-->
×

Warning

JUser: :_load: Unable to load user with ID: 29


လုပ်ကြံဖန်တီး သတင်းတုများကို Brand များ ကိုင်တွယ်ရာတွင် အကူအညီ‌ပေးမည့် PR လက်စွဲစာအုပ် Vero မှ ထုတ်ဝေဖြန့်ချိ

Vero မှ Brand များနှင့် စီးပွားရေးလုပ်ငန်းများအတွက် သတင်းတုများနှင့် လုပ်ကြံဖန်တီးသတင်းများကို ကိုင်တွယ်ဖြေရှင်းရာတွင် အကူအညီဖြစ်စေနိုင်ရန် PR လက်စွဲစာအုပ်ကို ထုတ်ဝေဖြန့်ချိပေးထားပါသည်။

အာဆီယံဒေသရှိ PR နှင့် ဒီဂျစ်တယ်အေဂျင်စီတစ်ခုဖြစ်သည့် Vero မှ Brand များ အတွက် သတင်းအတုများကြောင့် ၎င်းတို့၏ ဂုဏ်သိက္ခာကို ခြိမ်းခြောက်မှုများကို တုံ့ပြန်ဖြေရှင်းရာတွင် ကူညီပေးနိုင်ရန် PR လက်စွဲ စာအုပ်တစ်ခုကို ထုတ်ပြန်လိုက်သည်။ စီးပွားရေးလုပ်ငန်းများအနေဖြင့် သတင်းတုများနှင့် လုပ်ကြံဖန်တီးသတင်းများ၏ ဂုဏ်သိက္ခာဆိုင်ရာ အန္တရာယ်များကို ဖော်ထုတ်ပြီး မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဤ PR လက်စွဲစာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်ခြင်းဖြစ်သည်။

အဆိုပါ လက်စွဲစာအုပ်ကို Vero ဝက်ဘ်ဆိုက်တွင် အင်္ဂလိပ်ဘာသာ သို့မဟုတ် မြန်မာဘာသာဖြင့် ဖော်ပြပါလင့်မှ

https://vero-asean.com/a-pr-playbook-for-managing-disinformation-threats/

အခမဲ့ Download ရယူနိုင်သည်။

ဤလက်စွဲစာအုပ်တွင် လုပ်ကြံဖန်တီးသတင်းဆိုင်ရာ တိုက်ခိုက်မှု နောက်ကွယ်မှ တွေ့ရလေ့ရှိသည့် Troll များ၊ စျေးကွက် ကစားသူများနှင့် ကျင့်ဝတ်ပျက်ပြားသည့် ပြိုင်ဘက်များ စသည့် တမင်ရည်ရွယ် လုပ်ဆောင်သူများကို လေ့လာသုံးသပ်ပြထားသည်။ ထို့ပြင် စီးပွားရေး လုပ်ငန်းများ ရင်ဆိုင်ရသော လုပ်ကြံဖန်တီးသတင်းများ တိုက်ခိုက်ခြင်းအတွက် အဓိကအန္တရာယ်ဇုန် သုံးခုဖြစ်သည့် ထုတ်ကုန်သစ် မိတ်ဆက်ခြင်းများနှင့် Brands ambassador များစသည့် Brand နှင့် ဆက်စပ်သည့် လှုပ်ရှားမှုများ၊ ကုမ္ပဏီ ပူးပေါင်းမှုများနှင့် ရင်နှီးမြှုပ်နှံမှုများစသည့် ကော်ပိုရိတ်လှုပ်ရှားမှုများနှင့် အုပ်ချုပ်ရေးခေါင်းဆောင်ပိုင်းက ထုတ်ပြန်ချက်များစသည့် ဝန်ထမ်းများနှင့် ဆက်စပ်သော လှုပ်ရှားမှုများတို့နှင့် ပတ်သက်၍ လေ့လာသုံးသပ်ချက်များကို ဖော်ပြ ပေးထားသည်။

