-->
×

Warning

JUser: :_load: Unable to load user with ID: 29


$100 မြန်မာငွေ တစ်သိန်းကျော်နဲ့ ကိုယ်ပိုင်လုပ်ငန်းထောင်ကြရအောင်

$100 မြန်မာငွေ တစ်သိန်းကျော်နဲ့ ကိုယ်ပိုင်လုပ်ငန်းထောင်ကြရအောင် google.com

New York Times ရဲ့ အရောင်းရဆုံးစာရင်းဝင်ပါ။ လုပ်ငန်းထောင်ဖို့ MBA မလိုဘူး။ ငွေတွေအများကြီးရင်းနှီးမြှုပ်နှံစရာမလိုဘူး။

မြန်မာငွေ တစ်သိန်းကျော်လေးနဲ့ စီးပွားရေးလုပ်ငန်း ထောင်လို့ရပါတယ်တဲ့။ တကယ်ပါ

နားကြားမလွဲဘူး။ လူနေမှုစရိတ်နည်းတဲ့ နိုင်ငံတွေမှာတောင်မဟုတ်ဘူး၊ အစစအရာရာ ဈေးကြီးလှပါတယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုမှာ တည်ထောင်လို့ရပါတယ်။

စာအုပ်ရေးတဲ့သူ Chris Guillebeau က စာရေးဆရာ၊ စီးပွားရေးတည်ထောင်သူနဲ့ ခရီးလှည့်လည်သွားလာသူ။ အရင်းအနှီးနည်းနည်းလေးနဲ့ လုပ်ငန်းထူထောင်ပြီး အောင်မြင်နေတဲ့သူ။ အရင်းအနှီးနည်းနည်းနဲ့ လုပ်ငန်းလေး စထောင်ချင်တဲ့ မြန်မာတွေ ဖတ်သင့်တဲ့စာအုပ်ဖြစ်တယ်။

ရေမြေသဘောဝ ကွာချင်ကွာပေမယ့် သဘောတရားတွေက တူတူပါပဲ။

လူတွေ ကူးသန်းရောင်းဝယ်ကြကတည်းက ကိုယ်ပိုင်လုပ်ငန်းအငယ်လေးတွေ ထောင်ကြတဲ့အတွက် အသစ်အဆန်းမဟုတ်ပေမယ့် ဒီခေတ်မှာ လုပ်ငန်းထောင်ရတာ ပိုလွယ်တယ်၊ ပိုမြန်တယ်၊ ငွေပေးငွေယူလွယ်တယ်၊ ကြီးထွားတာမြန်တယ်။

အရင်ခေတ်က စီးပွားရေးလုပ်ငန်းတွေမှာ နေရာက ပထမ၊ နေရာက ဒုတိယ၊ နေရာက တတိယဖြစ်ပေမယ့် ခုခေတ်မှာ ကမ္ဘာအနှံ့လျှောက်သွားရင်း ကိုယ့်လုပ်ငန်းကို

အဝေးကနေ စီမံခန့်ခွဲလို့ရတယ်၊ ဝန်ဆောင်မှုတွေ ကုန်ပစ္စည်းတွေ အဝေးကနေ ရောင်းလို့ရတယ်၊ ငွေလက်ခံလို့ရတယ်။ အဝေးကနေ လုပ်ငန်းစီမံခန့်ခွဲတဲ့အခါ ဆောင်ရန် ရှောင်ရန်တွေ အတွေ့အကြုံတွေကို

ဒီစာအုပ်ထဲမှာ ရိုးရိုးရှင်းရှင်း ထိုင်စကားပြောနေတဲ့လေမျိုးနဲ့ ရေးထားတယ်။

စာရေးသူ တစ်ယောက်တည်းရဲ့ အတွေ့အကြုံကိုပဲ ရေးထားတာ မဟုတ်ဘူး။ ဘဏ်တွေဆီ မချဉ်းကပ်ရဘဲ ကိုယ့်ချွေးနှဲစာထဲက နည်းနည်းပါးပါး သုံးရုံနဲ့ လုပ်ငန်းစထောင်နိုင်ပြီးေ

အာင်အောင်မြင်မြင်လည်ပတ်၊ ဝင်ငွေဖြောင့်နေတဲ့ ထောင်နဲ့ချီသူတွေရဲ့အတွေ့အကြုံတွေက နေမှ စစ်ထုတ်၊ လက်ရွေးစင်တွေရဲ့ ဇာတ်လမ်းတွေကို စနစ်တကျရေးထားတာ။

