-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင်ရော ဒီအမျိုးသမီး လိုရဲရင့်နိုင်ပါ့မလား???

သင်ရော ဒီအမျိုးသမီး လိုရဲရင့်နိုင်ပါ့မလား??? google.com

အခုပြောပြချင်တဲ့ အကြောင်းကတော့ Naga စစ်တပ်ကို ဦးဆောင်ခဲ့တဲ့ အမျိုးသမီး အကြောင်းပါ။ သူမကို မိန်းခလေးဆိုပြီး လျှော့တွက်လို့ မရဘူးနော်။ သူမကတော့ သင်သွားစလို့ကောင်းတဲ့ သူတစ်ယောက်မဟုတ်ပါဘူး။

သူကတော့ Ursula Graham Bower လို့ ခေါ်တဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်။

ချမ်းသာတဲ့ဗြိတိန် မိသားစုတစ်စုက ဆင်းသက်လာတဲ့ အသက် ၂၃ နှစ်အရွယ် ဗိသုကာပညာရှင် Ursula Graham Bower ဟာ ၁၉၃၇ ခုနှစ်မှာ အရှေ့အိန္ဒိယက Naga တောင်ကုန်းတွေဘက်ကိုသွားခဲ့ပါတယ်။

သူဟာ စူးစမ်းလေ့လာရေးခရီးစဉ်အဖြစ်သွားခဲ့တာဖြစ်ပေမယ့် Naga လူမျိုးတွေကို ဆေးဝါးနဲ့အစားအသောက်တွေပေးခဲ့တာကြောင့် သူတို့နဲ့အလွန်ရင်းနှီးခဲ့တယ်။

တဖြည်းဖြည်းနဲ့ အိန္ဒိယဟာ ဂျပန်တွေရဲ့ ကျူးကျော်မှုရန်ကို ရင်ဆိုင်လာရတဲ့အချိန်မှာတော့ Naga လူမျိုး ၁၅၀ ဟာ V Force Guerilla တပ်ဖွဲ့ထဲဝင်ကြရပြီး သူတို့ကိုခေါင်းဆောင်ဖို့အတွက်

သူတို့ယုံကြည်တဲ့အရာရှိလည်းမရှိတဲ့အတွက် Bower ကို သူတို့ရဲ့ခေါင်းဆောင်အဖြစ် ထားခဲ့ရတယ်။

Bower ရဲ့တပ်ဖွဲ့တွေဟာ လက်နက်မမျှတာတောင်မှ ဂျပန်စစ်သား ၅၀ ကျော်ကို ဝင်ရောက်တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့တယ်။

ဂျပန်စစ်သားပေါင်း ၈ သောင်းလောက် အိန္ဒိယကို ရောက်လာတဲ့အချိန်မှာတော့ ဂျပန်တစ်စိတ်တစ်ခုကိုတင် လူပေါင်း ၁၅၀၀ လောက်ရှိလာခဲ့တယ်။

Bower ဟာ သူတို့ကို ရန်သူပေါင်း ၁ သောင်းခွဲလောက်ဝိုင်းတိုက်တာတောင်ရွာကို ဆက်လက်ကာကွယ်ခဲ့ပါတယ်။

တစ်ခါကဆိုရင် သုံ့ပန်းပေါင်း ၃၀ လောက်တောင်ဖမ်းမိခဲ့ပါသေးတယ် V Force ကိုတော့ ၁၉၄၄ နိုဝင်ဘာမှာဖျက်သိမ်းခဲ့ပြီးတော့ Bower လည်း ဗြိတိန်ကိုပြန်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း သူ့ရဲ့အိမ်က သူ့အတွက်တော့အိမ်မဟုတ်တော့ပါဘူး လို့သူကပြောခဲ့ပါတယ်။

သူ့နေရာမှာ သင်ဆိုရင်ရော ဒီလိုမျိုးရဲရင့်နိုင်ပါ့မလား......?

Recommended for you-ခြေလက်မပါပေမဲ့ Life Without Lamps အသင်းကိုတည်ထောင်သူ Nick Vujicic ရဲ့စိတ်ဓာတ်


Source;Knowledge

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသောစာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

 

Directory Book 1

 

Read times
Rate this item
(1 Vote)