လွန်ခဲ့သောလအနည်းငယ်က မြန်မာနိုင်ငံအတွင်း ဖေ့စ်ဘွတ်ခ်ပိတ်ပင်မှုကြောင့် အင်တာနက်သုံးစွဲသူများက တွစ်တာနှင့် Telegram ကဲ့သို့သော အခြား Social Media ပလက်ဖောင်းများကို ပြောင်းလဲအသုံးပြုခဲ့ကြပြီး သတင်းအတုများနှင့် လုပ်ကြံဖန်တီး သတင်းများလည်း သိသိသာသာ တိုးပွားလာခဲ့သည်။

မြန်မာနိုင်ငံတွင် မတ်လအစောပိုင်းက ထိုင်ဝမ်မှ Tea Houses များသည် Social Media ပေါ်တွင် ၎င်းတို့၏ ပိုင်ဆိုင်မှုများသည် မြန်မာစစ်တပ်နှင့် ပတ်သက်မှု ရှိသည်ဟုဆိုသော သတင်းမှားများကို ပြန်လည်ချေပခဲ့သည်။ ကုမ္ပဏီမှ ၎င်းတို့သည် ထိုင်ဝမ်မှ ဆင်းသက်လာကြောင်း၊ အမေရိကန်အခြေစိုက် ရင်းနှီးမြှုပ်နှံ သူများရှိပြီး စစ်တပ်နှင့် ဆက်စပ်မှု မရှိကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

လူကြိုက်များသော ဂျပန်နိုင်ငံထုတ် အမျိုးသမီး လစဉ်သုံးပစ္စည်း အမှတ်တံဆိပ် တစ်ခုကိုလည်း စစ်တပ်နှင့် ဆက်သွယ်မှုရှိသည်ဟု မဟုတ်မမှန် စွပ်စွဲသည့် သတင်းမှားများပြန့်ခဲ့သည်။ ပြည်သူလူထုက ထိုအမှတ်တံဆိပ်ကို မြန်မာနိုင်ငံရှိ စစ်တပ်ပိုင် သို့မဟုတ် ဆက်စပ်အမှတ်တံဆိပ်များအားလုံးကို စာရင်းပြုစုသည့် App တစ်ခုတွင်ထည့်သွင်းပြီး သပိတ်မှောက်ရန် အားပေးခဲ့ကြသည်။ ထိုအမှတ်တံဆိပ်သည် Social Media ပေါ်တွင် ချက်ချင်းပင် ၎င်း၏ဇာစ်မြစ်ကို ရှင်းလင်းပြီး ယုံကြည်မှု ပြန်လည်ရရှိခဲ့သည်။

Vero ၏ မန်နေဂျင်းဒါရိုက်တာ Brian Griffin က “ကျွန်တော်တို့ဟာ သတင်းအချက်အလက်တွေခေတ်မှာ နေထိုင်ကြပြီး အခြေအနေတော်တော်များများမှာ မကောင်းတဲ့ တမင်ရည်ရွယ်သူတွေက အနိုင်ရခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။ “လုပ်ကြံဖန်တီး သတင်းတွေရဲ့ တိုက်ခိုက်မှုတွေကို လုံးဝရပ်တန့်ဖို့က မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် စီးပွားရေးနဲ့ Brands Leader တွေအနေနဲ့ သက်ဆိုင်ရာတွေရဲ့ ယုံကြည်မှုရရှိဖို့အတွက် အွန်လိုင်းစကားဝိုင်းတွေကို ဂရုတစိုက်စောင့်ကြည့်တာနဲ့ ပုံမှန်ဆက်သွယ်မှုတွေ ပြုလုပ်ပြီးတော့ လုပ်ကြံဖန်တီးသတင်းတွေရဲ့ ခြိမ်းခြောက်မှုတွေကို စီမံခန့်ခွဲဖို့အတွက် ကြိုတင်ပြင်ဆင်မှု တွေပြုလုပ်ထားဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ခြိမ်းခြောက်မှုများကို မီးမောင်းထိုးပြထားသည့်အပြင် ဤလက်စွဲစာအုပ်တွင် လုပ်ကြံဖန်တီးသတင်းတိုက်ခိုက်မှုများ၏ သက်ရောက်မှုကို ကြိုတင်ပြင်ဆင်ရန်နှင့် အနည်းဆုံးဖြစ်စေရန် အကြံပေးချက်များစွာ ပြုစုပေးထားသည်။ အကျပ်အတည်းများကို တုံ့ပြန်ရန်အတွက် အဖွဲ့တစ်ဖွဲ့ ထားရှိခြင်း၊ အားနည်းချက်ရှိနိုင်သော အန္တရာယ်ဇုန်များကို သတ်မှတ်ခြင်း၊ Social Listening အတွက် Key Word များ စာရင်းပြုစုထားခြင်း၊ တသမတ်တည်း ပွင့်လင်းမြင်သာသော ဆက်သွယ်မှုဖြင့် ယုံကြည်မှုတစ်ခုတည်ဆောက်ခြင်း၊ ကိုယ်ပိုင်မီဒီယာတစ်ခု အသုံးပြုခြင်း၊ မမှန်ကန်သော ထုတ်ပြန်မှုများကို ဖော်ထုတ်ရန် ပြင်ဆင်ထားခြင်းများနှင့် တမင်ရည်ရွယ် သူများကို ချေပရှင်းလင်းနိုင်ရန် Social Media ပလက်ဖောင်းများမှ တစ်ဆင့် စောင့်ကြည့်ဆက်သွယ်မှုများပြုလုပ်ခြင်းစသည့် အကြံပေးချက်များ ပါဝင်သည်။

