-->
×

Warning

JUser: :_load: Unable to load user with ID: 29


အောင်မြင်တဲ့ Marketing Plan တစ်ခုတည်ဆောက်ဖို့အချက် ၃ ချက်

တကယ်တမ်းမှာတော့ မားကတ်တင်းစီမံချက် (Marketing Plan) ဆိုတာ ကုန်ပစ္စည်းတွေ၊ ဒါမှမဟုတ် ဝန်ဆောင်မှုတွေ ရောင်းချတာထက်အများကြီးပိုပါတယ်။ မားကတ်တင်းစီမံချက်တစ်ရပ်ဟာ စီးပွားရေးလုပ်ငန်းကြီးတစ်ရပ် အတွက်ပဲဖြစ်ဖြစ်၊ လူမှုအဖွဲ့အစည်းတစ်ရပ်အတွက်ပဲဖြစ်ဖြစ် အသက်တမျှအရေးကြမားကတ်တင်းလို့ ကြားလိုက်တာနဲ့ လူအများစုက ကုန်ပစ္စည်းတွေနဲ့ဝန်ဆောင်မှုတွေရောင်းချဖို့ဆိုတာကိုပဲ ပြေးမြင်မိတတ် ကြပါတယ်။

 

တကယ်တမ်းမှာတော့ မားကတ်တင်းစီမံချက် (Marketing Plan) ဆိုတာ ကုန်ပစ္စည်းတွေ၊ ဒါမှမဟုတ် ဝန်ဆောင်မှုတွေ ရောင်းချတာထက်အများကြီးပိုပါတယ်။ မားကတ်တင်းစီမံချက်တစ်ရပ်ဟာ စီးပွားရေးလုပ်ငန်းကြီးတစ်ရပ် အတွက်ပဲဖြစ်ဖြစ်၊ လူမှုအဖွဲ့အစည်းတစ်ရပ်အတွက်ပဲဖြစ်ဖြစ် အသက်တမျှအရေးကြီးလှပါတယ်။ဒါကြောင့် ကိုယ့်ရဲ့စားသုံးသူ၊ ပရိသတ်ကိုအောင်အောင်မြင်မြင်ဆွဲဆောင်နိုင်ရေးအတွက် မားကတ်တင်းစီမံချက်တစ်ရပ်ချမှတ်ရာမှာ သတိပြုရမယ့် အကြံပြုချက် ၃ ချက်ကို ဖော်ပြပေးချင်ပါတယ်။ ဒီအကြံပြုချက်တွေကို ကမ္ဘာ့အကြီးဆုံလူမှုအဖွဲ့အစည်းကွန် ယက်တစ်ခုဖြစ်တဲ့ Ashoka ရဲ့ ဒုဥက္ကဌဖြစ်သူ ဘီဗာလေရှဝက်ဇ်က မျှဝေပေးထားတာ ဖြစ်ပါတယ်။

 

(၁) နည်းလမ်းတစ်ခုဟာ ရည်ရွယ်လိုတဲ့သူအားလုံးအတွက်ကိုက်ညီမှာမဟုတ်ဘူးဆိုတာ သတိရပါ။

 

မားကတ်တင်းစီမံချက်တစ်ခုရေးဆွဲတဲ့အခါ လူမှုစွန့်ဦးတီထွင်လုပ်ငန်းရှင်အားလုံးအရင်ဆုံးလုပ်သင့်တာကတော့ ဘယ်သူတွေကို ပစ်မှတ်ထားဆွဲဆောင်မှာလဲဆိုတာကို ဆုံးဖြတ်ဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပစ်မှတ်ထားတဲ့ လူအမျိုးအစားအပေါ်မူတည်ပြီး ကိုယ့်လုပ်ငန်းအကြောင်းတင်ပြပုံကို ပြောင်းလဲပေးဖို့လိုအပ်လို့ပါပဲ။ ကိုယ့်လုပ်ငန်းရဲ့ ရည်ရွယ်ချက်နဲ့ လျှောက်မယ့်လမ်းကြောင်းက ပြောင်းလဲမှာမဟုတ်ပေမယ့် ဒီအကြောင်းကို တင်ပြပုံကတော့ နားထောင်၊ကြည့်မြင်မယ့်သူတွေအပေါ်မူတည်ပြီး ပြောင်းလဲရမှာ ဖြစ်ပါတယ်။

