-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဦးနှောက်မုန်တိုင်းထန်ခြင်း လေ့ကျင့်ခန်း

ဦးနှောက်မုန်တိုင်းထန်ခြင်းကို လုပ်လေ့လုပ်ထ မရှိသလောက် နည်းပါးပါတယ်။ အတော်စိမ်းနေတဲ့ကိစ္စ ဖြစ်နေ တယ်ဆိုရင် အထာကို သိအောင် လေ့ကျင့် ခန်း လုပ်ကြည့်သင့်ပါတယ်။


ကဲ စလိုက်ကြရအောင်။ ဂိမ်းတစ်ခု ဖန် တီး တည်ဆောက်ဖို့အတွက် ဦးနှောက်မုန်တိုင်း ထန်တဲ့ လေ့ကျင့်ခန်းတစ်ခု လုပ်ကြည့်မယ်။
ဂိမ်းမှာ နျူးကလီးယားဗုံးတစ်လုံး ထည့် မယ်လို့ ရည်ရွယ်ထားတယ် ဆိုပါစို့။
အဲဒီဗုံးရဲ့ ဂုဏ်သတ္တိတွေကို အမျိုးမျိုး ပြောင်းလဲပြီး သတ်မှတ်ပေးလို့ ရနေတယ်။ ပြောင်းလဲသတ်မှတ်ပေးလိုက်ရင် အကျိုးသက် ရောက်မှုမှာ ဘယ်လို ပြောင်းလဲသွားမလဲဆိုတာ တွေးကြည့်ပေးရပါမယ်။ ဂိမ်းထဲမှာ ဗုံးကို ဘယ် လိုထည့်သုံးမှာလဲဆိုတာကိုလည်း အမျိုးမျိုး စဉ်းစားကြည့်လို့ ရပါတယ်။ အဲဒီလို စဉ်းစားတာ မှာလည်း အကျိုးရလဒ်တွေ ဘယ်လိုပြောင်းမှာ လဲဆိုတာကို စဉ်းစားကြည့်ရမှာ ဖြစ်ပါတယ်။
အလွယ်တကူ သယ်ယူနိုင်မှု၊ ရွှေ့ပြောင်း နေရာချထားနိုင်မှုတွေ ရှိပေးထားမှာလား။ ပြင်း အားက ဘယ်လောက်ထားမလဲ။ အမျိုးမျိုး လှည့်ပတ်သုံးဖို့ ဖြစ်နိုင်မလား စသဖြင့် ပွားများ ပေးကြရမှာ ဖြစ်ပါတယ်။

● ဗုံးက ဘယ်နေရာမှာ အသုံးအတည့်ဆုံး ဖြစ်မလဲ။
● ဗုံးကို အရွယ်အစား ဘယ်လောက်အထိ သေးသေး မွှားမွှား လုပ်ပေးမလဲ။
● ဆေးဘက်ဆိုင်ရာမှာ သုံးလို့ ရမလား။
● တစ်ဦးဦးကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် ဗုံးထောင်တာမှာ သုံးလို့ ရမလား။
● ရန်သူစခန်းထဲကို ၀င်တော့ တံခါးသော့ ပိတ်ထားတာကို ဖျက်ဆီးဖို့ သုံးနိုင်မလား။

နျူးကလီးယားဗုံးအတွက် သတ်မှတ်ချက် တွေ အမျိုးမျိုး အဖုံဖုံ ချမှတ်ပေးပြီးရင် သတ်မှတ်ချက် တစ်ခုချင်း ဘယ်လိုပြောင်းလဲလို့ ရမလဲ။ ပြောင်းလိုက်ရင် ဘယ်လိုနေမလဲ ဆို တာတွေကို စဉ်းစားရပါတယ်။ ပြောင်းလဲမှု တစ်ခုချင်းအရ စဉ်းစားပေးပြီးရင် ပြောင်းလဲမှု တွေ ပေါင်းစပ်ကာ စဉ်းစားပေးရမှာ ဖြစ်ပါတယ်။

● ဗုံးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိမလဲ။ သုံးစွဲတဲ့အခါ ဘယ်လိုဖြစ်သွားနိုင် သလဲ။
● အရွယ်သေးပေးလို့ ရမလား။ ကားနောက် ဖုံးထဲ ထည့်လို့ ရတဲ့ အရွယ်မျိုး သေးပေးလို့ ရမလား။
● သေးသေးမွှားမွှားကလေး လုပ်လို့ရမလား။ လက်သန်း တစ်ဆစ်စာလောက်ကလေး လုပ်လို့ ရမလား။
● အရမ်းကို သေးပစ်လိုက်လို့ ရမလား ဆေးထိုးအပ်ထဲ ထည့်ပြီး ထိုးလို့ရတဲ့အရွယ် အထိ လုပ်လို့ ရမလား။
● ပေါက်ကွဲပုံကို ဘယ်လိုမြင်ရမလဲ။ ဖုန်ထုကြီး ထောင်းထောင်းထမှာလား။ လင်းခနဲ တစ်ချက် ဖြစ်မှာလား။ ၀ုန်းခနဲ ပေါက်ကွဲမှာလား။
● ပိုကြီးအောင်လုပ်မလား(ကမ္ဘာပျက်မယ့်ဗုံး)
● ပိုပြင်းထန်အောင် လုပ်မလား(ထွက်ပေါ် လာတဲ့ တိမ်ထုကြီးနဲ့ ထိသမျှ အကုန်လုံး ရစရာ မရှိအောင် ပျက်စီး)
● ပေါ့ပေါ့ပါးပါးဖြင့် ဖျက်ဆီးစေမှာလား( လေ ထဲ ရေဒီယိုဓာတ်သတ္တိကြွပြီး အန္တရာယ်ပြု)
● ပုံပန်းသဏ္ဌာန်က ဘယ်လိုလဲ(ပင်ပေါင်လို လုံးလုံးလား။ ဆေးလိပ်လို ရှည်ရှည်လား)
● ဘယ်အတိုင်းအတာအထိ ဖျက်ဆီးမလဲ (ပေါက်ကွဲတာ အရမ်းကို ကျယ်ပြန့်မှာ လား။ ပေအနည်းငယ်ပဲ ပျက်စီးမှာလား။ တစ်လက်မပတ်လည်ပဲလား)
● ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်မယ့် အပူကို ဘယ်လောက် ထားပေးမလဲ (ဗဟိုချက်က ဝေးလေ ပိုပူလေ၊ အနားသတ်မှာ ပူလွန်း လို့ ပလပ်စမာ ဓာတ်ငွေ့ဖြစ်သွား)
● မြင်တွေ့ရပုံ(လှပ၊ မီးကျည်မီးပန်း၊ ဖုန်လုံး ထုကြီး)
● ကောင်ကျိုးဖြစ်ထွန်းစေတဲ့ ဖျက်ဆီးမှု(ဗုံးခွဲ တဲ့ နေရာတစ်ဝိုက်မှာ ရောဂါဘယ ဖြစ်ပွား စေတဲ့ ပိုးမွှားတွေ အကုန်လုံး သေကြေ)
● အမြန်နှုန်းနဲ့ ရွေ့လျားမှု (ထွက်ပြေးဖို့ အချိန်မရ၊ ပြေးနိုင်ရင် လွတ်တယ်)
● ပေါက်ကွဲစေတဲ့ စည်းကမ်း(စနက်တံ ဖြုတ် ရင် ပေါက်ကွဲ၊ ဆောင့်လိုက်ရင် ပေါက်ကွဲ၊ အနားမှာ ဟတ်ချိုး နှာချီရင် ပေါက်ကွဲ)
● ဘေးထွက်အကျိုးသက်ရောက်မှုများ (ကောင်းကျိုးများ၊ ဆိုးကျိုးများ၊ ယင်း အကျိုး မည်မျှကြာကြာတည်တံ့၊ ယင်းအကျိုး ကူးစက်သက်ရောက်မှုများ၊ ဥပမာ ဗုံဒဏ်ထိသဖြင့် ရောဂါတစ်မျိုးရရှိ၊ ယင်းရောဂါသည် အနီးရှိသူတို့ကို ကူးစက်၊ သို့မဟုတ် ဆီးချိုကဲ့သို့ မျိုးရိုးလိုက်ပြီး ကူးစက် စသဖြင့် . . )
● ဘေးထွက်ပစ္စည်းများ (ကောင်းတဲ့ဟာ၊ ဆိုး တဲ့ဟာ၊ ချော်ခဲများ၊ ယခင်က မရှိခဲ့ဖူးသည့် ပစ္စည်းသစ်ဖြစ်ပေါ်)
● ဗုံးဒဏ်မှ ပေးသည့် ဒုက္ခများ(ပြာနဲ့ မီးခိုးလုံး တို့မှာ အဆိပ်သင့်နိုင်စွမ်းရှိနေ၊ ရှူသွင်း လိုက်တဲ့ လေထဲပါလာရင် အသက်ရှူကျပ်)

