-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ဆီသွားတဲ့လမ်းမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီဆိုရင်...

ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ဆီသွားတဲ့လမ်းမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီဆိုရင်... Google

အခက်အခဲတွေဟာ အမြဲတမ်းကိုယ့်ရဲ့ခံနိုင်ရည်နဲ့  ဥာဏ်ရည်ဥာဏ်သွေးကို စမ်းသပ်နေတဲ့အရာတွေပါ။

အခက်အခဲနဲ့စိန်ခေါ်မှုကိုရှောင်တဲ့သူဟာ အောင်မြင်မှုနဲ့လည်းဝေးသွားနိုင်ပါတယ်။ ဒါကြောင့်ပဲ ဒုက္ခဆင်းရဲတွေ ကြုံလာချိန်မှာ ကိုယ့်ကိုယ်ကိုပြန်တည့်မတ်ဖို့အတွက် လိုက်နာသင့်တဲ့ နည်းလမ်းတွေသိထားသင့်ပါတယ်။

(၁) အစီအစဉ်တစ်ခုနဲ့ စတင်ပါ။

အစီအစဉ်ရှိခြင်းဟာ ခရီးတစ်ဝက်ရောက်နေတာပါပဲ။ ပြတ်သားတဲ့အစီအစဉ်ကြောင့် လုပ်ရမယ့်အလုပ်တွေလည်း စနစ်တကျဖြစ်လာသလို ကိုယ့်ပန်းတိုင်ဆီသွားတဲ့ လမ်းမှာလည်းပိုပြီး ချောမွေအဆင်ပြေလာပါလိမ့်မယ်။

(၂) အသေးအဖွဲလေးတွေ ခံစားမနေနဲ့။

တစ်ချို့စိတ်ပျက်စရာအရာတွေဟာ ကိုယ်နဲ့မဖြစ်မနေ ပတ်သက်ရတဲ့အထဲမှာ ကြုံလာတတ်ပါတယ်။ တစ်ခါတစ်လေ အဲ့ဒီအရာတွေဟာ ဘာမှလည်းအရေးမပါတဲ့ အသေးအမွှားလေးတွေ ဖြစ်နေတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ရှေ့ကပန်းတိုင်ကိုပဲ ပြတ်ပြတ်သားသားအာရုံထားပြီး ဆက်သွားတာဟာ လက်မလျှော့ဖြစ်စေတဲ့အကြောင်းရင်းပါပဲ။

Read More>>> နာမည်ကြီး Whatsapp အပလီကေးရှင်းကို တီထွင်ခဲ့တဲ့ Jan Koum

(၃) အကောင်းမြင်သူတွေနဲ့ ပေါင်းပါ။

ကိုယ့်နံဘေးမှာမကောင်းတာပဲ အမြင်များတဲ့သူတွေ၊ လောကကိုအဆိုးဘက်ကပဲ တွေးသူတွေချည်း ရှိလေလေစိတ်ပျက်လက်ပျက် ဖြစ်ဖို့များလေလေပါပဲ။ အကောင်းမြင်တဲ့သူတွေဟာ ကိုယ့်ဘဝရဲ့ပန်းတိုင်ကို သွားရာမှာ တကယ့်ကိုအထောက်အကူဖြစ်စေပြီး စိတ်ဓါတ်ကျလာချိန်မှာလည်း စိတ်အားတက်လာအောင် ကူညီပေးနိုင်ပါတယ်။

(၄) ကိုယ့်ခွန်အားကို နားလည်ပါ။

တစ်ခုခုဆိုလက်လျှော့ဖို့ စိတ်ဖြစ်လာပြီဆိုရင် ကိုယ်မက်ခဲ့တဲ့အိပ်မက်နဲ့ ကိုယ့်ရင်ထဲကခွန်အားကို ပြန်ကြည့်လိုက်ပါ။ လူဟာ အကောင်သေးသေး၊ ကြီးကြီး ပိုက်ဆံရှိရှိ၊ မရှိရှိ သူ့မှာမမြင်နိုင်တဲ့စွမ်းအားတွေ ကိန်းဝပ်နေတတ်ပါတယ်။ ဒီစွမ်းအားကို အားနည်းချိန်မှာ ထုတ်သုံးသင့်ပါတယ။်

(၅) ပန်းတိုင်သွားတဲ့လမ်းကို ပြင်ပါ။

ဘယ်လောက် ကြိုးစားကြိုးစား ရှေ့မရောက်ဘူးဆိုရင် ကိုယ်သွားနေတဲ့ ပုံစံကလွဲနေလို့ ဖြစ်နိုင်ပါတယ်။ ပန်းတိုင်ကို လွယ်လွယ်နဲ့ လက်မလျှော့ခင် အလုပ်ဖြစ်မယ့်နည်းလမ်းတွေ ရှာပြီးကြိုးစားသင့်ပါတယ်။ ရလဒ်ကိုပဲ ဦးတည်ပါ။ Process ကို ဦးစားပေးလွန်းတာ အမြဲမမှန်နိုင်ပါဘူး။ တကယ်တမ်းတော့ ပန်းတိုင်ကိုသွားခြင်းမှာ နည်းလမ်းအမျိုးမျိုးရှိပြီး ဒီနည်းလမ်းတွေဟာ ပြောင်းလွယ်ပြင်လွယ်ရှိနေဖို့က အရေးကြီးတယ်လို့ သတိရပါ။ ဒါဆိုရင် ကိုယ်လုပ်တိုင်းမဖြစ်တဲ့အပေါ် စိတ်ညစ်မိတော့မှာမဟုတ်ပါဘူး။

Source; Kwee
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)