-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဆန်းသစ်တဲ့ကြော်ငြာဒီဇိုင်းတစ်ခုရဖို့ ဘယ်လိုပုံဖော်မလဲ

ဆန်းသစ်တဲ့ကြော်ငြာဒီဇိုင်းတစ်ခုရဖို့ ဘယ်လိုပုံဖော်မလဲ Google

လုပ်ငန်းသစ်တစ်ခုစလုပ်တာပဲ ဖြစ်ဖြစ်၊ ကြော်ငြာဆိုင်းဘုတ်ပုံဆွဲတာပဲ ဖြစ်ဖြစ် စတင်ဖန်တီးမှုတစ်ခုကို ပြုလုပ်တော့မယ်ဆိုရင် ဒီဇိုင်းတစ်ခု ပုံဖော်ရပါတယ်။

စီးပွားရေးပုံစံငယ် (Business Model) ရေးဆွဲတာလည်း ဒီဇိုင်းပါပဲ။ ကြော်ငြာဒီဇိုင်းဆွဲတာလည်း ဒီဇိုင်းပါပဲ။ ဒီဇိုင်းတစ်ခုစဉ်းစားရာမှာ လက်တွေ့အသုံးချတဲ့ စီမံခန့်ခွဲမှုဘက်ကနေချဉ်းကပ်ပြီးတော့ သုံးသပ်ကြည့်ချင်ပါတယ်။ အနုပညာတစ်ခုပုံဖော်တဲ့ဘက်ကနေ ခွဲထွက်ပြီးတော့ မတူညီတဲ့ပုံစံတစ်မျိုးနဲ့ သုံးသပ်ကြည့်ရရင်

(၁) ထပ်တူခံစားကြည့်ခြင်း (Empathize)

လူတစ်ယောက်ရဲ့ဖိနပ်ကို မစီးကြည့်ဘဲနဲ့ သူအဆင်ပြေမပြေသိဖို့မလွယ်ပါဘူး။ ရောင်းချသူတွေဟာ အရောင်းဗျူဟာတွေကိုပဲ အာရုံစိုက်နေပြီး ဈေးဝယ်သူကို မေ့လျော့နေတတ်ပါတယ်။ အရောင်းဗျူဟာတွေမှာ ဈေးဝယ်သူတွေအကြောင်းကို ဖော်ပြထားပေမယ့် တကယ်အပြင်မှာ ဈေးဝယ်မယ့်သူက ဖော်ပြထားတဲ့သူနဲ့တူညီတဲ့ မျှော်လင့်ချက်နဲ့ ဈေးဝယ်တာဖြစ်ရဲ့လားဆိုတာ စိတ်ဝင်စားစရာပါ။ ကိုယ့်ဖောက်သည် ဘယ်သူလဲသိဖို့လိုပါတယ်။ ဗျူဟာတွေပေါ်မှာသာ အလွန်အကျွံအာရုံစိုက်တာမျိုးမဟုတ်ပဲ ကိုယ့်ရဲ့ဖောက်သည် ဘယ်သူလဲဆိုတာ အရင်ရိုးရှင်းစွာနဲ့ မြင်ဖို့လိုပါတယ်။ ဒါမှသာ မိမိပုံဖော်တဲ့ ပုံစံ၊ ဒီဇိုင်း၊ လုပ်ငန်းတစ်ခုဟာ မိမိရဲ့ ဖောက်သည်ကို တိုက်ရိုက်ရောက်နိုင်မှာ ဖြစ်သလို ရောက်နိုင်မယ့်ဗျူဟာမျိုးလည်း ချမှတ်နိုင်မှာပါ။

(၂) သတ်မှတ်ခြင်း (Define)

