-->
×

Warning

JUser: :_load: Unable to load user with ID: 29


အလုပ်များများပြီးချင် ပင်ပန်းမှုလည်း နည်းချင်သူတွေအတွက်

အလုပ်များများပြီးချင် ပင်ပန်းမှုလည်း နည်းချင်သူတွေအတွက် google.com

လူတိုင်းကတော့ အလုပ်များများလုပ်ပြီး နည်းနည်းပဲ ပင်ပန်းချင်ကြပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ သိထားတာကြတာ ကတော့ အလုပ်များများပြီးရင် များများပင်ပန်းမယ်ပေါ့။ ဒါတွေဟာ အရင်တုန်းက အယူအဆတွေပါ။ ဒီအချက်လေးတွေကို သင်ဖတ်ကြည့်လိုက်မယ်ဆိုရင်

ဒီအယူအဆကြီးမှားတယ်ဆိုတာကို လက်တွေ့သိရမှာပါ။ ဒီအချက်တွေကတော့

(၁) အလုပ်ကို အလောတကြီး မလုပ်ပါနဲ့

အလုပ်ကို အလောတကြီး လုပ်ရင် အလုပ်များများပြီးမယ်လို့ သင် အရင်က ထင်ကောင်းထင်ခဲ့ပါလိမ့်မယ်။

ဒါပေမဲ့ အဲ့ အယူအဆက မှားပါတယ်။ အလုပ်ကို အလောတကြီးလုပ်တဲ့ အခါ သင် အမှားတွေ့နိုင်ချေ များပါတယ်။ အလုပ်ကို ဖြေးဖြေးမှန်မှန် နဲ့ လုပ်မယ်ဆိုရင် သပ်ရပ်ပြီး အမှားနည်းသွားပါလိမ့်မယ်။

(၂) လွယ်တဲ့ အလုပ်တွေကိုအရင်မလုပ်ပါနဲ့

လွယ်တဲ့ အလုပ်ကိုအရင်လုပ် ရင် ခက်ခဲတဲ့ အလုပ်ကို လုပ်ရင် အချိန် ပိုရမယ်လို့ ထင်ကြတယ်။ အဲ့ ဒါက နည်းလမ်းအမှားကြီးပါ။

လွယ်တဲ့ အရာတွေကို အရင်လုပ်ရင် ကျန်နေသေးတဲ့ အလုပ်က သင့်အတွက် ခက်ခဲနေတယ် ဆိုတာ စိုးရိမ်နေရလို့ သင့်ကိုပိုပင်ပန်းစေနိုင်တယ်။

အခက်ဆုံးလို့ ထင်တဲ့ အရာတွေကို အရင်လုပ်ကြည့်မယ်ဆိုရင် စိုးရိမ်စိတ်က တားဆီးချိန်မရလို့ ပင်ပန်းမှု လျော့နည်းစေမှာပါ။

(၃)သင့် ရဲ့ အလုပ်ပြီးမြောက်မှု ကို တခြားသူနဲ့ မနှိုင်းယှဉ်ပါနဲ့

တခြားသူနဲ့ ယှဉ်ကြည့်မှ ကိုယ့်ရဲ့ အလုပ်ပြီးမြောက်မှု ကို သိနိုင်တယ်ဆိုတဲ့ အသိအမှားကြီးကို လက်ခံထားကြတာများပါတယ်။

ဘယ်တော့မှ မယှဉ်ကြည့်ပါနဲ့။ သင့်အတွက်ပိုပင်ပန်းပါလိမ့်မယ်။ ကိုယ်အလုပ်ကိုပဲ အကောင်းဆုံးလုပ်လိုက်ပါ။ ငါ အလုပ် ဒီလောက်ပဲပြီးတာလား ဆိုတဲ့ အတွေးပျောက်ပြီး

ငါဒီလောက်တောင် ပြီးသွားပါလားလို့ တွေးမိရင်ပဲ ပင်ပန်းတာတွေ လျော့နည်းသွားပါပြီ။

ဒီအချက်တွေကို လေ့လာပြီး အလုပ်လုပ်ရာမှာ ပင်ပန်းမှုတွေကိုလျှော့ချကြည့်ပါ။ ပိုပြီးလည်း အလုပ် တွင်ကျယ်လာတယ် ဆိုတာ သင်ကိုယ်တိုင်လက်တွေ့ ခံစားရမှာပါ။

Read-အလုပ်တွေကို အာရုံစူးစိုက်နိုင်ပြီး ဥာဏ်ရည် ထက်မြက်စေမည့် နည်းလမ်းကောင်းများ

Credit; ဘ၀ပညာ

Read times
Rate this item
(2 votes)