-->
×

Warning

JUser: :_load: Unable to load user with ID: 29


အွန်လိုင်းမှာ ကျော်ကြားသူ တစ်ယောက်ဖြစ်ဖို့ ဘယ်လိုလုပ်မလဲ

အွန်လိုင်းမှာ ကျော်ကြားသူ တစ်ယောက်ဖြစ်ဖို့  ဘယ်လိုလုပ်မလဲ google.com

လူငယ်တစ်ချို့က အွန်လိုင်းမှာ ကျော်ကြားချင်ကြတယ်။ သူတို့ဘာသာစကားအရဆိုရင် Celeဖြစ်ချင်တယ် ပေါ့နော်။ အလားတူပါပဲ လူကြီးတစ်ချို့ကလည်း အွန်လိုင်းမှာ ကျော်ကြားချင်ကြပြန်ပါတယ်။ ဒီတော့

အနည်းငယ်သော လူငယ်တွေက ကျော်ကြားချင်ရင် အဖော်အချွတ်ပေါ့၊ လူကြီးတွေက ကျော်ကြားချင်ရင် ဆဲရေး တိုင်းထွာမျိုးတွေ လုပ်ကြတယ်။ ဒီလိုတွေလုပ်ပြီး ကျော်ကြားမှုကို ရယူနေကြတာမျိုးတွေ့ရပါတယ်။ ဒီလိုလုပ်တာတွေက ကျော်ကြားဖို့အတွက် နည်းလမ်းကောင်းလားမေးရင်တော့ လုံးဝမကောင်းဘူးလို့ ဖြေရမှာပါ။

ဒါဆို ဒီလိုနည်းလမ်းတွေမလုပ်ဘဲ ကျော်ကြားသူတစ်ယောက်ဖြစ်အောင် ဘယ်လိုနည်းလမ်းတွေက ရှိလဲဆိုတာ ကြည့်လိုက်ဦးနော်။

ဘာတွေ သိချင်နေကြသလဲ

Social media တစ်ခုခုဆိုပါတော့။ ဒီပေါ်မှာ ကိုယ့်သူငယ်ချင်းတွေထဲက လူတွေက ဘယ်လိုအရာတွေကို သိချင်နေကြလဲ။ ဒါဆို သူတို့ သိချင်နေတဲ့ အကြောင်းအရာမျိုးကို ဖော်ပြပေးပါ။ သတင်းမီဒီယာတွေဆီကနေ ကူးယူဖော်ပြတာဆိုရင် ပြန်ညွှန်းပေးဖို့ မမေ့ပါနဲ့။ ကိုယ်တိုင်ရေးတာဆိုရင်လည်း တာဝန်ခံမှုရှိပါစေ။ ဒါဆိုရင် ကိုယ်က အခြားအသုံးပြူသူ သူငယ်ချင်းတွေ စောင့်ကြည့်ရတဲ့ သူတစ်ဦး ဖြစ်လာပါပြီ။

တုံ့ပြန်သံတွေကို နားထောင်ပါ

ကျော်ကြားသူတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဘာလဲဆိုတော့ တုံ့ပြန်သံတွေကို နားမထောင်တာပါ။ ကိုယ်ပြောချင်တာကို ပြောပြီးကိုယ်ရဲ့ Follower တွေဘက်ကလည်း ဘာပြောချင်လဲဆိုတာကို ဂရုစိုက်ဖို့ လိုပါတယ်။ ဒါမှသာ တချို့အချက်တွေကို သတိပြုမိမှာပါ။ မကျေလည်လို့ ပြန်လည်ဆွေးနွေးမှုတွေ ရှိလာရင်လည်း ကိုယ့်ဘက်က ဖြေရှင်းရပါမယ်။ ဒါမှသာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ သူတစ်ယောက်အနေနဲ့ အများက လေးစား အသိအမှတ်ပြုမှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ ရေရှည်ကျော်ကြားဖို့ မဖြစ်နိုင်ပါဘူး။

အခြားကျော်ကြားသူတွေနဲ့ ချိတ်ဆက်ပါ

ကိုယ်က ကျော်ကြားသူ တစ်ယောက်ဖြစ်ချင်တယ်၊ ဒါမှမဟုတ် ကျော်ကြားသူ တစ်ယောက်ဆိုပါစို့။ အခြားကျော်ကြားသူတွေနဲ့လည်း ချိတ်ဆက်ပြီး လှုပ်ရှားမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ပရဟိတ လုပ်ငန်းတွေဖြစ်စေ၊ အခြားလှုပ်ရှားမှုတွေဖြစ်စေ လုပ်ဆောင်တဲ့ နေရာမှာ အစုအဖွဲ့လိုက် လှုပ်ရှားမှုတွေကို ပူးပေါင်း ပါဝင်သင့်တယ်။

စာရေးပါ

လူမှုကွန်ရက်မှာဖြစ်စေ၊ ကိုယ်ပိုင် ဘလော့ဂ်တွေမှာဖြစ်စေ စာရေးတာက အွန်လိုင်းမှာ ကျော်ကြားသူ တစ်ယောက်ဖြစ်လာဖို့ အကောင်းဆုံး နည်းလမ်းတွေပါပဲ။ အွန်လိုင်း အသုံးပြုသူတွေ ဘာတွေဖတ်ချင်နေသလဲ လေ့လာပါ။ ကိုယ့်ရဲ့ပစ်မှတ်ကို ရှာဖွေပါ။ ဒီအထဲက ကိုယ်ရွေးချယ်တဲ့ ကဏ္ဍအလိုက် စာတွေကို အရည်အသွေး ရှိရှိ၊ တန်ဖိုးရှိရှိဖြစ်အောင် ဖန်တီးရေးသားခြင်းကနေ ကိုယ့်ရဲ့ကျော်ကြားမှုကို ရှာဖွေနိုင်ပါတယ်။

အခုဖော်ပြခဲ့တဲ့ အချက်တွေက အွန်လိုင်းမှာ ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်လာဖို့အတွက် အထောက်အပံ့ဖြစ်လာစေမယ့် အချက်တွေပါ။

Read-လက်ရှိဘဝမှသည်ဖြစ်ချင်သောဘဝဆီသို့

 

Source; The Voice

Read times
Rate this item
(1 Vote)