-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဂျက်ကီချမ်းကပေးတဲ့ စီးပွားရေးသင်ခန်းစာ

ဂျက်ကီချမ်းကပေးတဲ့ စီးပွားရေးသင်ခန်းစာ google.com

ဂျက်ကီချမ်းဆိုတာ ကျနော်တို့ နဲ့ နည်းနည်းမှ မစိမ်းတဲ့ နာမည်ကျော် အက်ရှင်သရုပ်ဆောင်ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ ရုပ်ရှင်လောကမှာ ကျင်လည်ခဲ့ပြီး ဆုတွေလည်း မနည်းမနောရခဲ့သူပါ။

 

ရုပ်ရှင်ဆိုတာကလည်း တစ်ကယ်တော့ စီးပွားရေးပါပဲ။

အနုပညာ ဆိုတဲ့ ရောင်းကုန်ကို စားသုံးတဲ့ ပရိတ်သတ်က သဘောကျနှစ်သက်အောင် ထုတ်ပိုးရောင်းချ တဲ့သဘောပါပဲ။

ဂျက်ကီချမ်းကျနော်တို့ ရင်ထဲရောက်အောင် သူရဲ့ အနုပညာကို ဘယ်လို ထုတ်ပိုးပေးခဲ့လဲ?

ဂျက်ကီချမ်းရဲ့အောင်မြင်မှုနောက်ကွယ်က ကျနော်တို့ သင်ယူနိုင်မယ့် သင်ခန်းစာ ၃ ခုကို ထုတ်နုတ် တင်ပြပေးပါရစေ။

 

(၁) ကိုယ်နည်း ကိုယ်ဟန်ရှိပါစေ

ဒီလောက် လူတွေကြည့်နေတဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာထဲကမှ ဂျက်ကီချမ်းကို ကျနော်တို့အမြဲအမှတ်ရမိတာက သူ့ရဲ့ သဘာဝဆန်ဆန်အက်ရှင်တွေနဲ့ ရောထားတဲ့ ဟာသဇာတ်ကွက်တွေပါပဲ။

လူတွေမှတ်မိတယ်၊ သဘောကျတယ် ဆိုတာ သူ့ရဲ့ ကွဲထွက်နေတဲ့တင်ဆက်မှုကြောင့်ပါ။

ကျနော်တို့ စီးပွားရေးလုပ်တဲ့အခါမှာလည်း တခြားသူတွေမတူပဲ ထူးခြားစွာစဉ်းစားနိုင်ရင် ဈေးကွက်မှာ နာမည်ရမှာပါ။

 

(၂) ကိုယ့်ပရိတ်သတ်ကို သိပါစေ

ဂျက်ကီချမ်းရဲ့ ကားတွေကို သေချာကြည့်ရင် သူငယ်စဉ်က ရိုက်ထားတာနဲ့ အခုနောက်ပိုင်းကားတွေနဲ့ ဦးတည်ပုံ တင်ဆက်ပုံတွေက ကွာသွားတာကိုသတိထားမိမှာပါ။

အင်တာဗျူးတစ်ခုမှာ သူဖြေထားတာက “ ကျနော့် ပရိတ်သတ်ရဲ့ အသံကိုနားထောင်တယ်၊ အဆင်မပြေတော့တာတွေ အမြင်မတော်တာတွေကို တဖြည်းဖြည်းခြင်းပြင်တယ်။

ဥပမာ- ညစ်တီးညစ်ပတ် အကွက်တွေဆို နောက်ပိုင်းကားတွေမှာမထည့်တော့ဘူး။

ကျနော့်ပရိတ်သတ်တွေကလည်း ကျနော့်လိုအသက်ကြီးလာကြတယ်လေ။

ဒါကြောင့် သူတို့အပြင် သူတို့မိသားစုတွေပါအတူကြည့်နိုင်မယ့် ဇာတ်လမ်းတွေကို ပိုရိုက်ဖြစ်လာတာပေါ့”

ဒါကိုကြည့်မယ်ဆိုရင် ဂျက်ကီချမ်းဟာ သူ့ပရိတ်သတ်ကို ကောင်းကောင်းသိတဲ့လူ သိသာပါတယ်။

ဒါ့အပြင် ဈေးကွက်ရဲ့ လိုအပ်ချက်ကို ရအောင် လုပ်တဲ့အပြင် ဈေးကွက်အသစ်အတွက်ပါ ကြိုတွက်ပြီး ရုပ်ရှင်ကိုရိုက်တာပါ။

ဒီလိုပဲ စီးပွားရေးမှာဆိုရင်လည်း ဘော်လုံးပွဲကိုစိတ်ဝင်စားတဲ့ ပရိတ်သတ်ကို ရောင်းချမယ့် ထုတ်ကုန်က အားကစားနဲ့ ဆိုင်တဲ့ ပစ္စည်းဆို ပိုရောင်းချရပါတယ်။

ဒါကြောင့် စီးပွားရေးလုပ်တဲ့အခါ မှာလည်းဈေးကွက်ကို သေချာလေ့လာပြီးတော့ ထုတ်ကုန်ကို တင်သွင်းတဲ့အခါ အောင်မြင်မှုရမှာပါ။

 

(၃)ရေကုန်ရေခမ်းကြိုးစားပါ

ဂျက်ကီချမ်းဟာ ရဲ့ရုပ်ရှင်တွေကိုကြည့်ရင်သူအားထုတ်တာကိုတွေ့မှာပါ။

ဒါပေမယ့် ဘယ်လောက်တောင်ကြိုးစားရင်းနှီးထားသလဲ?

တခါက အင်တာဗျူးမှာသူဖြေတာ သူ့ဇာတ်လမ်းကို ၆ နာရီမှာရိုက်မယ်ဆို မနက် ၃ နာရီမှာ သူမှန်ရှေ့မှာ သိုင်းလေ့ကျင့်နေပါပြီတဲ့။

စီးပွားရေးမှာလည်း သူများထက်အကွက်ကျော်မြင်ဖို့ အောင်မြင်ဖို့ဆိုရင် ကြိုးစားအားထုတ်ပြီးဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကို စတင်မွေးမြူရမှာဖြစ်ပါတယ်။

ဒါတွေကတော့ ဂျက်ကီချမ်းဆီကနေ အတုယူနိုင်တဲ့စီးပွားရေး ဆိုင်ရာ သင်ခန်းစာ ၃ ခုဖြစ်ပါတယ်။

ဖတ်ရှုပြီး ခွန်အားဖြစ်ပါစေလို့ မင်မင်က ဆုတောင်းပေးလိုက်ပါတယ်နော်...။

Recommended for you-ကိုယ့်ရည်မှန်းချက်ကို ကိုယ်တိုင်စီမံခန့်ခွဲမယ်

Credit; Original Writer

Read times
Rate this item
(10 votes)