-->
×

Warning

JUser: :_load: Unable to load user with ID: 29


အလုပ်တစ်ခု ကမ်းလှမ်းလာတာကို ဘယ်လို အကဲဖြတ်မလဲ

အလုပ်တစ်ခု ကမ်းလှမ်းလာတာကို ဘယ်လို   အကဲဖြတ်မလဲ google.com

အလုပ်ဆိုတာ ကိုယ်ရဲ့ဒုတိယအိမ်ပါ။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်များစွာကို ပေးဆပ်ထားရမယ့် နေရာတစ်ခု ဖြစ်တဲ့ အတွက် အလုပ်တစ်ခုလက်ခံတာပဲဖြစ်ဖြစ်၊ လျှောက်တာပဲဖြစ်ဖြစ် သေချာလေးစဉ်းစားဖို့ လိုပါတယ်။ အဆင်မပြဘူးဆိုတိုင်း

အလုပ်ခဏခဏ ပြောင်းနေမယ်ဆိုရင်လည်း ကိုယ့်အတွက် လုံလောက်တဲ့ အတွေ့အကြုံကောင်းတွေ ရဖို့က ကြန့်ကြာသွားနိုင်ပါတယ်။ ဒါကြောင့် အလုပ်တစ်ခု ကမ်းလှမ်းလာတဲ့အခါမှာ သင်စဉ်းစားရမယ့် အချက်တွေကတော့

လစာ (salary)

လစာက ကိုယ့်ရဲ့ knowledge level, skill level နဲ့ ကိုက်ညီရဲ့လား ဈေးကွက်မှာရော ဒီလိုရာထူး ဒီလုပ်ငန်းမျိုးမှာဆို ဘယ်လောက်ရတယ် ဆိုတာတွေကို စဉ်းစားစုံစမ်းဖို့လိုပါတယ်။ ကိုယ်ဝင်မယ့် နယ်ပယ်ထဲကလူ သို့မဟုတ် ဒီနယ်ပယ်အကြောင်းသိတဲ့လူတွေဆီမှာ လစာနှုန်းထား ဘယ်လောက်ရှိတယ် ဆိုတာတွေကို မေးမြန်းစုံစမ်းနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်လိုချင်တဲ့ လစာနှုန်းထား ရရှိစေရန် ပေးသင့်တဲ့ အကြောင်းပြချက်ကိုလည်း သေချာပြင်ဆင်ထားသင့်ပါတယ်။

အလုပ်မှာ ပါရှိသောအရာများ (job description)

ကိုယ့်ကိုကမ်းလှမ်းလာတဲ့ အလုပ်မှာ ဘယ်လိုလုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပြီး ဘယ်လို ကျွမ်းကျင်မှုတွေနဲ့ လုပ်ဆောင်ရမလဲ သေချာနားလည်ရပါမယ်။ ကိုယ်က လူအများကြီးကို ဦးဆောင်ချင်သူလား။ လူနည်းနည်းကိုပဲ ဦးဆောင်ချင်သူလား။ နိုင်ငံခြားခရီးတွေရော ခဏခဏ ထွက်ချင်သူလား။ မထွက်ချင်သူလား။ အလုပ်က လိုချင်တဲ့ရလဒ်တွေကိုရော လိုက်လုပ်နိုင်မယ်ထင်လား။ မရနိုင်ဘူး ထင်လား။ ဒါတွေကို စဉ်းစားသင့်ပါတယ်။

လုပ်ငန်းခွင်ရဲ့ culture

Culture နဲ့ ကိုက်ညီမှုရှိ မရှိ၊ သေချာတာကတော့ ကိုယ့်အနေနဲ့ လုပ်ငန်း culture ကိုပြောင်းလဲဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒီလုပ်ငန်းမှာ ကိုယ်ပျော်မလား။ ကိုယ့်ရဲ့ အဆက်အသွယ် တွေ LinkedIn က အဆက်အသွယ် တွေနဲ့ လုပ်ငန်းအကြောင်း စုံစမ်းသင့်ပါတယ်။ ဒါမှ ဘယ်လိုလူတွေနဲ့တူတူ အလုပ်လုပ်ရမလဲ သိနိုင်တာပေါ့။

Flexibilityရှိခြင်းနှင့်တခြား ပေးနိုင်သော benefits များ

Flexibility ရှိတာ ပိတ်ရက်ပေးတာတွေဟာ ဝန်ထမ်းတွေ အတွက်တော့ တကယ်သဘောကျစရာတွေပါ။ လုပ်ငန်းက ဒါတွေ မပေးထားဘူး ကိုယ့်အနေနဲ့ တောင်းဆိုချင်ရင်တော့ အကောင်းဆုံးအခြေအနေမျိုးက ကိုယ်က ဒီလုပ်ငန်းထဲမှာ အချိန်တခုလောက်ကြာပြီး ကိုယ့်ကိုတိုင်က သူတို့အတွက် အများကြီး အကျိုးပြုနေတာမျိုး ဖြစ်နေဖို့လိုအပ်ပါတယ်။

တခြားရွေးချယ်မှုတွေ

လောလောဆယ်ကိုယ့်ကို ကမ်းလှမ်းချက်တွေ မရှိရင်တောင်မှ နောင်ဖြစ်လာမယ့် ကမ်းလှမ်းချက်တွေ၊ ဒါမှမဟုတ် အလုပ်တခါရှာလို့ ကုန်ကျတဲ့ စရိတ်တွေ၊ ဒါမှမဟုတ် လက်ရှိအလုပ်ပဲ ဆက်လုပ်ရင်ရော ဒီလို တခြားရွေးချယ်မှုတွေနဲ့ ချိန်ထိုးစဉ်းစားသင့်ပါတယ်။

Read-သင်ခေါင်းဆောင်တစ်ယောက်ဖြစ်နိုင်လား?

Source; Talent Development Center

Read times
Rate this item
(1 Vote)