-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင်ကိုယ်တိုင် ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ချင်ပါသလား?

သင်ကိုယ်တိုင် ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ချင်ပါသလား? pexels

လက်ရှိ နည်းပညာခေတ်မှာ ကမ္ဘာဟာ ရွာကြီးတစ်ရွာလိုဖြစ်သွားခဲ့ပါပြီ။

အခွင့်အလမ်းတွေ၊ အသိပညာတွေ တိုးလာတယ် Internet တွေ၊ Email တွေကြောင့် အားလုံးကိုလေ့လာနိုင်လာတယ်။ ဒါပေမယ့် အခုချိန်ထိတော့ လူအများစုဟာ အဲ့ဒီတိုးတက်မှုကို အကောင်းဆုံး အသုံးမချနိုင်သေးတာဖြစ်ပါတယ်။ အဲ့ဒီတိုးတက်မှုထဲကနေလည်း ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ဖို့အတွက် မဆုံးဖြတ်နိုင်ကြသေးတာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်လုပ်ငန်းဆိုတာ ခက်ခဲတဲ့ ကိစ္စရပ်တစ်ခုတော့ မဟုတ်ပါဘူး။ သင်လည်း ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ကိုင်နိုင်ပါတယ်။ အောက်မှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ဖို့ အတွက်လိုအပ်တဲ့ အချက်တွေကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။


၁။ စတင်ပါ

မိုင်တစ်ထောင်ခရီးဟာ ခြေတစ်လှမ်းက စတယ်ဆိုတဲ့ လူတိုင်းသိတဲ့ ဆိုရိုးစကားတွေလည်းရှိပါတယ်။ သေချာတာကတော့ ဘယ်စတင်မှုမှာမဆို ခက်ခဲမှုတွေဆိုတာ ရှိပါတယ်။ ဒါပေမယ့် အရေးကြီးတာကတော့ သင့်ရဲ့စိတ်ပိုင်းဖြတ်မှုပါပဲ။ ဒီတော့ စတင်ဖို့ ကြိုးစားလိုက်ပါ။


၂။ သင်ယူလေ့လာပါ

ယနေ့ခေတ်ဟာ သင်ယူလေ့လာဖို့အတွက် အကောင်းဆုံး နည်းပညာခေတ်ဖြစ်ပါတယ်။ ကလစ်တစ်ချက် ခေါက်လိုက်ရုံနဲ့ ကိုယ်သိချင်တဲ့အရာအားလုံးက ရှာဖွေမှုပြုလုပ်လို့ရနေပါပြီ။ အဲ့ဒီထဲကနေ ကိုယ်နဲ့ကိုက်ညီမယ့် တစ်စုံတစ်ခုကို ရှာဖွေပြီး သင်ယူနိုင်ဖို့ပါပဲ။ ခေတ်နဲ့လိုက်လျောညီထွေမှု ရှိလေလေ သင်လုပ်ကိုင်မယ့်အလုပ်အတွက် ပြင်ဆင်မှုရှိလေလေ အခက်အခဲနည်းပါးလေပါပဲ။ အနည်းဆုံး online shopping တစ်ခုလုပ်ဖို့အတွက်တောင် သင်ဟာ လေ့လာသင်ယူဖို့ လိုတယ်ဆိုတာကို မမေ့ပစ်ပါနဲ့။

Ooredoo နဲ့ Mizzima တို့ ပူးပေါင်းပြီး ထုတ်လွှင့်ပြသမယ့် အထူးဒီဂျစ်တယ် ရုပ်သံလိုင်း


၃။ လုပ်ငန်းကိုရွေးချယ်ပါ

သင်ဟာ လေ့လာသင်ယူပြီးပြီဆိုရင်တော့ ရွေးချယ်ရဖို့အချိန်ပါပဲ။ ဘယ်အလုပ်ဟာ စွန့်စားမှုများမယ်။ ဘယ်အလုပ်ဟာ ရေတိုမှာအောင်မြင်နိုင်ပေမယ့် ရေရှည်မှာ မအောင်မြင်နိုင်ဘူးဆိုတာ သင်ဟာ လေ့လာဆန်းစစ်ပြီး ရွေးချယ်ရတော့မှာပါ။ အဲ့ဒီအလုပ်က သင်နဲ့ကိုက်ညီမှုရှိဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့်မို့ သင့်လေ့လာမှုကို အသုံးပြုပြီးရွေးချယ်ပါ။


