မှာကျန်ခဲ့မှာ အသေအချာပါပဲ။

ဖုန်းနဲ့ အင်တာနက်ကို အသုံးပြုပြီး သင့်ဘ၀တိုးတက်အောင် လုပ်လို့ရပါတယ်။

အခြားလုပ်လို့ရတာတွေ အများကြီးရှိပါသေးတယ်။ အခုချိန်ကစပြီး ဖုန်းကို အကျိုးရှိရှိ အသုံးချကြည့်ပါ။

Read-ဘ၀မှာ ဘာတွေလုပ်ပြီး အသက်ရှင်မလဲ???

Credit; မိုးရှင်း(I.M.T)

Read times
Rate this item
(1 Vote)