-->
×

Warning

JUser: :_load: Unable to load user with ID: 29


အရှိန်အဝါကြီးတဲ့ သူဆိုတာ...

အရှိန်အဝါကြီးတဲ့ သူဆိုတာ... google.com

တစ်ခါတလေ သင့်ပတ်ဝန်းကျင်မှာ အရှိန်အဝါကြီးတဲ့သူတွေကို တွေ့ဖူးမှာပေါ့။

သူတို့ကိုကြည့်ရင်း အလိုလိုနေရင်းကို ရှိန်ပြီး ဘာစကားပြောမထွက်တော့တာတွေ၊

ကြောက်ရွံ့ရိုသေတာတွေ ဖြစ်ဖူးတယ်မဟုတ်လား။

ဒါဟာဘာလို့လဲဆိုတော့ သူတို့မှာ ကိုယ်ရည်ကိုယ်သွေးကောင်းလွန်းပြီး ထက်မြက်လွန်းနေတာ၊ အရှိန်အဝါကြီးလွန်းတာကြောင့်ဖြစ်ပါတယ်။

ဒီလိုအရှိန်အဝါကြီးတဲ့သူတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့် (၅) မျိုးကိုလည်း ဖော်ပြလိုက်ပါတယ်နော်။

 

၁။ အရေးမပါတဲ့ အလာပသလာပ စကားတွေကို မနှစ်သက်ခြင်း

“စားပြီးပြီလား”၊ “နေကောင်းလား”စတဲ့စကားတွေပြောရင်း ဟန်ဆောင်ပြုံးရတာ၊ အချိန်ဖြုန်းရတာတွေကို စိတ်မဝင်စားဘဲ ခပ်တန်းတန်းနေတတ်တဲ့သူတွေကို လူရှိန်တာမဆန်းပါဘူး။

တကယ်တော့ ဒါဟာပေါင်းသင်းဆက်ဆံရေးမကောင်းတာဖြစ်ပေမဲ့ တစ်ဖက်ကကြည့်ရင် အရာရာကို အလေးအနက်ထားပြီး အချိန်ကို တန်ဖိုးထားတာကြောင့်ပဲမဟုတ်လား။

 

၂။ “မသိခြင်း” တွေကိုမြင်ရတဲ့အခါ အားမလိုအားမရဖြစ်တတ်ခြင်း

“မရှိတာထက်၊ မသိတာခက်တယ်” လို့ မှတ်ယူထားတတ်တာကြောင့် အရာရာကို သိနေတတ်နေအောင် လေ့လာထားတယ်။

အဲဒီလိုပဲ ပတ်ဝန်းကျင်ကလူတွေကိုလည်း သူသိထားတဲ့အတိုင်းသိစေချင်တယ်။ မသိတဲ့သူတွေတွေ့ရင်လည်း “ဒါလေးတောင်မသိဘူးလား” ဆိုပြီး စေတနာအရင်းခံနဲ့ အားမလိုအားမရအပြစ်တင်တတ်တယ်။

ဒါကြောင့် လူတော်တော်များများ ကြောက်ကြတာပေါ့။

 

၃။ ဆင်ခြေ စကားတွေကို လက်မခံတတ်ခြင်း

“ရေဘူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်” ဆိုတဲ့စကားအတိုင်း ဆင်ခြေတွေ၊ အကြောင်းပြချက်တွေကို လက်မခံတတ်တော့ လက်အောက်ငယ်သားတွေ ကြောက်ပြီပေါ့။

ဆင်ခြေစကားတွေထက် တကယ်လုပ်တဲ့အလုပ်ကိုပဲ ပိုပြီးလိုချင်တယ်။ အရာရာကို အကောင်းဆုံးဖြစ်စေချင်တဲ့စိတ်က ဆင်ခြေတွေ၊ အကြောင်းပြချက်တွေကို လက်မခံနိုင်အောင်ဖြစ်သွားစေပါတယ်။

 

၎။ အပေါ်ယံ အာရုံစိုက်ခံရမှုတွေကို ဂရုမထားခြင်း

ပုံပန်းသွင်ပြင်ကြောင့် လူအများအာရုံစိုက်ခံရတာထက် ကြိုးစားလုပ်ဆောင်မှုတွေကြောင့် အာရုံစိုက်ခံရတာကို ပိုပြီးနှစ်သက်ကြပါတယ်။

တစ်နည်းပြောရရင် လူထင်ကြီးဖို့ အပေါ်ယံဟန်ဆောင်မှုတွေလုပ်ဖို့မလိုဘူးလို့ ခံယူထားတယ်။ ဒီတော့ လူတွေကလည်းရှိန်တာပေါ့။

 

၅။ အခွင့်အလမ်းကောင်းတွေကို ကိုယ်တိုင်ဖန်တီးယူတတ်ခြင်း

သူများတွေက မသေချာတဲ့အခွင့်အလမ်းတွေကို စောင့်နေချိန်မှာ သူတို့တွေကတော့ အခွင့်အလမ်းကောင်းတွေကို ကိုယ်တိုင်ဖန်တီးပြီး အောင်မြင်အောင်ကြိုးစားနိုင်ကြပါတယ်။

ဒီတော့ သာမန်လူတွေထက် တော်တယ်၊ ထက်မြက်တယ်၊ အရှိန်အဝါကြီးတယ်ဆိုတာ ဖြစ်သင့်ပါတယ်။

သင့်မှာရော ဒီအမူအကျင့်တွေရှိလား။ Comment box မှာ ဖြေပေးခဲ့ပါဦးနော်။

Recommended for you-သင်တစ်ယောက်တည်း အထီးကျန်ဆန်စွာ ဦးဆောင်နေရတာလား?

Credit : Gadawin magazine

Read times
Rate this item
(3 votes)