-->


ဗျူဟာဆိုတာ...

ဗျူဟာဆိုတာ... google.com

ဗျူဟာလို့ပြောလိုက်တာနဲ့ တော်တော်များများ ဆက်ဖတ်ချင်မှာမဟုတ်တော့ဘူး။

ကိုယ်နဲ့မဆိုင်ဘူးလို့ထင်တာကိုး။ ပျင်းစရာတော့ကောင်းမယ်ထင်တယ်။ ဆက်မဖတ်ချင် မဖတ်ပါနဲ့။

ဗျူဟာကို အရိုးဆုံးစကားလုံးသုံးလိုက်ရင်တော့ အတွေးအခေါ်ပါပဲ။

လူတစ်ယောက်ဘယ်လိုတွေးတယ်။ အဖွဲ့အစည်းတစ်ခုဘယ်လိုတွေးတယ်ဆိုတာက ဗျူဟာပဲပေါ့။

အတွေးအခေါ်မပါဘဲ လုပ်နေတာက အရူးပဲရှိမယ်ထင်တယ်။

တစ်ခုပဲ ပြဿနာက အတွေးအခေါ်တွေဟာ Operation မှာပဲဆုံးနေတော့ အဲဒီထက်အပေါ်ကို မတက်လာနိုင်ဘူး။

အကျိုးပိုရှိအောင်မလုပ်နိုင်တော့ဘဲ အဲဒီမှာပဲရပ်နေတယ်။ မြန်မာလုပ်ငန်းရှင်အများစု အဲဒီလိုပဲ။

ကျွန်တော်လည်းပါတယ်။ ဥပမာ အလုပ်ထဲမှာ ကိုယ်က ငါးနာရီအလုပ်လုပ်တယ်။

ကိုယ့်ပြိုင်ဘက်က ခြောက်နာရီအလုပ်လုပ်တယ်။

သူ့ထက်သာအောင် ကိုယ်လည်း ၇နာရီလိုက်လုပ်တယ်။

ဒီလိုနဲ့ အပြန်အလှန်ပိုသထက်ပိုအောင် လုပ်သွားကြတယ်။

ဘယ်လောက်ပဲလုပ်လုပ် သေချာတာကတော့ ၂၄နာရီထက်ပိုအောင်အလုပ်မလုပ်နိုင်တော့ဘူး။

နှစ်ယောက်လုံးမှာ အဆမတန်အလုပ်လုပ်ရတဲ့အတွက်လည်း ပင်ပန်းတယ်။

၂၄နာရီအဆုံးသတ်ထိ ရောက်မသွားခင်မှာဆိုရင်တော့ နာရီပိုများများအလုပ်လုပ်နိုင်တဲ့သူက အနိုင်ပဲ။

ကုမ္ပဏီတစ်ခုက ကုန်ပစ္စည်းထုတ်လုပ်တယ်။ သူ့ပြိုင်ဘက်ကုမ္ပဏီကလည်း ဒီလိုကုန်ပစ္စည်းမျိုးထုတ်တယ်။

အပြိုင်အဆိုင်ဈေးချကြတယ်။ ဒီမှာဆိုရင် ဈေးပိုလျှော့နိုင်တဲ့သူက အနိုင်။ ခက်တာက နောက်ဆုံးဈေးဆိုတာရှိနေတယ်။

အဲဒါထက်တော့ ပိုမလျှော့နိုင်တော့ဘူး။

ဒီမှာတင်လမ်းဆုံးသွားပြီ။ အလွယ်တကူပုံတူကူးခံရနိုင်တယ်။

သူ့ရဲ့ ယှဉ်ပြိုင်စွမ်းရည်က ခဏပဲ။

အဲဒါကို Operational effectiveness ကြောင့်ရလာတဲ့ ယှဉ်ပြိုင်စွမ်းရည် (Competitive advantage) လို့ခေါ်ပါတယ်။