 

(၂) ကိုယ့်ရဲ့ရည်မှန်းချက်ကိုတိတိကျကျသိပါ၊ လိုရင်းတိုရှင်းပြောပြပါ။

 

ကိုယ်ပြောချင်တဲ့သတင်းစကားကိုပါးဖို့က နောက်တစ်ဆင့်ပါ။ ပထမဆုံးကိုယ့်ရည်မှန်းချက်နဲ့ကိုယ့်လျှောက်မယ့် လမ်းကြောင်းကို တိတိကျကျစဉ်းစားထားဖို့လိုပါတယ်။ အဲဒီနောက်မှာမှ ကိုယ့်ရည်မှန်းချက်ကို အပြည့်အဝပုံဖော် နိုင်ပြီး လိုရင်းတိုရှင်းလည်းပြောပြနိုင်အောင်စဉ်းစားရမှာ ဖြစ်ပါတယ်။ ကိုယ်လုပ်ချင်တာကို စကားလုံး ၆ လုံး၊ ၈ လုံးလောက်နဲ့ ဖော်ပြနိုင်ပြီဆိုရင် သင့်ရဲ့ရည်မှန်းချက်က တကယ့်ကိုရှင်းရှင်းလင်းလင်းရှိသွားမှာ ဖြစ်ပါတယ်။

 

(၃) မဟာဗျူဟာကျကျကြော်ငြာပါ။ လမ်းညွှန်ပြသမယ့်သူရှာဖို့လည်း မကြောက်ပါနဲ့။

 

သင့်လုပ်ငန်းအကြောင်းပါးချင်တဲ့ သတင်းစကားရှိလာပြီဆိုရင် အဲဒီသတင်းစကားကို လူအများဆီရောက်ရှိအောင် မဟာဗျူဟာကျကျ ကြော်ငြာဖို့ နည်းလမ်းရွေးချယ်ရမှာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ကိုယ့်လုပ်ငန်းအကြောင်း လူသိအောင် မြှင့်တင်ဖို့အတွက်နည်းလမ်းတွေအများကြီးရှိနေပြီး အဲဒီနည်းလမ်းတွေထဲကမှ ဘယ်နည်းလမ်းက ကိုယ့်လုပ်ငန်းနဲ့ အကိုက်ညီဆုံးဖြစ်မယ်ဆိုတာကို ရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။ ကိုယ်ပစ်မှတ်ထားကြော်ငြာချင်တဲ့သူတွေက ဘယ်လိုနည်းလမ်းနဲ့ သတင်းအချက်အလက်တွေကို ရယူလေ့ရှိသလဲဆိုတာကို လေ့လာပြီး ကိုယ့်လုပ်ငန်းအကြောင်း သူတို့ဆီရောက်ရှိအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အဲဒီလို ကိုယ့်လုပ်ငန်းအကြောင်း ကြော်ငြာဖို့အတွက် နည်းလမ်းရှာ တဲ့နေရာမှာ လိုအပ်ရင် ပြင်ပကနေအကြံဉာဏ်ရယူဖို့အတွက်လည်း ကြောက်မနေသင့်ပါဘူး။ အရင်းအနှီးမတောင့်တင်းတဲ့လုပ်ငန်းလေးတွေအနေနဲ့ မားကတ်တင်းအတွက် အင်အားစိုက်ထုတ်လုပ်ဆောင်တဲ့နေရာမှာ အကျိုးအရှိဆုံးနည်းလမ်းနဲ့လုပ်ဆောင်နိုင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် အကောင်းဆုံးဖြစ်မယ့်နည်းလမ်းကိုညွှန်ပြပေးနိုင် မယ့် ပြင်ပကကျွမ်းကျင်သူတွေကို ငှားရမ်းသင့်ရင် ငှားရမ်းရမှာပဲ ဖြစ်ပါတယ်။

 

ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီး လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့ အရည်အသွေးတွေနဲ့ စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက် ရာမှာအသုံးချနေတဲ့ မျိုးဆက်သစ်တစ်ရပ် ရှိနေပါတယ်။

 

Duwan

Read times
Rate this item
(3 votes)