-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ့် career လမ်းကြောင်းကိုဘယ်လိုရှာမလဲ?

ကိုယ့် career လမ်းကြောင်းကိုဘယ်လိုရှာမလဲ? google.com

ကိုယ်တကယ်လုပ်ချင်တဲ့ career path ကိုရှာတာ လွယ်မယ်ထင်သလောက် အရမ်းခက်ပါတယ်။

တစ်ဘ၀စာအတွက် အသက်မွေးဝမ်းကျောင်းတစ်ခုကိုစဉ်းစားရတယ်ဆိုတာ မလွယ်သလို အကြံမှား၊လမ်းမှားရောက်မှာကိုလည်း စိုးရိမ်ရသေးတယ်။

နောက်ပြီးကျွန်တော်တို့ စိတ်ဝင်စားတာတွေ ဆန္ဒတွေကလည်း အချိန်နဲ့အလိုက်ပြောင်းလဲနေတာမလား။

မှတ်မှတ်ရရ၁၀တန်းအောင်ခါစဆိုပိုဆိုးပါတယ်။

ကိုယ်ကိုဘာလုပ်ရမလဲမသိရတဲ့ကြားထဲ သူများကဘာဖြစ်ချင်တာလဲ အဲ့လိုဖြစ်အောင်ဘာလုပ်မှာလဲ ထမေးလိုက်ရင်

ဖြေရမှာအရမ်းကြောက်တယ် ဖြေလိုက်ရင်လည်း ရေရေရာရာမရှိဘူးဆိုတဲ့ အကြည့်တွေကြည့်ခံရတတ်တယ်။

အဲ့လိုအချိန်မျိုးဆိုရင်ကိုယ့်ကို တအားအားငယ်တယ် အဖြစ်မရှိဘူးလို့လည်းတွေးမိခဲ့တယ်။

တကယ်တမ်းကြတော့ လူကြီးတွေတောင်မှ ခေါက်ခေါက်အခါခါtryပြီးမှသိကြတာမလား။

ဘယ်လိုဘဲဖြစ်ဖြစ် မင်မင်ကတော့ အသက်ငယ်သေးလည်း ကိုယ့် career ကိုရှာနိုင်ရင်အကောင်းဆုံးလို့ထင်ပါတယ်။

Career path ကိုရှာဖွေတဲ့နေရာမှာ ထည့်စဉ်းစားသင့်တဲ့ tipsလေးတွေကိုshareပေးချင်ပါတယ်။

 

Understand yourself

ကိုယ့်ကိုနားလည်အောင်လုပ်ပါဆိုတဲ့ နေရာမှာ Value(တန်ဖိုး)၊ Interests၊ Skillsတို့ကိုသိအောင်လုပ်ပါလို့ပြောချင်တာပါ။

ကိုယ့်ဘ၀မှာတန်ဖိုးအရှိဆုံးအရာကဘာလဲ။

မိသားစု၊ ငွေ၊ ကျော်ကြားမှု၊ travel၊ ဂုဏ်သိက္ခာ၊ အများအကျိုးလုပ်တာမျိုး ဒါမှမဟုတ် freedomလား။ For example, မိသားစုကိုတန်ဖိုးထားတယ်

အလုပ်လုပ်နေရင်းတောင် သူတို့နဲ့အရင်လိုမျိုးအချိန်များများကုန်ချင်တယ်ဆိုရင်တော့ entrepreneur၊ ခရီးများများထွက်ရမယ့်အလုပ်မျိုးကိုရှောင်သင့်ပါတယ်။

Freedomကိုတန်ဖိုးထားတယ် သူအောက်မှာသူများခိုင်းတာကိုလုပ်ရတာမျိုး သဘောမကျဘူးဆိုရင် Freelance၊ ကိုယ်ပိုင်စီးပွားရေး၊ SMEတစ်နိုင်တစ်ပိုင်စီးပွားရေးမျိုးတွေလုပ်သင့်ပါတယ်။

Valueလိုမျိုးဘဲ ကိုယ်ဘာဝါသနာပါလည်း ဘယ်နေရာတွေမှာတော်လဲဆိုတာပါ ရှာဖွေပါ။

 

Explore more fields

မြန်မာနိုင်ငံမှာ အလုပ်ဆိုရင် အများစုကဆရာဝန်၊ ကျောင်းဆရာဆရာမ၊ အပ်ချုပ်တာမျိုးကိုပြေးမြင်ကြပါတယ်။