၎။ ယုံကြည်ပါ

အရာအားလုံးဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုကနေ စတင်တာချည်းပါပဲ။ တစ်ခုခု စတင်ပြီဆိုတာနဲ့ ဖြစ်ပါ့မလားဆိုတဲ့ အတွေးက အဲ့ဒီစတင်မှုကိုမအောင်မြင်စေနိုင်တဲ့ ပထမဆုံးအကြောင်းတရားပါပဲ။ ငါလုပ်နိုင်တယ် ငါဖြစ်အောင်လုပ်မယ်ဆိုတဲ့နှ လုံးသွင်းမှုမျိုးလည်း ရှိဖို့လိုပါတယ်။ အရေးကြီးဆုံးကတော့ သင့်ကိုယ်သင် ယုံကြည်ဖို့ပါပဲ။ ဒါဟာ လုပ်ငန်းတစ်ခုစ တင်ဖို့အတွက် အဓိကအကျဆုံးအချက်လည်းဖြစ်ပါတယ်။


၅။ မိတ်ဆွေဖွဲ့ပါ

သင့်အတွက် နောက်ထပ်အရေးကြီးဆုံး တစ်ချက်က သင်ဟာ လုပ်ငန်းတစ်ခု စတင်တော့မယ်ဆိုရင် အကြံပေးဖို့အတွက်သာမက လုပ်ငန်းနဲ့ပတ်သတ်ပြီး တွဲလက်မျိုးဖြစ်နိုင်တဲ့ မိတ်ဆွေတွေရှိဖို့လိုပါတယ်။ ဒါဟာ သင့်လုပ်ငန်းကို လည်ပတ်စေဖို့သာမက သင့်အတွက် နောက်ထပ်အခွင့်အလမ်းတွေ ရရှိလာနိုင်ပါတယ်။


၆ ။ ကြောက်ရွံ့မှုကိုတွန်းလှန်ပါ

လုပ်ငန်းတစ်ခုစပြီဆိုရင် လူအများစုက ကြောက်တတ်ကြပါတယ်။ အောင်မြင်ပါ့မလား၊ အားလုံးဆုံးရှုံးသွားမှာလား၊ တစ်ခုခုဖြစ်မလာရင် ဘယ်လိုလုပ်မလဲ အစရှိသဖြင့်ပေါ့။ ဒါဟာ မှန်ကန်ရဲ့လား၊ အခက်အ ခဲဆိုတာတွေကတော့ အမြဲတမ်းရှိပါတယ်။ သင်လုပ်ရမှာက ဒါကိုရင်ဆိုင်ဖို့ပါ။ အဲ့ဒီအခက်အခဲတွေနဲ့ အကြောက်တရားတွေကို တွန်းလှန်ဖို့ပါ။ အနာမခံရင် အသာမစံရဘူးဆိုတဲ့ စကားကလည်းရှိပါသေးတယ်။ အခက်အခဲတွေနဲ့ သင့်ကြောက်ရွံ့မှုတွေကို သင်ကိုယ်တိုင်ပဲ ရင်ဆိုင်လိုက်ပါ။

ကျရှုံးတယ်ဆိုတာမရှိပါဘူး မအောင်မြင်သေးတာပဲရှိပါတယ်။ သင့်မှာ အရာအားလုံးလုပ်နိုင်တဲ့ အစွမ်းအစရှိပါတယ်။ စတင်ပါ သင်ယူလေ့လာပါ ရွေးချယ်မှုအပေါ် ယုံကြည်ပါ မိတ်ဆွေတွေနဲ့အတူ အကြောက်တရားကိုတွန်းလှန်ပါ။ သင်ကိုယ်တိုင်လည်း ကိုယ်ပိုင်လုပ်ငန်းတစ်ခုထူထောင်နိုင်ပါတယ်။


Source; ATT

Myanmar Advertising Directory

Read times
Rate this item
(2 votes)