မိမိဖောက်သည်၊ ဒါမှမဟုတ် မိမိရဲ့ဒီဇိုင်းကို ကြည့်ရှုမယ့်သူဟာ ဘာတွေမျှော်လင့်ထားသလဲ သိဖို့လိုပါမယ်။ သူတို့ လိုအပ်ချက်၊ မျှော်လင့်ချက်တွေကို တိုက်ရိုက်၊ ဒါမှမဟုတ် တနည်းနည်းနဲ့ ဖြည့်ဆည်းပေးနိုင်ဖို့လိုပါတယ်။ စီးပွားရေးလုပ်ငန်းသစ်တွေ စတင်ကြတဲ့အခါ အတော်များများက ကိုယ့်မှာရှိတဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကိုပဲ ရောင်းဖို့ အားစိုက်လေ့ရှိကြပြီး ဖောက်သည်တကယ် လိုအပ်ချက် ဟုတ်မဟုတ်ဆိုတာ မေ့လျော့နေတတ်ပါတယ်။ ဈေးကွက်လိုအပ်ချက်ရှိတဲ့ နေရာတစ်နေရာကို သိရဖို့အတွက် စားသုံးသူ ဘာတွေမျှော်လင့်ထားသလဲဆိုတာ အရေးကြီးပါတယ်။

Read More>>> Facebook မှာ Marketing ပြုလုပ်မယ်ဆိုရင် ဆောင်ရန်၊ ရှောင်ရန်အချက်များ

(၃) အိုင်ဒီယာထုတ်ခြင်း

စားသုံးသူရဲ့လိုအပ်ချက်နဲ့ မျှော်လင့်ချက်တွေကို သိပြီဆိုရင် ဒါတွေကို ဘယ်လိုဖြည့်ဆည်းပေးမလဲဆိုတာ အိုင်ဒီယာထုတ်ဖို့လိုပါတယ်။ ဖန်တီးမှုဆိုတာဟာ တစ်ဦးတစ်ယောက်တည်းဆီက ရလေ့ရှိတာ မဟုတ်ပါဘူး။ မတူညီတဲ့ အတွေးအခေါ်နဲ့ကွဲပြားတဲ့ ရှုထောင့်အသီးသီးက သုံးသပ်အဖြေရှာမှသာ ဆန်းသစ်တဲ့ဖန်တီးမှုတွေ ရနိုင်တယ်ဆိုတာ မမေ့ထားသင့်ပါဘူး။

(၄) ပုံစံငယ်တစ်ခုဖန်တီးခြင်း

ရရှိလာတဲ့ အိုင်ဒီယာများကို ဘယ်လိုတင်ဆက်မှုမျိုးနဲ့ ပုံစံငယ်လေးတွေ ဖန်တီးမလဲဆိုတဲ့ အဆင့်ကိုရောက်လာပြီ ဖြစ်ပါတယ်။ ပုံစံငယ်လေးတွေကို အခြားသူများကို ချပြရပါမယ်။ ထုတ်ဖော်ပြသခြင်းမရှိတဲ့ အိုင်ဒီယာဟာ ဖန်တီးမှုတစ်ခု ဖြစ်လာမှာမဟုတ်ပါဘူး။ အများကိုပြသကာ သူတို့ရဲ့ထင်မြင်ယူဆချက်ကို ယူကာနောက်တဆင့်သို့ တက်လှမ်းရပါမယ်။

(၅) စမ်းသပ်ခြင်း

ရလာတဲ့ ပုံစံငယ်တစ်ခုကို မိမိရဲ့စားသုံးသူအချို့ကိုပြသကာ သူတို့ရဲ့ထင်မြင်ယူဆချက်တွေကို တောင်းခံရပါတယ်။ ဒီအဆင့်မှာ သူတို့ဆီကရလာတဲ့ သုံးသပ်ချက်တွေကို ပယ်ဖျက်တာမျိုးမလုပ်ပဲ ဘယ်လို သုံးသပ်ချက်မျိုးကိုမဆို ကြိုဆိုပေးဖို့လိုပါတယ်။ ဝေဖန်မှုကို လက်မခံနိုင်တဲ့ ဒီဇိုင်းဆရာတစ်ဦးရဲ့ ဒီဇိုင်းတစ်ခုဟာ ရေးဆွဲသူတစ်ယောက်တည်းသာ လက်ခံမယ့် ဒီဇိုင်းအဖြစ် ရပ်တည်သွားဖို့ များပါတယ်။ ဒီလို စမ်းသပ်တဲ့ အဆင့်ကိုလွန်မြောက်တဲ့အခါဈေးကွက်ကို ရောက်ရှိပြီ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ်ဆန်းသစ်မှုတစ်ခုအတွက် အဆင့် (၁) ကို ပြန်သွားရတော့မယ့် အချိန်ပဲဖြစ်ပါတော့တယ်။

Credit; Htet Zan Linn

 

Read times
Rate this item
(1 Vote)