တခြားအလုပ်အကိုင်အခွင့်အရေးတွေလည်း အများကြီးရှိပါသေးတယ်။

ဘာသာပြန်တာတို့ graphic designerတို့တခြားရွေးချယ်စရာတွေလည်းရှိပါသေးတယ်။

ဒီလိုအလုပ်တွေကခက်တော့ခက်ပါတယ် ဒါပေမဲ့ပိုက်ဆံပေးပြီးသင်တန်းတက်တာမှတတ်တာမဟုတ်ပါဘူး။

စာအုပ်၊internet၊ internship(အလုပ်သင်)မျိုးကလည်းSelf-Learningလုပ်ယူလို့ရပါတယ်။

အသိတွေ၊ online၊ အလုပ်ခေါ်တဲ့ကြောငြာမျိုးတွေကနေ အလုပ်အကိုင်fieldအမျိုးမျိုးကို စူးစမ်းပါ။

 

Get real life experience

ဒါကတော့ကိုယ့်ရဲ့career pathကိုအပေါ်ကနှစ်ချက်နဲ့ရှာလို့မရသေးဘူးဆိုရင် ကိုယ်တိုင်တကယ်ဝင်လုပ်ပြီးတော့ရှာကြည့်ရမှာပေါ့။

ခုဆို company,organizationsတွေအကုန်လုံးနီးပါးလောက်ကintern၊ part-timeတွေခေါ်နေကြပြီ။

အချိန်ကတော့အနည်းဆုံး၃လကနေ အကြာဆုံး၆လလောက်ကြာတတ်ပါတယ်။ စမ်းလုပ်ကြည့်ပါ။

မင်မင်ကတော့ ဒီနည်းကိုအကြိုက်ဆုံးပါ။ ကိုယ်တိုင်လည်းတကယ်ဝင်လုပ်ကြည့်မှာ ငါဒီဟာတစ်ကယ်သဘောကျတယ် မကျဘူး လုပ်နိုင်တယ် မလုပ်နိုင်ဘူးသိတာမို့ပါ။

 

Be patient

Career pathကိုရှာတာကprocessပါ။

ချက်ချင်းလက်ငင်းကြီးမသိနိုင်တာ အမှန်ပါ။ စလုပ်တဲ့အချိန်မျာ သဘောမကျတာစိတ်မကျေနပ်တာတို့ရှိနိုင်ပါတယ်။

ဒါဟာလည်းတစ်ချိန်မှာ goalကိုတက်လှမ်းနိုင်ဖို့အတွက် လှေကားထစ်တွေဖြစ်လာမှာပါ။

အချိန်ကြာရင်လည်းကြာနိုင်ပါတယ် သည်းခံပါ။

Career pathဆိုတာပင်လယ်ထဲမှာတစ်ယောက်ထဲရွက်လင့်ပြီးသွားနေရသလိုဘဲ။

ကိုယ့်ဟာကို ပန်းတိုင်ကိုရောက်အောင် ပင်ပင်ပန်းပန်းမောင်းနှင်ရပြီးတော့ ပန်းတိုင်ကိုလဲကိုယ့်ကိုဘဲ ရွေးချယ်ရတာပါ။

ကိုယ်သည်သာလျင် ပဲ့ကိုင်ရှင်။ ခရီးလမ်းတစ်လျှောက်မှာ မုန်တိုင်း၊သင်္ဘောပျက် စတဲ့အခက်အခဲတွေနဲ့ကြုံရနိုင်တယ်။

တစ်ချို့ကလည်း အဆက်အခဲတွေကိုကျော်လွားနိုင်ပြိးတော့ ပန်းတိုင်ကိုရောက်သွားတယ်...

တစ်ချို့ကျတော့လည်း အခက်အခဲတွေကြောင့်မိုလို့ ပန်းတိုင်ပြောင်းသွားတယ်...

တစ်ချို့ကတော့ အခက်အခဲတွေကသူတို့ကို ခရီးပြန်လှည့်ရတာမျိုး ရပ်သွားတာမျိုးဖြစ်စေတယ်။

ဒါကြောင့်မို career path ရှာဖွေတဲ့journeyမှာကိုယ်က ပဲ့ကိုင်ရှင်ဆိုတာအမြဲသတိရပါ။

Recommended for you-ဒီအချက်တွေက သင့်ကို ထက်မြက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်စေမှာပါ!

Credit; live the dream

Read times
Rate this item
(1 Vote)