-->
×

Warning

JUser: :_load: Unable to load user with ID: 29


Google Map က သင့်ရဲ့စီးပွားရေးလုပ်ငန်းအတွက် ဘယ်လိုအထောက်အကူပြုလဲ

Google Map က သင့်ရဲ့စီးပွားရေးလုပ်ငန်းအတွက် ဘယ်လိုအထောက်အကူပြုလဲ Google

ဒီနေ့ခေတ်က ပါးစပ်ပါရွာရောက်တဲ့ခေတ် မဟုတ်တော့ပါဘူး။ Google Map ပါရင် ပူတာအိုကနေ ကော့သောင်းထိ ရောက်တဲ့ ခေတ်ပါဖြစ်နေပါပြီ။

Google Map ပေါ်မှာ သင့်ရဲ့စီးပွားရေးလုပ်ငန်းက ရှိနေမယ်ဆိုရင် လူတွေအများကြီးလာဖို့အတွက် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်တိုင်း ကိုယ့်ရဲ့လုပ်ငန်း Google Map ပေါ်မှာရှိရဲ့လားဆိုတာ ဂရုစိုက်ဖို့ လိုပါတယ်။ သင်ကိုယ်တိုင် သင့်လုပ်ငန်းကို Google Map ပေါ်မှာ မတင်ထားပေမယ့် တခြားသိတဲ့သူတွေက တင်ထားတာမျိုးလည်းရှိနိုင်ပါတယ်။

အဲဒီလို တခြားသူတွေက တင်ထားတဲ့အခါ အချက်အလက်တွေ မှားနေတာ၊ ဓါတ်ပုံတွေ သိပ်မကောင်းတာမျိုး ဖြစ်နေနိုင်တာကြောင့် စစ်ဆေးကြည့်ဖို့လိုပါတယ်။ တကယ်လို့ သင့်လုပ်ငန်းက Google Map ပေါ်မှာမရှိသေးဘူးဆိုရင်တော့ လုပ်ဆောင်ရမယ့်အချက်တွေကို ပြောပြပေးချင်ပါတယ်။

လုပ်ငန်းစတင်ခါစမှာ အိုးနင်းခွက်နင်းမဖြစ်ရအောင် ဘယ်လိုပြင်ဆင်မလဲ...?

၁။ သင့်လုပ်ငန်းနာမည်ကို Google Map Search မှာ ရိုက်လိုက်ပါ။

၂။ Add a missing place to google map ဆိုပြီး ပေါ်လာပါလိမ့်မယ်။

၃။ အမည်၊ လုပ်ငန်းအမျိုးအစား နဲ့ လိပ်စာဖြည့်ဖို့ Box တစ်ခု ပေါ်လာပါရင်ဖြည့်လိုက်ပါ။ အောက်ကမြေပုံပေါ်မှာ Pin ထောက်ပြီးတော့လည်း နေရာချပါ။

၎။ ပြီးရင် Send ကို နှိပ်လိုက်ပါ။

၅။ ဖုန်းနံပါတ် နဲ့ Website ဖြည့်ခိုင်းပါလိမ့်မယ်။ Website မရှိရင် ဖုန်းနံပါတ်ပဲ ဖြည့်လိုက်ပါ။ ဒါဆိုရင် သင့်ရဲ့လုပ်ငန်းကို Google Map မှာ တင်ပြီးသွားပါပြီ။

Google က အတည်ပြုပြီးတဲ့အခါ သင့်လုပ်ငန်းနေရာက Google Map မှာ ပေါ်လာမှာဖြစ်ပါတယ်။ ၂၄ နာရီလောက် ကြာနိုင်ပါတယ်။ အဲဒီနောက် မြေပုံပေါ်က သင့်လုပ်ငန်းနာမည်ကို ပြနေတဲ့နေရာကိုထောက်ပြီး Edit လုပ်တာ၊ ဓါတ်ပုံတွေတင်တာနဲ့ အခြားအချက်အလက်တွေ ထပ်ဖြည့်တာမျိုးတွေ လုပ်နိုင်ပါတယ်။

Source; Amarapura
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)