-->
×

Warning

JUser: :_load: Unable to load user with ID: 29


Creative Idea တိုးပွားအောင်ဘာတွေလုပ်သင့်လဲ

လူတိုင်းမှာ ဝါသနာတစ်ခုတော့ အနည်းဆုံး ရှိကြမှာပါ။ ဘာဝါသနာပဲ ဖြစ်ဖြစ် စိတ်ကို အပန်းပြေစေတာတော့ အမှန်ပါပဲ။ ဒါပေမယ့် စိတ်အပန်းပြေလည်း ပြေ ၊ ကိုယ့်ရဲ့ ဖန်တီးမှုလည်း ပါလို့ရမယ့် ဝါသနာဆိုရင် ပိုကောင်းမှာပါ။ အောက်မှာ ဒီလို ဝါသနာမျိုးလေးတွေ ညွှန်းပေးလိုက်ပါတယ်။

(၁) ဓါတ်ပုံပညာ

-----------------

ကင်မရာတစ်လုံးက အံ့ဖွယ်မှတ်တမ်းတစ်ခု ၊ အနုပညာဖန်တီးစက်တစ်ခု ပါ။ ဓါတ်ပုံပညာဟာ ခလုတ်ကလေး နှိပ်တတ်ရုံဆိုတာထက် အများကြီး နက်နဲတဲ့ ပညာဖြစ်ပါတယ်။ ကင်မရာအတတ်ပညာဟာ လူတစ်ယောက်ရဲ့ ခံစားမှုရသကို အကောင်းဆုံးပုံဖော်နိုင်တဲ့အပြင် ဓါတ်ပုံဝါသနာအိုးတွေဟာ တစ်ခြားသူတွေထက် ပိုပြီး ပျော်ရွှင်တတ်ကြပါတယ်။

 

(၂) ဥယျာဉ်စိုက်ခြင်း

------------------

သစ်ပင်လေးတွေ ကိုယ်တိုင်စိုက်ကြည့်ပါ။ သစ်တောသစ်ပင်ပြုစုစိုက်ပျိုးခြင်း အတတ်ပညာဟာ သဘာဝကြီးနဲ့ အနီးစပ်ဆုံး ရောက်ရှိစေတဲ့ ဝါသနာတစ်ခုပါပဲ။ ကိုယ်စိုက်ထားတဲ့ အပင်လေးတွေကို ပြုစုနေရတာဟာ စိတ်လည်း ချမ်းသာသလို ကိုယ်လည်း ကျန်းမာစေပါတယ်။

 

(၃) မှတ်တမ်းရေးခြင်း

------------------------

ဖန်တီးမှုအားကောင်းစေတဲ့ နောက်ထပ် ဝါသနာတစ်ခုက စာတိုပေစလေးတွေ ရေးသားတာပါပဲ။ စာရေးခြင်းဟာ ဦးနှောက်ရဲ့ စွမ်းအားကို လှုံ့ဆော်ပေးနိုင်သလို ပျော်စရာလည်း ကောင်းပါတယ်။ စာရေးတဲ့ ဝါသနာဟာ ဘာကုန်ကျစရိတ်မှ မရှိပါဘူး။ ဘောပင်တစ်ချောင်း ၊ စာအုပ်တစ်အုပ်နဲ့ တင် လုံလောက်ပါတယ်။

 

(၄) ပန်းချီဆွဲခြင်း

--------------------

ပန်းချီဝါသနာပါတဲ့သူတွေဟာ တကယ့်ကို စိတ်ရဲ့ ခိုလှုံရာကောင်း ရထားတာပါပဲ။ ပန်းချီကားချပ်တွေ ရေးဆွဲသူဟာ စိတ်နှလုံးငြိမ်မွေ့ပြီး ကာတွန်းဆွဲသူတွေကတော့ အမြဲပျော်ရပါတယ်။

 

Crd 

Read times
Rate this item
(1 Vote)