-->
×

Warning

JUser: :_load: Unable to load user with ID: 29


အသုံးမက်တဲ့လူ မျဖစ္ေစနဲ႔

အသက္ ၃၅ ႏွစ္ျပည့္တဲ့အခ်ိန္ထိ ခင္ဗ်ားဟာ တီဗီေလး ကတ္ဆက္ေလးတစ္လုံးေတာင္ မပိုင္ေသးတဲ့ အခါ ဘယ္သူမွ ခင္ဗ်ားကို သနားေနလိမ့္မယ္ မထင္နဲ႔။

 

ေဈးကြက္ထဲ ယွဥ္ၿပိဳင္မႈေၾကာင့္ ခင္ဗ်ား က်ရႈံးခဲ့တဲ့အခါမွာလည္း ဘယ္ၿပိဳင္ဘက္ကမွ ခင္ဗ်ားကို ကိုယ္ခ်င္းစာတရား ဆိုၿပီးေတာ့ ေရွာ္ေပးလိမ့္မယ္ မထင္နဲ႔။ ကေလးကြက္နင္းေနတဲ့လူ စီးပြားေရး ေလာကမွာ တစ္ေယာက္မွ မပါဘူး။ကိုယ့္ခ်စ္သူက ပိုက္ဆံမရွိလို႔ လမ္းခြဲသြားတဲ့အခါ ဘယ္သူကမွ ခင္ဗ်ားကို စာနာလို႔ဆိုၿပီး ၾကယ္ငါးပြင့္ ေဟာ္တယ္မွာ မဂၤလာေဆာင္ေပးမယ္ မထင္နဲ႔။

 

မိဘေတြကို ေဆး႐ုံေဆးခန္း ေကာင္းေကာင္းမွာ ေဆးကုခ်င္တယ္။ ဘယ္သူကမွ ခင္ဗ်ားကို ခ်စ္လို႔ဆိုၿပီး ေတာ့ ခင္ဗ်ားမိဘေတြကို အေကာင္းစားေဆး႐ုံ ပို႔ေပးမယ္မထင္နဲ႔။မိသားစုဆင္းရဲလို႔ မခ်မ္းသာတာေပါ့။ ဟုတ္သလား။ အသိပညာမဆင္းရဲစမ္းပါနဲ႔။ ဆင္ေျခေတြ အလီလီ ေပးႏိုင္တဲ့အတြက္ ဘယ္သူကမ်ား ေတာ္လြန္းလို႔ဆိုၿပီးေတာ့ ပိုက္ဆံလာေပးတုန္း… မေပးဘူးေနာ္။

 

ကိုယ္လုပ္တဲ့အလုပ္ရဲ႕ ရလဒ္ကို ႀကိဳမျမင္ႏိုင္တဲ့လူ ဆင္းရဲမွာပဲ။ခိုင္မာတဲ့ ဆုံျဖတ္ခ်က္နဲ႔ ေလွ်ာက္ရဲတဲ့ သတၱိမရွိတဲ့လူ ဆင္းရဲမွာပဲ။ စြန႔္စားရမွာကို ေၾကာက္တဲ့လူ ဆင္းရဲမွာပဲ။ ခ်မ္းသာခ်င္စိတ္ မျပင္းျပတဲ့လူဟာ ဆင္းရဲမွာပဲ။ 

 

အေသြးထဲ အသားထဲကေန ခ်မ္းသာခ်င္လာတဲ့လူဟာ နိမ့္က်မႈေတြ အားလုံးကို ဂ႐ုမစိုက္ႏိုင္ေတာ့ဘူး။ ေပ်ာက္သြားတယ္။ ခ်မ္းသာဖို႔ဆိုရင္ ၁၀၀ % အျပည့္ ကိုယ့္ခြန္အားကို ထုတ္သုံးဖို႔ အဆင္သင့္ ျဖစ္ေနၾကတဲ့လူေတြ ျဖစ္တယ္။ အေသြးထဲ အသားထဲကေန ခ်မ္းသာခ်င္လာတဲ့လူဟာ က်ရႈံးခဲ့ရင္ေတာင္ အဲ့ဒီက်ရႈံးမႈကို ေဘးဖယ္ထုတ္ၿပီး ဘယ္သူမွ စိတ္မကူးရတဲ့ အားထုတ္ျခင္း အသစ္တစ္ခုနဲ႔ ျဖစ္စဥ္ကို ခ်က္ခ်င္း ေျပာင္းျပန္လွန္ ပစ္ခ်င္သူေတြ ျဖစ္တယ္။

 

ဒါပဲ ဒီေတာ့ ခင္ဗ်ားစဥ္းစားေတာ့။ ဆင္ေျခေတြ ေဘးဖယ္ထားလိုက္စမ္းပါ။ ခင္ဗ်ား ေရွ႕ဆက္ရမယ့္ လမ္းက ႏွစ္လမ္းပဲ ရွိတယ္။ ေငြပုံရွိရာ လမ္းရယ္ အိမ္အျပန္ လမ္းရယ္။ ႏွစ္ခုထဲက တစ္ခုကို ေ႐ြးရလိမ့္မယ္။ ရပ္မေနနဲ႔ ခင္ဗ်ား အသုံးမက်တဲ့လူ ျဖစ္သြားလိမ့္မယ္။

