-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကုန်ပစ္စည်းပဲ ဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် Branding လုပ်ချင်တယ်ဆိုရင်

ကုန်ပစ္စည်းပဲ ဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် Branding လုပ်ချင်တယ်ဆိုရင် google

Branding လို့ပြောလိုက်တာနဲ့ ကုန်ပစ္စည်းတွေတင်မကပဲ လူတွေလည်း branding ဆောက်လို့ရပါတယ်။

ဒီတော့ လူပဲဖြစ်ဖြစ် ကုန်ပစ္စည်းပဲဖြစ်ဖြစ် branding လုပ်ချင်ရင် သိထားရမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ


၁။ စွဲစွဲမြဲမြဲ တည်ဆောက်ပါ

Branding ဆိုတာ ကိုယ့်နာမည်ကို အဲဒီနယ်ပယ်မှာ ပြောလိုက်တာနဲ့ တန်းပြီးမြင်နေအောင်၊ ပြီးရင် သူတို့စိတ်ထဲမှာ ကိုယ့်နာမည်ကို ယုံကြည်တဲ့အတွေးမျိုး ဖြစ်လာအောင်လုပ်တာပါ။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားလို့ပြောရင် မက်ဆီနဲ့ ရိုနယ်ဒိုကို ပြေးမြင်ကြပါလိမ့်မယ်။ သူတို့ကို ဒီလိုမြင်အောင် ၂ ယောက်လုံး တစ်နေ့တည်း တစ်နှစ်တည်းနဲ့ တည်ဆောက်ခဲ့တာမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ဒီနယ်ပယ်မှာ ဒီတစ်ခုတည်းကို စွဲစွဲမြဲမြဲ တည်ဆောက်ထားတာပါ။


၂။ ဘယ်အရာက ကျော်ကြားစေတာလဲ

ကိုယ်က branding တစ်ခုကိုဆောက်လာပါပြီတဲ့ နာမည်လေးရလာမယ်။ ဒါပေမယ့် ကိုယ့်ကိုဘယ်အရာက ဒီနေရာရောက်စေခဲ့လဲဆိုတာ သိဖို့လိုအပ်တယ်။ ဥပမာ မင်းသမီးရွှေမှုန်ရတီဆိုရင် ချေချေဆိုပြီး သိကြပါလိမ့်မယ်။ဒီတော့ ဘာဖြစ်လာသလဲဆိုရင် ခုချိန်မှာ သူ့အနေနဲ့ မချေဘဲတခြားပုံနဲ့ နေမယ်ဆိုရင် မလွယ်တော့ဘူး။ ဘာလို့လဲဆိုတော့ လူတွေရဲ့ မျက်လုံးထဲမှာ ပုံရိပ်တစ်ခုကမြင်သွားရင် ပြောင်းလဲဖို့ခက်ပါတယ်။ ဒီတော့ ကိုယ်မကျော်ကြားခင်ကတည်းက ဘာနဲ့ကျော်ကြားချင်သလဲဆိုတာ အရင်စဉ်းစားပါ။

သင့်လုပ်ငန်းကို ကြော်ငြာမယ်ဆိုရင် ရွေးချယ်သင့်တဲ့ Linkedin Advertising


၃။ တွဲဖက်တွေကို သတိထားပါ

သင့်ရဲ့ brand ကို သင်နဲ့မတူတဲ့ တခြားနယ်ပယ်တစ်ခုမှာ ထိုးထည့်ပြီး အတူတူဖောက်ကြတာတွေရှိပါတယ်။ ဥပမာ တစ်ယောက်က ဘာဂါရောင်းတယ်။ နောက်တစ်ယောက်က ကိုလာရောင်းတယ်။ သူတို့ ၂ ယောက်ပေါင်းလိုက်တော့ ဘာဂါဆိုတာ ကိုလာနဲ့တွဲမှ လိုက်တာတွေ ဘာတွေဖြစ်သွားတက်ပါတယ်။ စဉ်းစားရမှာက အဲ့လိုအစပ်အဟပ် တည့်သွားရင် ပြဿနာမဟုတ်ပေမယ့် ကိုယ်တွဲမိတဲ့ဟာက ကိုယ့် brand နဲ့ လုံးဝမသက်ဆိုင်ရင်တော့ မကောင်းပါဘူး။


၎။ တခြားသူတွေဆီကနေ copy မလုပ်ပါနဲ့

ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်အားကျရတဲ့ သူတွေရှိကြမှာပါ။ ဒါပေမယ့် တစ်ခုရှိတာက အရမ်းပုံတူမကူးချနဲ့ သူလုပ်တဲ့အတိုင်း ကိုယ်လိုက်လုပ်ရင် ဘာဖြစ်လာသလဲဆိုတော့ ကိုယ်ပိုင်ဟန်ထွက်မလာတော့ပါဘူး။ ဒီတော့ တစ်သက်လုံး ကိုယ်အားကျတဲ့သူထက် ကျော်မှာလည်း မဟုတ်သလို၊ ကိုယ်ပိုင်ဟန်ဆိုတာလည်း ဘာမှန်းသိတော့မှာမဟုတ်ပါဘူး။ တကယ်တမ်းက လူတိုင်း ကုန်ပစ္စည်းတိုင်းမှာ သူ့စတိုင်နဲ့၊ သူ့ guideline နဲ့ရှိသင့်ပါတယ်။


Source; Sai Lu Shar

Myanmar Advertising Directory

Read times
Rate this item
(1 Vote)