နောက်ထပ် ပုံတူကူးချမှု မလုပ်ကြသေးခင်အထိသာခံပါတယ်။

ဒီနည်းကို အလွန်အကျွံယှဉ်ပြိုင်မှုလို့ခေါ်ပြီး ပျက်သုဉ်းဖို့ကို ဦးတည်ပါတယ်။

လိုတော့လိုအပ်တယ်။ ဒါပေမယ့် ဒီနည်းက လုံးဝဥဿုံပြီးပြည့်စုံမှုမဟုတ်ဘူး။

ဥပမာ အလုပ်ပိုလုပ်ကြ၊ အချိန်ပိုတွေ ပိုဆင်းကြဆိုတာက နောက်ကုမ္ပဏီတစ်ခုလည်း ဒီနည်းလမ်းကို မကူးသ၍ပဲ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။

ဗျူဟာရဲ့ တကယ့်အနှစ်သာရကတော့ မတူကွဲပြားအောင် ခွဲထွက်ပစ်နိုင်ခြင်းအပေါ်မှာ သွားမူတည်ပါတယ်။

Operational effectiveness ဆိုတာက ကိုယ့်ပြိုင်ဘက်တွေလုပ်နေတဲ့အလုပ်ကိုပဲ ပိုကောင်းအောင်လုပ်တာဖြစ်ပြီး

Strategy ကတော့ သူတို့နဲ့မတူကွဲထွက်တဲ့အရာတွေကိုလုပ်ခြင်း ဒါမှမဟုတ် သူတို့လုပ်နေတဲ့ပုံစံကို မတူကွဲပြားတဲ့နည်းနဲ့လုပ်ခြင်းဖြစ်ပါတယ်။

ဥပမာ စစ်တပ်တစ်ခုရဲ့ Operational effectiveness ဆိုတာက စစ်သားတွေ စွမ်းဆောင်ရည်ပြည့်ဝတာ၊

အမောခံနိုင်တာ၊ ကြိုးစားတာတွေဖြစ်ပြီး သူ့ရဲ့ Strategy ကတော့ ပုံမှန်စစ်တိုက်တာနဲ့ ခွဲထွက်ပြီး တိုက်တဲ့ပုံစံပဲ။

စဉ်းစားကြည့်။ စက်မှုတော်လှန်ရေး ခေတ်အစမှာ စစ်တိုက်တယ်ဆိုတာက အတန်းလိုက် စစ်တပ်တွေ မျက်နှာချင်းဆိုင် သေနတ်နဲ့ပစ်ကြတာ။

ဒီတော့ ပိုလက်တည့်အောင်ပစ်နိုင်တာတွေ၊ ပိုအမောခံနိုင်တာတွေ၊ မြန်မြန်ဆန်ဆန် ကျည်ဖြည့်နိုင်တာတွေက အရေးကြီးတယ်။

အဲဒီလိုပိုလုပ်နိုင်တဲ့စစ်တပ်က အနိုင်ရတယ်။

ဒါပေမယ့် နောက်ဆုံးမှာ ဒီနည်းလမ်းတွက အဆုံးသတ်သွားပြီ။

ဆက်တုစရာမရှိတော့ဘူး။ ဒီတော့ ရှေ့တည့်တည့်က ပစ်မှလား။

ကတုတ်ကျင်းတွေဘာတွေတူးပြီး ပစ်ရင်ရော ကိုယ့်လူတွေအဆုံးအရှုံးမနည်းဘူးလားလို့ စပြီးခွဲထွက်တွေးခေါ်တဲ့သူက အသာရသွားတယ်။

အရင်တုန်းက ဗျူဟာကို အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ကြပေမယ့် အခုတော့ တစ်ခုတည်းသောအဓိပ္ပါယ်က သူများနဲ့မတူအောင် ခွဲထွက်ပြီး အောင်မြင်အောင်ပြုလုပ်ခြင်းပါ။

Recommended for you-ထိပ်တန်းအရောင်းဝန်ထမ်း ၂ဦးကို Jack Ma ဘာကြောင့် အလုပ်ထုတ်ခဲ့ရတာလဲ???

Credit;Dr.thureinhlaingwin

Read 3567 times
Rate this item
(2 votes)