မွတ္စုၾကမ္း

<Unicode>

အသုံးမကျတဲ့လူ မဖြစ်စေနဲ့

 

အသက် ၃၅ နှစ်ပြည့်တဲ့အချိန်ထိ ခင်ဗျားဟာ တီဗီလေး ကတ်ဆက်လေးတစ်လုံးတောင် မပိုင်သေးတဲ့ အခါ ဘယ်သူမှ ခင်ဗျားကို သနားနေလိမ့်မယ် မထင်နဲ့။

 

ဈေးကွက်ထဲ ယှဉ်ပြိုင်မှုကြောင့် ခင်ဗျား ကျရှုံးခဲ့တဲ့အခါမှာလည်း ဘယ်ပြိုင်ဘက်ကမှ ခင်ဗျားကို ကိုယ်ချင်းစာတရား ဆိုပြီးတော့ ရှော်ပေးလိမ့်မယ် မထင်နဲ့။ ကလေးကွက်နင်းနေတဲ့လူ စီးပွားရေး လောကမှာ တစ်ယောက်မှ မပါဘူး။ ကိုယ့်ချစ်သူက ပိုက်ဆံမရှိလို့ လမ်းခွဲသွားတဲ့အခါ ဘယ်သူကမှ ခင်ဗျားကို စာနာလို့ဆိုပြီး ကြယ်ငါးပွင့် ဟော်တယ်မှာ မင်္ဂလာဆောင်ပေးမယ် မထင်နဲ့။

 

မိဘတွေကို ဆေးရုံဆေးခန်း ကောင်းကောင်းမှာ ဆေးကုချင်တယ်။ ဘယ်သူကမှ ခင်ဗျားကို ချစ်လို့ဆိုပြီး တော့ ခင်ဗျားမိဘတွေကို အကောင်းစားဆေးရုံ ပို့ပေးမယ်မထင်နဲ့။ မိသားစုဆင်းရဲလို့ မချမ်းသာတာပေါ့။ ဟုတ်သလား။ အသိပညာမဆင်းရဲစမ်းပါနဲ့။ ဆင်ခြေတွေ အလီလီ ပေးနိုင်တဲ့အတွက် ဘယ်သူကများ တော်လွန်းလို့ဆိုပြီးတော့ ပိုက်ဆံလာပေးတုန်း… မပေးဘူးနော်။

 

ကိုယ်လုပ်တဲ့အလုပ်ရဲ့ ရလဒ်ကို ကြိုမမြင်နိုင်တဲ့လူ ဆင်းရဲမှာပဲ။ ခိုင်မာတဲ့ ဆုံဖြတ်ချက်နဲ့ လျှောက်ရဲတဲ့ သတ္တိမရှိတဲ့လူ ဆင်းရဲမှာပဲ။ စွန့်စားရမှာကို ကြောက်တဲ့လူ ဆင်းရဲမှာပဲ။ ချမ်းသာချင်စိတ် မပြင်းပြတဲ့လူဟာ ဆင်းရဲမှာပဲ။

 

အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့လူဟာ နိမ့်ကျမှုတွေ အားလုံးကို ဂရုမစိုက်နိုင်တော့ဘူး။ ပျောက်သွားတယ်။ ချမ်းသာဖို့ဆိုရင် ၁၀၀ % အပြည့် ကိုယ့်ခွန်အားကို ထုတ်သုံးဖို့ အဆင်သင့် ဖြစ်နေကြတဲ့လူတွေ ဖြစ်တယ်။ အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့လူဟာ ကျရှုံးခဲ့ရင်တောင် အဲ့ဒီကျရှုံးမှုကို ဘေးဖယ်ထုတ်ပြီး ဘယ်သူမှ စိတ်မကူးရတဲ့ အားထုတ်ခြင်း အသစ်တစ်ခုနဲ့ ဖြစ်စဉ်ကို ချက်ချင်း ပြောင်းပြန်လှန် ပစ်ချင်သူတွေ ဖြစ်တယ်။

 

ဒါပဲ ဒီတော့ ခင်ဗျားစဉ်းစားတော့။ ဆင်ခြေတွေ ဘေးဖယ်ထားလိုက်စမ်းပါ။ ခင်ဗျား ရှေ့ဆက်ရမယ့် လမ်းက နှစ်လမ်းပဲ ရှိတယ်။ ငွေပုံရှိရာ လမ်းရယ် အိမ်အပြန် လမ်းရယ်။ နှစ်ခုထဲက တစ်ခုကို ရွေးရလိမ့်မယ်။ ရပ်မနေနဲ့ ခင်ဗျား အသုံးမကျတဲ့လူ ဖြစ်သွားလိမ့်မယ်။

မှတ်စုကြမ်း

Read times
Rate this item
(2 votes)