-->
×

Warning

JUser: :_load: Unable to load user with ID: 29


တစိုက်မတ်မတ်ကြိုးစားခြင်းက သင့်ကိုယ်သင် အကြီးမားဆုံး သစ္စာရှိခြင်းပါ

တစိုက်မတ်မတ်ကြိုးစားခြင်းက သင့်ကိုယ်သင် အကြီးမားဆုံး သစ္စာရှိခြင်းပါ google.com

ကျွန်တော်တို့ ခရီးတစ်ခုသွားမယ်ဆိုပါစို့။ ပထမဦးဆုံး ဘယ်ခရီးကိုသွားရမယ်ဆိုတာ သိရမယ်။ ဒုတိယ ဘာနဲ့သွားရမယ်။ တတိယ ဘာတွေယူသွားရမလဲဆိုတာ သိရမယ်မဟုတ်လား။

ဒါတွေမှ မသိဘူးဆိုရင်

မြင်တဲ့ကားတက်စီး ရောက်ချင်တဲ့နေရာရောက် ပြီးရင် အချိန်ကုန်၊ လူပင်ပန်းဖြစ်၊ ဘာမှ ကိုယ့်အတွက် အကျိုးရလဒ်မဖြစ်ထွန်းဘူးဆို အဲ့ဒီအတွက် ကုန်ဆုံးသွားတဲ့ အချိန်ရဲ့တန်ဖိုး၊ ငွေရဲ့တန်ဖိုး တွေကို သင်ဘယ်လိုပြန်ရှာမလဲ။

အလားတူပါပဲ ကျွန်တော်တို့ ဘ၀မှာ အောင်မြင်မှုရဖို့အတွက်ဆိုရင် ကိုယ်က ဘယ်ကိုသွားချင်တာလဲဆိုတာ သိဖို့က အလွန်အရေးကြီးလာပါပြီ။ ဒါမှသာ ဒီကိုသွားဖို့အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေကို ပြုလုပ်နိုင်မှာပါ။

သင်ဘယ်သွားချင်တာလဲဆိုတာ သိရအောင် ဘယ်လိုလုပ်မလဲ???

သင့်ကိုယ်သင် ရှာဖွေကြည့်ပါ။ သင့်ကိုယ်သင် တွေ့တဲ့နေဟာ အောင်မြင်မှုလမ်းစ ရောက်တဲ့နေ့ပါ။ သင့်ကိုယ်သင် တွေ့ပြီဆိုတာနဲ့ ဆက်ပြီးလုပ်ရမှာတွေကတော့

ယုံကြည်ချက်တွေ ထားရှိပါ

ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကို ယုံကြည်ပါ။ လုပ်နိုင်ရဲ့သားနဲ့ မလုပ်နိုင်ဘူးဆိုတဲ့ အတွေးကို မတွေးပါနဲ့။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဆက်သွားရမယ်။ ခြေကုန်လက်ပန်းမကျခင်အထိ လက်မလျှော့ပါနဲ့။ မလုပ်နိုင်ဘူးလို့ ထင်ခဲ့ရင်တောင် အစွမ်းကုန်ကြိုးစားပြီးလုပ်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပါ။ ယုံကြည်ခြင်းက ပြောင်းလဲခြင်းရဲ့ ခြေလှမ်းအစဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။

သစ္စာရှိပါ

ကိုယ့်ရဲ့ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေကို ဘယ်လိုအကြောင်းမျိုးနဲ့မှ အပျက်စီးမခံပါနဲ့။ သင့်ကိုယ်သင် သစ္စာရှိချင်တယ်ဆိုရင် သင်လုပ်ချင်တဲ့အရာတွေကို တစိုက်မတ်မတ်လုပ်ပါ။

မျှော်လင့်ချက်တွေထားပါ

မျှော်လင့်ချက်တွေက သင့်ကိုတက်ကြွရှင်သန်စေနိုင်မှာပါ။ မျှော်လင့်ချက်မရှိတဲ့ မနက်ဖြန်ဟာ အလင်းရောင်မရှိတဲ့ နေ့ရက်တွေလိုပါ။ မျှော်လင့်ချင်တွေနဲ့ နေ့ရက်တိုင်းကို ရှင်သန်ပါ။

အခုဆိုတဲ့စကားကိုလက်ကိုင်ထားပါ

နောက်မှ ဆိုတာ သေတာတစ်ခုပဲကောင်းပါတယ်။ ဒါကြောင့်ဘ၀မှာ အောင်မြင်ချင်တယ်ဆိုရင် ဘယ်အရာကိုမှာ နောက်မှလို့ မပြာမိပါစေနဲ့။ လုပ်ရမယ့်အလုပ်တွေကို အခုချက်ချင်းပဲ ထလုပ်လိုက်ပါတော့။

Read times
Rate this item
(2 votes)