ငွေရင်းနည်းနည်းနဲ့ စီးပွားရေး လုပ်ငန်းထောင်လို့ရအောင် လက်တွေ့ကျတဲ့၊ အစမ်းသပ်ခံ အောင်မြင်ပြီးသား စီးပွားရေးထောင်နည်း အကြံဉာဏ် တွေပေးတဲ့စာအုပ်ဖြစ်တယ်။

စီးပွားရေးလုပ်ချင်သူတွေကို ဘာလုပ်လုပ်အောင်မြင်တယ်လို့ မြှောက်ပေးတဲ့စာအုပ်မဟုတ်ဘူး။ ကိုယ်တကယ်ဒဏ်ခံနိုင်မှာလား၊ ကိုယ့်အကြံက ဖြစ်မြောက်နိုင်ရဲ့လား

ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်နိုင်အောင် Checklist တွေ အများကြီး ထည့်ပြောထားတယ်။ စာအုပ်အစပိုင်းမှာရှိတဲ့ Follow your passion… maybe အခန်းကို သေသေချာချာဖတ်ကြည့်သင့်တယ်။

ကိုယ်ကြိုက်တာလေးလုပ်နေရင်း ဝင်ငွေရတယ်ဆိုတာ လူတိုင်းရဲ့အိပ်မက်ပါ။ ဒါ့ကြောင့် ကိုယ့်ရဲ့စိတ်ကူးတွေ၊ အချိန်ငွေချွေးတွေ ရင်းနှီးရမယ့် စီးပွားရေးလုပ်ငန်း ထူထောင်သူဟာ ကိုယ်ကြိုက်တာကို လုပ်သင့်တယ်။

သို့သော်ငြားလည်း ကိုယ်ကြိုက်တဲ့အလုပ်ဟာ သူများတွေရဲ့ပြဿနာကို ဖြေရှင်းပေးတဲ့အလုပ် ဖြစ်ရမယ်တဲ့။ တစ်နည်းပြောရင် ကိုယ်ကြိုက်လို့လုပ်နေတာကို သူများက ပိုက်ဆံပေးချင်စိတ်ရှိရမယ်တဲ့။

သူဆို ပီဇာစားရတာ ကြိုက်တယ်၊ စိတ်ဓာတ်ပြင်းပြတယ်။ သူပီဇာစားဖို့ ဘယ်သူက ပိုက်ဆံလာပေးမလဲ။ ကိုယ်ဝါသနာပါတဲ့အလုပ်ဆိုပေမယ့် စိတ်ပြေလက်ပျောက် အားလပ်ချိန်လေးပဲ ဝါသနာပါတာလား၊

ကိုယ်ဝါသနာပါတာကို တစ်ပတ် နာရီနှစ်ဆယ် အနည်းဆုံးလုပ်ရမယ်ဆို လုပ်ချင်သေးလား။

ကိုယ့်ဝါသနာရဲ့ အောက်ခြေသိမ်းကိစ္စတွေအပါအဝင် အသေးစိတ်ကိစ္စတွေကိုရော ကြိုက်ရဲ့လား။ ဝါသနာကို စီးပွားရေးအဖြစ်လုပ်ရင် ကိုယ့်ဝါသနာထဲက ကြိုက်တာရော မကြိုက်တာတွေပါ လုပ်ရတော့မယ်လေ။

ဒီလိုမေးခွန်းတွေကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့လည်း လိုသေးတယ်တဲ့။

စီးပွားရေးလုပ်ငန်းထောင်ဖို့ လိုအပ်ချက်က သုံးခုလို့ Chris က ပြောတယ်။ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု၊ အဲဒါအတွက် ငွေပေးချင်တဲ့ လူတွေ၊ ငွေယူလို့ရတဲ့နည်းလမ်းရယ် ဒီသုံးခုသာ အရေးကြီးပါတယ်တဲ့။ ကျန်တာတွေက သာမညတဲ့။

နောက်တစ်မျိုး ရှင်းအောင်ဆိုရင်

(passion+skill) ကနေ (problem+marketplace)= opportunity

သဘောက ‘ဈေးကွက်ထဲမှာရှိတဲ့’ ‘ပြဿနာ’ကို ‘ကိုယ့်မှာရှိတဲ့ အရည်အချင်း’ နဲ့ ‘စိတ်ပြင်းပြမှု’ နဲ့ ပေါင်းပြီး ဖြေရှင်းနိုင်ရင် ‘အခွင့်အလမ်းပေါ်လာမယ်’ တဲ့။ ဒီနေရာမှာ Marketplace ဆိုတာ ငွေပေးမယ့်သူကို ဆိုလိုတယ်။