အခုဖော်ပြတဲ့ အချက်အလက်တွေကို အလွတ်သဘော ပြောဆိုရင်း ဖော်ထုတ်တာ နာရီဝက်လောက် ကြာပါတယ်။ နျူးကလီးယား ဗုံးတစ်လုံးဆိုတဲ့ စကားလုံးကနေ ပွားများလိုက် ကြတာတွေ ဖြစ်ပါတယ်။ ဆက်လက်စဉ်းစား မယ်ဆိုရင် နောက်ထပ် အချက်အလက်တွေ အခိုင်လိုက် ထပ်ရဦးမှာပါ။

လက်တွေ့ဘ၀မှာ သိထားတာတွေရဲ့ ကန့်သတ်မှုတွေကို မေ့ထားလိုက်ပါ။ ထည့် မစဉ်းစားပါနဲ့။ ဥပမာ နျူးကလီးယားဗုံး ပေါက် ကွဲတာ တစ်လက်မ ပတ်လည်ပဲ ပျက်စီးမယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ ရယ်သွမ်းသွေးခြင်း မပြု ပါနဲ့။ လွတ်လပ်စွာ စဉ်းစားခွင့် ရှိရပါမယ်။ အဲဒါ မွေးရာပါ အခွင့်အရေးဖြစ်ပြီး ဘယ်သူကမှ ပိတ် ပင်တားဆီးလို့ မရပါဘူး။ ကိုယ့်စိတ်ထဲ လွတ် လပ်စွာ တွေးနေလို့ ရပါတယ်။ အတွေးရဲရဲဖြင့် အတွေးရိုင်းရိုင်းတွေကို တွေးပြီး ပွားများပါ။ ကန့်သတ်ချုပ်ချယ်ထားတာတွေကို ဖောက်ထွက် လိုက်စမ်းပါ။
တွေးတောကြံဆတာတွေက ဖန်တစ်ရာ ထေပြီးသားထဲက မထွက်ရင် ထွက်အောင်လုပ် ပါ။ ပုံစံခွက်ကြီးထဲကနေ ခုန်ထွက်ပါ။ လက် တွေ့ ဘဝမှာ လုပ်ကိုင်ဖို့လို့ မယူဆဘဲ ဖြစ်ချင် ရာဖြစ်၊ လုပ်ချင်ရာလုပ်လို့ရတဲ့ ဂိမ်းထဲက ဘ၀ များစွာအတွက်လို့ ယူဆပြီး စဉ်းစားပေးပါ။