Vero Myanmar ၏ Operation ဒါရိုက်တာ Skylar က “အရှေ့တောင်အာရှက နိုင်ငံအများစုတွေလိုပဲ မြန်မာပြည်သူတွေဟာ Social Media ပလက်ဖောင်းတွေကနေ သတင်းတွေယူကြပါတယ်။ အဓိက ဖေ့စ်ဘွတ်ခ်ပေါ့” ဟု ပြောကြားခဲ့သည်။ “ဖေဖော်ဝါရီ လက နိုင်ငံရေးအကျပ်အတည်း စတင်ကတည်းက လူတွေဟာ သတင်းတွေနဲ့ အဆက်မပြတ်ဖို့အတွက် Twitter, Telegram နဲ့ Signal စတဲ့ တခြား Social Media ပလက်ဖောင်းတွေကို ပြောင်းသုံကြတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်အသိပညာ နည်းပါးနေတာကြောင့် အဲဒီပလက်ဖောင်းတွေမှာ သတင်းအတုတွေနဲ့ သတင်းအမှားတွေက တဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။ ဒါ့ကြောင့် အဲဒီပလက်ဖောင်းတွေမှာ လည်ပတ်နေတဲ့ ဘယ် Brand မဆို ဖြစ်နိုင်ခြေရှိတဲ့ ဆက်သွယ်ရေးဆိုင်ရာ အကျပ်အတည်းအခြေအနေတွေကို ဖော်ထုတ်ထားသင့်ပြီးတော့ သူတို့ကို တုံ့ပြန်ဖို့နဲ့ ဖြေရှင်းဖို့အတွက် အရေးပေါ်အစီအစဉ်တွေ စဉ်စားထားသင့်ပါတယ်။ လျင်မြန်ပြီး မှန်ကန်တဲ့ တုံ့ပြန်မှုနဲ့ စနစ်ကျတဲ့ ဆက်သွယ်မှုတွေဟာ ပရိသတ်တွေရဲ့ ယုံကြည်မှုကို ရဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 

 

Vero အကြောင်း

Vero သည် အရှေ့တောင်အာရှအတွင်းရှိ Brand များအတွက် အဓိက ဝန်ဆောင်မှုပေးနေသည့် PR၊ Social နှင့် ဒစ်ဂျစ်တယ် အေဂျင်စီတစ်ခုဖြစ်သည်။ Vero တွင် အဖွဲ့ဝင် ၁၃၀ ရှိပြီး အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့တွင် ရုံးခန်းများ ဖွင့်လှစ် ထားသည်။

Read times
Rate this item
(1 Vote)