ကိုယ့်အရည်အချင်းကလည်း မြင့်ပါရဲ့၊ စိတ်ဓာတ်လည်း ပြင်းပြပါရဲ့၊ ပြဿနာကိုလည်း ရှင်းနိုင်ပါရဲ့နဲ့ ငွေပေးမယ့်သူမရှိရင် မဖြစ်မြောက်နိုင်ဘူးလို့ စာရေးသူက သတိပေးထားတယ်။

ကိုယ် ရောင်းတဲ့ပစ္စည်း၊ ဝန်ဆောင်မှုကို ငွေပေးချင်သူရှိရဲ့လားဆိုတဲ့ အဓိကမေးခွန်းနဲ့ ကိုယ့်လုပ်ငန်း အကြံအစည်ကို အကဲဖြတ်ဖို့ပါ။ ကိုယ့်ပစ္စည်းက ဈေးကွက်ရှိရဲ့လားပေါ့။

ဒီမေးခွန်းကို ဖြေဖို့ ကြိုးစားတဲ့ အခါမှာလည်း တစ်ခါတည်းနဲ့ အများကြီး ရင်းနှီးပြီး ဝယ်သူမရှိမှ ပက်လက်လန်စရာမလိုဘူး။

ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို နည်းနည်းချင်းထုတ်၊ ဈေးကွက်တင်ကြည့်၊ ဝယ်သူတွေရဲ့ တုံ့ပြန်မှုပေါ်မူတည်ပြီး ကိုယ့်ပစ္စည်းကို မွမ်းမံသွားလို့ ရပါတယ်တဲ့။

ကိုယ်ပစ်မှတ်ထားတဲ့ ဈေးကွက်ကို ရှာတဲ့အခါမှာ အရင်လို ကိုယ့်ပစ္စည်းကိုဝယ်မယ့်သူတွေ ‘ဘယ်မှာနေလဲ၊ အသက်ဘယ်လောက်လဲ၊ ယောက်ျားလား မိန်းမလား၊ ဝင်ငွေဘယ်လောက်လဲ’ ဆိုတဲ့ သမားရိုးကျတွေအစား

ကိုယ့်ပစ္စည်းကိုဝယ်မယ့်သူတွေရဲ့ ‘စိတ်ဝင်စားမှု၊ ယုံကြည်မှု၊ ကျွမ်းကျင်မှု .. စတာတွေ’ ကို ကြည့်သင့်တယ်တဲ့။ စာရေးသူတင်ပြတဲ့ နောက်ဆက်တွဲ မဟာဗျူဟာက နှစ်ခုပါ။ လက်ရှိ ရေပန်းစားနေတဲ့ ဝါသနာတွေ၊ လူတွေအရူးအမူး ဖြစ်နေတဲ့ အရာတွေနဲ့ ချိတ်ပါ။

သေချာပေါက်ရောင်းရမယ်တဲ့။ နံပါတ်၂။ လူတွေ ဝယ်တာကိုပဲ ရောင်းပါ (မသေချာရင်မေးပါ) တဲ့။ ဒုတိယဗျူဟာက အရေးကြီးတယ်။ လူတွေက ဝယ်ချင်ကြတယ်၊ ဒါပေမဲ့ ‘အရောင်းခံ’ ရတာကို သူတို့မကြိုက်ဘူးတဲ့။ လူတွေ ဘာလိုချင်လဲ မသဲကွဲရင် မေးပါတဲ့။

‘Anyone can cook’ ‘ဘယ်သူမဆို ဟင်းချက်လို့ရတယ်’ ဆိုတဲ့စကားရှိတယ်။ ဒီလိုပါပဲ ‘Anyone can be an entrepreneur’ ‘ဘယ်သူမဆို စီးပွားရေးလုပ်လို့ရတယ်’ ဆိုတဲ့အသိနဲ့တကွ လက်တွေ့လုပ်ပုံလုပ်နည်းတွေ၊ ကြုံရဆုံရမယ့် အခက်အခဲဖြေရှင်းနည်းပွဲတွေ့တွေကိုပါ ဒီစာအုပ်က ပေးတယ်။

Read-စွန့်ဦးတီထွင်သူများ ကြုံတွေ့ရလေ့ရှိတဲ့ အမှားများ

 

Source; The Voice Weekly Journal

Read times
Rate this item
(3 votes)