ကမ္ဘာကြီး အနွှေးခံရလို့ ပူနွေးလာနေတယ်။ မိုးလေဝသနဲ့ ရာသီဥတုတွေ ဖောက်ပြန်ကုန် တယ်။ ဥတုရာသီဖောက်ပြန်ပြောင်းလဲမှု(climate change)လူတိုင်းအပေါ်သက်ရောက်နေတယ်။ ဒီတော့ အခြေအနေတွေကို စဉ်းစားတဲ့အခါ ရာသီဖောက်ပြန်မှုကိုလည်း ထည့်သွင်း စဉ်းစား ပေးရမယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူလုပ် ပတ်ဝန်းကျင်တို့ ရောထွေးနေတယ်။ ဒီတော့ အဲဒီ ပတ်ဝန်းကျင်နှစ်ခုစလုံးကို ထည့်သွင်း စဉ်းစားဖို့ လိုတယ်။ ဥပမာ ပစ္စည်းပေးပို့မယ် ဆိုရင် သဘာဝပတ်ဝန်းကျင်မှာ နေပူတာ၊ မိုးရွာ တာတွေ ထည့်စဉ်းစားရမယ်။ လူလုပ်ပတ်ဝန်း ကျင်မှာ ယာဉ်ကြောကျပ်တာ မကျပ်တာကို စဉ်းစားရမယ်။ အဲဒီလို စဉ်းစားတာမှာ ကိုယ်က ဘာမှ လုပ်ပေးလို့ မရနိုင်တာတွေ ရှိနေရင် သတိပြုမိဖို့ လိုတယ်။ မိုးရွာနေတာကို နေပူ အောင် လုပ်လို့မရဘူး။ ယာဉ်ကြောကျပ်နေတာ ကို ဘာမှ လုပ်လို့ မရဘူး။

နမူနာအဖြစ် ဂိမ်းဖန်တီးတဲ့အခါ အခြေ အနေတွေကို ပြောင်းလဲပေးပြီး စဉ်းစားတာကို ဖော်ပြလိုပါတယ်။
● ကြုံရမယ့် ရာသီဥတုကို ဆိုးဝါးတယ်လို့ ယူ ဆခြင်း(မိုးသည်းထန်စွာ ရွာသွန်း)
● ပတ်ဝန်းကျင်နဲ့ တည်နေရာကို ပြောင်းရွှေ့ (လေယာဉ်ကွင်းလို မြေပြောင်ပြောင်မှာ ဆင်းရမှာ ဖြစ်ပေမဲ့ ခွေးနားရွက်ပေါ် ထိုးဆင်းလိုက်ရခြင်း)
● အမြင့်ကို ပြောင်းလဲ (အသူရာချောက်ထဲ ရောက်ရှိနေ)
● မျက်နှာမူရာ ပြောင်းလဲ (မြောက်လေ အတိုက်ကြမ်းလို့ မြောက်ဘက်ကို မျက်နှာ မမူ၊ အနောက်ဘက်က မွန်းလွဲကစလို့ နေ ထိုးလို့ အနောက်ဘက်ကို မျက်နှာမမူ)
● အကျ မနာပုံကို ပြောင်းလဲ (ကြောင်ကျဖြင့် ကျအောင် လုပ်၊ ခြေထောက်စုံလိုက် မကျ ဘဲ တစ်ဖက်ဖက်ဖြင့် အရင်ကျ၊ ကျတဲ့နေရာ က ခြေချော်တဲ့နေရာ၊ ရေစိုပြီး ချောနေ)
● မြေပြင်အစား ရေပြင်ဖြစ်နေ(ရေကြီးပြီး ရေ ပြင်ကြီး ဖြစ်နေ)
● အချိန်ကာလ ပြောင်းလဲ(နံနက်ဖက် ရောင်း ရတဲ့ မုန့်ဟင်းခါးကို ည ၁၀ နာရီကျမှ စတင် ရောင်းချ၊ ညကလပ်သွားကြသူတွေ လာစား ကြ)
● ခေတ်ကာလ ပြောင်းလဲ( တစ်ချိန်က ရေ ပန်းစားခဲ့တဲ့ ၀တ်စားဆင်ယင်မှု ယခု ပြန် သုံး၊လာမယ့် အနာဂတ် လူနေမှုပုံစံနဲ့ ကိုက် ညီမယ့် အသုံးအဆောင်)
● ရနိုင်မယ့် လက်နက်ကိရိယာပြောင်းလဲ (ပိုမို ခေတ်မီတဲ့ အိုင်တီကို သုံးစွဲ၊ မီးမလာ လည်း လုပ်ကိုင်နေလို့ ရတာကို သုံးစွဲ၊ နေရောင်ခြည်စွမ်းအင်နဲ့ လုပ်ကိုင်ရတာကို တွဲဘက်သုံးစွဲ)

