-->
×

Warning

JUser: :_load: Unable to load user with ID: 29


သာလွန်ကောင်းမွန်တဲ့ ၀န်ဆောင်မှု တစ်ခုဖြစ်အောင် ဘယ်လိုဖန်တီးကြမလဲ

သာလွန်ကောင်းမွန်တဲ့ ၀န်ဆောင်မှု တစ်ခုဖြစ်အောင် ဘယ်လိုဖန်တီးကြမလဲ google

ဝယ်သူတွေက သင့်ဆီကို နောက်တစ်ခေါက် ထပ်လာတယ် ဆိုတာသင့်ရဲ့ ကြော်ငြာတွေ၊ billboard တွေကြောင့်မဟုတ်ပါဘူး။

သင့်ရဲ့ ၀န်ဆောင်မှု (Service) ကြောင့်ဆိုတာကို မမေ့ပါနဲ့။ ကောင်းမွန်တဲ့ ၀န်ဆောင်မှု တစ်ခုကို ဖန်တီးနိုင်ဖို့အတွက် အခြေခံအားဖြင့် ပါဝင်ရမယ့်အရာ သုံးခုရှိပါတယ်။ အဲဒီအရာတွေကတော့

 

၁။ People(သင့်ရဲ့ဝန်ထမ်း)
၂။ Product (သင်ရောင်းမယ့်အရာ)
၃။ Process(လုပ်ဆောင်မှု) တို့ ဖြစ်ပါတယ်။


သာလွန်ကောင်းမွန်တဲ့ ၀န်ဆောင်မှုကို ဖန်တီးနိုင်ဖို့အတွက် သင့်ရဲ့ဝန်ထမ်းတွေက အလွန်အခရာကျပါတယ်။ သင့်ဝန်ထမ်းတွေရဲ့ ပင်ကိုဗီဇ (Talent)၊ အရည်အသွေး (Skill) စတာတွဟာ သူတို့ပေးရမယ့် ၀န်ဆောင်မှု (Service)နဲ့ လိုက်ဖက်ညီဖို့ လိုအပ်ပါတယ်။ ၀န်ထမ်းတွေအနေနဲ့ customer တွေကို မိမိတို့ရဲ့ ၀ယ်သူတွေလို့ မြင်လာအောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စီမံခန့်ခွဲတဲ့ သူတွေအနေနဲ့ မိမိရဲ့ဝန်ထမ်းတွေကို လိုအပ်တဲ့သင်တန်းတွေ လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်သလို ၀န်ထမ်းတွေအတွက် ရင်းနှီးမြှုပ်နှံ (Invest) လုပ်ဖို့လည်း အရေးကြီးပါတယ်။

 

ဝန်ထမ်းတွေဟာ မိမိတို့ရဲ့လုပ်ငန်းကို ကိုယ်စားပြုပြီး ၀ယ်သူတွေနဲ့ အဓိကဆက်ဆံရတဲ့ သံတမန်တွေဖြစ်တယ် ဆိုတာ မမေ့ပါနဲ့။ ပျော်ရွှင်တက်ကြွနေတဲ့ ၀န်ထမ်းတွေကသာ Customer တွေကို သာလွန်ကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေ ပေးနိုင်မှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ စီမံခန့်ခွဲသူများ အနေနဲ့လည်း ၀န်ထမ်းတွေကို ကိုယ်ချင်းစာစိတ်ရှိရှိနဲ့ ရင်းနှီးဖော်ရွေစွာ စီမံအုပ်ချုပ်ဖို့ အထူးလိုအပ်ပါတယ်။ စွမ်းဆောင်ရည် မြင့်မားတဲ့ ၀န်ထမ်းတွေကိုလည်း သူတို့ရဲ့ စွမ်းဆောင်ရည် အလိုက်ဆုတွေ ချီးမြှင့်ပေးရပါမယ်။

 

သင်ရောင်းတဲ့ ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှု ကိုလည်း စဉ်ဆက်မပြတ် ဆန်းသစ် နေအောင် လုပ်ဆောင်ရပါမယ်။ စားသောက်ဆိုင် တစ်ဆိုင်အနေနဲ့ မိမိရဲ့အစားအသောက် မီနူးကို ပြင်ဆင်ပြီး ထူးခြားအောင် ဆောင်ရွက်တာ ဟာလည်း ဆန်းသစ်အောင် လုပ်ဆောင်တာပါပဲ။ တစ်ချိန်တည်းမှာပဲ မိမိတို့ရဲ့ လုပ်ဆောင်မှု (Process) ကိုပိုမိုတိုးတက် ကောင်းမွန်လာအောင် အားထုတ် ဆောင်ရွက်နေရမှာ ဖြစ်ပါတယ်။ ဒီခေတ်မှာတော့ လုပ်ဆောင်မှု (Process) နဲ့ ပတ်သက်လာရင် ၀ယ်သူ (Customer)တွေက “မြန်”တာကို ကြိုက်ကြပါတယ်။

 

- ငွေရှင်းတဲ့အခါမှာ မြန်ချင်ပါတယ်။
- ဟင်းပွဲမှာရင် မြန်မြန် ရောက်စေချင်ပါတယ်။
- အော်ဒါမှာရင် မြန်မြန် ပို့စေချင်ပါတယ်။

 

သင့်ကုမ္ပဏီမှာ ၀န်ထမ်းဘယ်နှစ်ရာ၊ ဘယ်နှစ်ထောင် ရှိတယ်။ အပြိုင်အဆိုင် ပြောနေရမယ့် ခေတ်မဟုတ်တော့ပါဘူး။ သင့်အနေနဲ့ ဘယ်လာက် မြန်မြန်ဆန်ဆန် လုပ်ပေးနိုင်သလဲဆိုတာကို ပြောရမယ့်ခေတ် ဖြစ်ပါတယ်။လုပ်ဆောင်မှု (Process) တွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့နဲ့ သင့်ရဲ့ဝန်ထမ်းတွေကို လိုအပ်တဲ့ လေ့ကျင့် သင်ကြားမှုတွေ၊ သင်တန်းတွေ ပေးရမှာ ဖြစ်ပါတယ်။ သင်က သင့်ပြိုင်ဘက်တွေထက် ပိုကာင်းအောင် လုပ်နေနိုင်သ၍ သင့်ဆီမှာ Customer တွေ တိုးတက်လာမှာပဲ ဖြစ်ပါတယ်။

 


#credit

Myanmar Advertising Directory


Read More...လက်လီအရောင်းဆိုင်တွေအတွက် သတိထားရမယ့် အချက်များ

Read times
Rate this item
(1 Vote)