တစ်ကိုယ်တော်
ဦးနှောက်မုန်တိုင်းထန်ခြင်း

**********

ဦးနှောက်မုန်တိုင်းထန်ခြင်း ဆိုတာကို အဖွဲ့ ဖွဲ့ပြီး လုပ်ကိုင်ကြရတယ်လို့ ထင်ကြပါ တယ်။ တကယ်တော့ တစ်ယောက်တည်း ဦးနှောက် မုန်တိုင်းထန်လို့လည်း ရပါတယ်။ မိမိ ရရှိထားတဲ့ စိတ်ကူးအကြံတွေ အကုန်လုံးကို မိမိဘာသာ တွေးတောဆင်ခြင်ပြီး ရှုထောင့် အမျိုးစုံနိုင်သရွေ့ စုံအောင် ကြည့်ရှုစစ်ဆေး ပေးရပါတယ်။ မိမိရရှိထားတဲ့ အကြံနဲ့ အမြင် တို့ကို မေးခွန်းတွေ ထုတ်ရပါတယ်။
ဥပမာအားဖြင့် ––
● ဒီစိတ်ကူးနဲ့ ဘာကို ပြီးမြောက်အောင်လုပ်ဖို့ ကြိုးစားတာလဲ။
● လိုလားတဲ့ ရလဒ်တွေက ဘာတွေလဲ။
● စိတ်ကူးမိတဲ့ဟာက ဖန်တစ်ရာထေအောင် သုံးနေကျလား။
● တခြား ပိုကောင်းတဲ့ဟာကို မကြံဆနိုင်တော့ ဘူးလား။
● တခြားနည်းလမ်း ဘယ်နှမျိုး ရှိသလဲ။
● အဲဒီနည်းတွေက လောလောဆယ်ကြုံနေရ တဲ့ အခြေအနေမှာ အသုံးတည့်ရဲ့လား။ တခြား အချိန်အခါကျမှ အသုံးတည့်မှာလား။
● အခြေအနေမှာ ပါဝင်နေတဲ့ အချင်းအရာတွေ ကို ပြောင်းလဲပေးနိုင်သလား။ ဥပမာ ပတ်ဝန်းကျင်က တစ်မျိုးတစ်ဖုံ ဖြစ်နေမယ် ဆိုရင် ဘယ်လိုနေမလဲ။ ပါဝင်တဲ့သူတွေ စိတ်ထားပြောင်းရင် ဘယ်လိုနေမလဲ။ ပါဝင် တဲ့ ပစ္စည်းကိရိယာကို ပြောင်းလိုက်ရင် ဘယ်လိုနေမလဲ။
● ပါဝင်လုပ်ကိုင်မယ့်သူတွေကို ဘယ်လောက် အထိ လွှတ်ပေးထားမလဲ။
● သုံးစွဲသူ၊ ဖောက်သည်၊ မိတ် စတဲ့သူတွေ ဘက်မှ ဘယ်လို သဘောရကြမလဲ။ သူတို့ ရဲ့ အတွေ့အကြုံတွေက ဘာတွေလဲ။
အခုလို မေးခွန်းတွေ မေးမြန်းပြီး အဖြေ တွေ ထုတ်ကာ ချဲ့ထွင်ပွားများရပါမယ်။

Read times
Rate this item
(1 Vote)